Friday, December 27, 2019

" Sky Lodge Ngapali "

အလုပ်ပိတ်ရက် ​ကျောင်းပိတ်ရက်​တွေများ​နေသလား.. ငပလီကို လှမ်းလာခဲ့ဖို့ ဖိတ်​ခေါ်ပါတယ်​နော် " Sky Lodge Ngapali " Hotelသစ် ဖွင့်ပွဲအ​နေနဲ့ တစ်ညကို ၃၅၀၀၀ကျပ်နဲ့ ​စျေး​လျှော့​ပေးထားပါတယ် ​နေရာက​တော့ ငပလီရဲ့အချက်အချာကျတဲ့ hotel zoneဖြစ်တဲ့ မြပြင်ရပ်ကွက်မှာပါ ​ကမ်း​ခြေကိုလမ်း​လျှောက်သွားမယ်ဆိုရင် ၅မိနစ်ထက်မပိုပါဘူး​နော် လာမယ်ဆိုရင် ဖုန်း​လေးသာ ဆက်လိုက်ပါလို့... 09450060250 #Sky Lodge Ngapali  ...

Friday, October 18, 2019

ရင္ဘတ္ထဲကလူ -( ၁၁)

  အလွမ်းတွေက မိုးလိုအုံ့တော့ ပြိုဖို့အတွက် စောင့်ရတဲ့အချိန်တွေက ကြာလွန်းတယ်.. အချစ်ရှိရာဆီ သွားဖို့ ပုံမှန်နှုန်း ကီလို၆၀ဆိုပေမယ့် နင်းမိတဲ့ လီဗာအရှိန်က ၁၀၁ကီလို ကွဲကွာခြင်းအပူချိန် ၄၂ဒီဂရီမှာ သူ့ရဲ့လောင်မြိုက်မှုတွေက ခုလောက်ဆို.. ပြာကျလောက်ရောပေါ့ ကိုယ်ချင်းစာပါတယ် ကိုယ်သာ ' မိုး'ဆိုရင် သည်းသည်းမဲမဲ ရွာချပေးလိုက်ချင်ပြီ ချစ်သူတစ်ကိုယ်လုံး အလွမ်းတွေ အနမ်းအဖြစ်နဲ့ ရွှဲရွှဲစိုစေတော့ကွယ် ********** နမ်းမဝ(ရင်ဘတ်ထဲကလူ - ၁...

Tuesday, September 17, 2019

ရင်ဘတ်ထဲကလူ( အက်ဆေး ၁၁)

အလွမ်းတွေက မိုးလိုအုံ့တော့ ပြိုဖို့အတွက် စောင့်ရတဲ့အချိန်တွေက ကြာလွန်းတယ်..အချစ်ရှိရာဆီ သွားဖို့ ပုံမှန်နှုန်း ကီလို၆၀ဆိုပေမယ့် နင်းမိတဲ့ လီဗာအရှိန်က၁၀၁ကီလို ကွဲကွာခြင်းအပူချိန် ၄၂ဒီဂရီမှာ သူ့ရဲ့လောင်မြိုက်မှုတွေက ခုလောက်ဆို..ပြာကျလောက်ရောပေါ့ ကိုယ်ချင်းစာပါတယ်ကိုယ်သာ ' မိုး'ဆိုရင် သည်းသည်းမဲမဲရွာချပေးလိုက်ချင်ပြီချစ်သူတစ်ကိုယ်လုံး အလွမ်းတွေ အနမ်းအဖြစ်နဲ့ရွှဲရွှဲစိုစေတော့ကွယ် **********နမ်းမဝ(ရင်ဘတ်ထဲကလူ - ...

Friday, August 30, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး -၁၀)

နှလုံးသားအနောက်တည့်တည့် ကျောပြင်မှာ "ချစ်တယ်.." ဆိုတဲ့ စာလုံးကို တက်တူး ထိုးချင်လိုက်တာ.. ကျမ မောင့်ကို ကျောပေးနေမိတဲ့အခါ ကျမ ချစ်တာကို မောင် သိမြင်နေရအောင်ပါ.. ကျမအကြောင်း မောင် မသိတာ မရှိသလို.. မောင် ဘယ်သွားသွား ကျမသိအောင် ဖုန်းလေးနဲ့ videoရိုက်ပို့ပေးတော့.. Videoထဲမှာ ပေါ်နေတဲ့ မောင့်အရိပ်လေးကို ကျမ လိုက်ကြည့်နေခဲ့ရတာပါ မောင်က မေးတယ် 'ရှုခင်းတွေကို မြင်ရလား' တဲ့ မြင်ရဘူး.. ကျမမြင်တာ.. မောင့်ရဲ့အရိပ်လေး.. ဆိုတော့ မောင် ပြုံးသွားမယ် ဆိုတာ ကျမသိတာပေါ့ကွယ် တစ်နေ့ တစ်နေ့ .. မောင်ပြုံးပျော်အောင် လုပ်ရတာလည်း မောင့်အပေါ်ချစ်တဲ့ ကျမရဲ့ အချစ်တွေပဲပေါ့ ချစ်တယ်.. မောင့်ကိုလည်း ချစ်တယ် မောင့်အရိပ်လေးကိုလည်း ချစ်တယ်.. မောင့်ကိုယ်သင်းနံ့လေးကိုလည်း ချစ်တယ်.. မောင်နဲ့ ပတ်သက်လာရင် မောင့်ခြေဖုဝါးအောက်က မောင်နင်းထားတဲ့ မြေမှုန်လေးတွေကိုတောင် ချစ်တယ်ကွယ်......

Thursday, August 22, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး ၉)

ဘဝမှာအကြည်နူးဆုံးအရာကို ပြောပါဆိုရင် ..မောင့်မွေးနေ့မှာ ကျမလက်ပေါ် သူ့လက်ကလေးကို ထပ်ရင်းမောင်ပေးခဲ့တဲ့ ဘဝတစ်သက်စာ ကတိလေးရယ်..ကျမကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားပြီး ဆံနွယ်လေးတွေကို ပွတ်သပ်ရင်း ကျမအတွက် ဘုရားစာလေးတွေကို ကျမဘဝ အေးချမ်းပါစေကြောင်း မောင်ဆုတောင်းရွတ်ဆိုပေးခဲ့တယ်.မောင့်မွေးနေ့မှာ မောင် ကျမကို ပေးခဲ့တဲ့ လက်ဆောင်လေးနှစ်ခုပါကျမအတွက် ဘယ်တော့မှမမေ့နိုင်တဲ့ တစ်သက်စာ အမှတ်တရပါ မောင်ဒီလို လူကြီးဆန်တဲ့ စိတ်ကူးမျိုး ဘယ်သူတွေးမိမှာလဲကွယ်မောင့်အချစ်က တည်ငြိမ်တယ်..မောင့်ရဲ့အေးချမ်းလှတဲ့ မေတ္တာကကျမကို ကြည်နူးစေတယ်မောင့်ရင်ခွင်ထဲ မှေးစက်ရတာ ကျမအတွက်ငြိမ်းချမ်းလိုက်တာ..မောင်က လူကြီးသိပ်ဆန်တယ်တစ်ကယ်ဆို ကျမက မောင့်ထက် ရင့်ကျက်သင့်တယ်ဆိုပေမယ့်အကြင်နာငတ်မွတ်နေတဲ့ ကျမအတွက်မောင့်အကြင်နာတွေ.. ဂရုစိုက်မှုတွေ..နွေးထွေးလုံခြုံတဲ့ မောင့်မေတ္တာရိပ်အောက်မှာ ကလေးဆိုးလေးတစ်ယောက်လို...

Thursday, August 1, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး- ၈)

'ချစ်ရေ...' ဆိုတဲ့ ခေါ်သံလေးကအရှေ့ အနောက် တောင် မြောက်.. ဘယ်အရပ်ဆီက လာနေမှန်းမသိ.. နားထဲမှာ ပဲ့တင်ထပ်နေလောက်အောင် သတိရနေမိတာက မောင့်ရဲ့ခေါ်သံကိုပါ.. ခဏတာ ခွဲရတယ်ဆိုပေမယ့် ပိုချစ်တတ်သူက ပိုလွမ်းတယ် ..တခြားယောက်ျားလေးတွေလို နေရာတကာဓာတ်ပုံရိုက်လေ့မရှိတဲ့မောင်ဟာ.. ကျမကြောင့် ဘယ်သွားသွား ဘာလုပ်လုပ် ဓာတ်ပုံရိုက်တတ်လာတယ် ကျမက သဝန်တိုတတ်သူမို့ သံသယကင်းအောင်' မောင် ဘယ်ဆိုင်မှာ ချစ်ရေ.. '' မောင် ဘယ်ရောက်နေပြီ ချစ်ရေ..' ' မောင် ဘာလုပ်နေတယ် ချစ်ရေ..' ဆိုတဲ့ စာကြောင်းလေးနဲ့အတူ ဓာတ်ပုံလေးတွေ ပို့ပေးတတ်သူ 'အဲဒီပုံတွေမကြည့်ချင်ဘူး မောင့်ကိုပဲကြည့်ချင်တာ' လို့ ကျမ ဂျီကျတော့ ဘယ်တော့မှ မပြုံးတဲ့ မောင့်မျက်နှာပုံကို လူကြားထဲရိုက်ပြီး ပို့ပေးရှာတယ် ကျမနဲ့တွေ့မှ ဆယ်ဖီဆွဲနေရတဲ့ မောင့်ကို ကြိတ်ပြုံးရင်း ကျမ သိပ်ချစ်ခဲ့ရတာပါ မောင်ခရီးသွားတော့ မောင်ရောက်နေတဲ့နေရာ ဆိုပြီး...

Friday, July 26, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး ၇)

မောင်ရေ.. အဝေးရောက်နေတဲ့အချိန်တွေမှာ မောင့်မျက်လုံးထဲမှာ လှနေတဲ့ကျမကို စိတ်မချဖြစ်နေတယ်မဟုတ်လား.. မောင်စိတ်ချမ်းသာအောင်ကျမ နှုတ်ခမ်းနီတွေ ပါးနီတွေ မဆိုးတော့ဘူးနော်ခါတိုင်းထက်ပိုပြီး လိမ္မာပြမယ်လို့ စိတ်ကူးလိုက်ရင်ပဲ.. ကြည်နူးစိတ်လေး ဖြတ်ကနဲ ပြေးသွားခဲ့တယ်..မောင့်ခံစားချက်လေးကိုလည်း ကျမသိချင်လိုက်တာ...မောင်ရေ.. လူချင်းဝေးနေရတယ်ဆိုပေမယ့် နှလုံးသားချင်းနီးနေတယ်ဆိုတာကို ယုံ.. F O R E V E R ဆိုတဲ့ စကားလုံးက ကျမတို့နှစ်ယောက်အတွက်နော် အလုပ်ချိန်တွေမှာ ကျမကို သတိမရပါနဲ့ မောင့်အလုပ်မှာ အမှားပါမှာစိုးလို့ပါ ကျမနဲ့ဝေးနေချိန်မှာ ကျန်းမာရေးကို ဂရုစိုက်ပါ မောင့်ကို ပြုစုမယ့်သူ ဆေးတိုက်မယ့်သူ မရှိမှာစိုးလို့ပါ မောင်ရေ.. အလုပ်တွေပြီးရင်တော့ ကျမဆီကို ပြေးလာခဲ့ပါနော် အလွမ်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ မောင့်ကို ကျမစောင့်နေမယ်..ခဏတာ ခွဲရပေမယ့်တစ်ဘဝစာ ဘယ်တော့မှမဝေးဘူးနှလုံးသားထဲမှာ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger