ကျမရဲ့ကုမ္ပဏီက ရိုက်ကူးထုတ်လုပ်တဲ့ “နွေလေရူးနှင့်ပိတောက်ဖူး” VCD သင်္ကြန်ဇာတ်ကားအတွက် ကျမတို့ရုပ်ရှင်အဖွဲ့သားများဟာ (၁၁)ရက်ကြာရိုက်ကူးရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို အမှတ်တရတင်ပြလိုက်ပါတယ်။
အတွင်းရန်သူနှင့်အပြင်ရန်သူနှစ်မျိုးရှိသည်။အပြင်ရန်သူမှာ ရှောင်ရန်လွယ်ကူသော်လည်း အတွင်းရန်သူကားရှောင်ရန်မလွယ်ကူပေ။ရပ်ကွက်တခု၌မိမိရန်သူရှိနေသည်ကို သိပါက ထိုရပ်ကွက်ကိုရှောင်သွားလျှင် လွတ်သည်သာဖြစ်၏။
ဝိုင်နီနီတခွက်နဲ့ လရောင်ပြုစားမှုတို့အောက်ပေါက်ကွဲထွက်ကျဖျက်မရတဲ့ စွဲလန်းမှုတို့နောက်စိတ်ဆန္ဒအလျောက်.. သခင့်အလိုတော်ကျလိုသလိုပျံသန်းနှလုံးသားတွင်းဖြတ်သန်းသွားလာခွင့်ပြုလိုက်သည် ခွင့်ပြုချက်ရယူရန်မလို....
တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ ကျီးမနိုးပွဲများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကို.....







ချစ်သူစုံတွဲတွေဟာလည်း “Rock of Aphrodite” လို့ခေါ်တဲ့ ကျောက်တုံးကြီးပေါ်မှာ ကိုယ့်ရဲ့ဆန္ဒကိုချရေးကာ၊ အဲဒီကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီး ချစ်သူတွေ ဆုံဆည်းကြဖို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့သိရပါတယ်။
အဲဒီကျောက်တုံးကြီးရဲ့မျက်နှာပြင်မှာ ချစ်သူစုံတွဲတွေရဲ့အမှတ်တရရေးထားတဲ့ စာတန်းလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ နောက်တခုက “အက်ဖရိုဒိုက်”မင်းသမီးလေးရေချိုးတဲ့ Bath of Aphrodite က စိမ့်စမ်းရေနဲ့မျက်နှာသစ်ရင် မျက်နှာပွင့်လန်းတယ်..တဲ့။ ပြီးတော့ မင်းသမီးလေးစီးခဲ့တဲ့
ရွှေဝေါယာဉ်ကြီးကိုလည်း အဲဒီရေတံခွန်လျှိုလေးရဲ့အောက်မှာ သိုက်ပစ္စည်းအဖြစ်နဲ့ နစ်မြုတ်နေဆဲလို့ဒေသခံတွေက ယုံကြည်ကြတယ်။အင်း.......ပုံပြောရတာလဲ မောသွားပြီ ၊ အချစ်ရာဇဝင်လေးတွေနဲ့ပြည့်နှက်နေတဲ့ “ဆိုက်ပရပ်စ်”ကိုရောက်ရင် “Rock of Aphrodite” ကျောက်တုံးကြီးပေါ်မှာ စာရေးပြီး ကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီးဆုတောင်းဖို့ရယ်..၊ “Bath of Aphrodite”က စိမ့်စမ်းရေနဲ့ မျက်နှာသစ်ဖို့ မမေ့ကြနဲ့နော်...။


ကျွန်မရဲ့ စိတ်ကူးယဉ်ပြတိုက်လေး
လက်ရှိအခြေအနေက ရုန်းကန်နေရတဲ့ကျွန်မဘဝအတွက် စိတ်ထဲမှာမွန်းကြပ်လာရင် စာရွက်ဖြူဖြူလေးပေါ်မှာ ခံစားချက်တွေ ချရေးတတ်ခဲ့တယ် ။ မတောက်တခေါက် ပညာလေးနဲ့ ကဗျာလေးတွေရေးခဲ့ဘူးပါတယ် ။ ဘယ်သွားသွား ကျွန်မနဲ့ အတူရှိနေတာကတော့ ကျွန်မရဲ့ အဖော် ကင်မရာလေးတစ်လုံးပါပဲ ။ တွေ့တဲ့နေရာမှာ ဓါတ်ပုံရိုက်တတ်တဲ့ အကျင့်လေးနဲ့ ကျွန်မရဲ့ စိတ်ကူးယဉ် ခံစားချက် ပြတိုက်လေးကို ဓါတ်ပုံလေးများနဲ့အလှဆင်ထားတာ စာဖတ်သူများ နားလည်ပေးစေချင်ပါတယ် ။
လာလည်သူ အားလုံးကိုလည်း နွေးထွေးစွာဖြင့် “ အဖြူရောင်နတ်သမီး ” မှ
ကြိုဆိုနေပါတယ်ရှင် ။(“အဖြူရောင်နတ်သမီး”ဆိုတာ Blog ရဲ့အမည်မျှသာဖြစ်ပါတယ်၊စာရေးသူ ကျမ၏ အမည်မဟုတ်ပါ)ဓာတ်ပုံတွေထည့်ရတဲ့အကြောင်းကတော့...ကျမက ငယ်ငယ်ကတည်းက အနုပညာကိုဝါသနာပါတယ်၊ ကျောင်းဘင်ခရာဆိုလည်းပါလိုက်တာပဲ၊ သီချင်းဆိုပြိုင်ပွဲဆိုလည်း ပါလိုက်တာပဲ၊အရွယ်ရောက်လာတော့ ကာလာအိုကေဆိုင် သွားရင်ရှေ့ဆုံးကပေါ့၊ မိုက်ကရိုဖုန်းကိုမချတော့တာ၊အဲဒီကနေတဆင့်တက်ပြီး စီးပွားရေးလုပ်တော့လည်း အနုပညာကိုရူးသွပ်မိတဲ့ကျမတစ်ယောက်(ထုတ်လုပ်သူဘဝနဲ့ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီတစ်ခုကိုထူထောင်မိပြန်ပါတယ်၊ဗီဒီယိုဈေးကွက်ဆိုတာကိုဂရုမစိုက်ပဲ အနုပညာကိုရူးသွပ်မိတဲ့အတွက်ပွဲဦးထွက်မှာခွက်ခွက်လန်အောင်ရှုံးခဲ့ဖူးပါတယ်။နောက်ပိုင်းတော့လည်း ဈေးကွက် စီးပွားရေးကိုနားလည်သွားခဲ့ရင်းကျောက်တံတားမြို့နယ်မှာကျမရဲ့ဗီဒီယိုကုမ္ပဏီဟာအခုအချိန်ထိတည်ရှိနေဆဲပါ။အဲဒီကနေတဆင့်တက်ပြီး Faces မဂ္ဂဇင်းမှာ Follow Me (Green Tea Shampoo)ကြော်ငြာအတွက် ဆံပင်ကိုယ်ဟန်ပြမယ်ဖြစ်လာခဲ့ပါတယ်၊ ဆူပါမတ်ကက်တွေက Follow Me (Green Tea Shampoo)ကောင်တာတွေမှာ၊ Shampoo ဘူးတွေပေါ်မှာ၊ ကျမရဲ့ဓာတ်ပုံတွေ ပလူပျံခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ VCD ရိုက်တဲ့အဆင့်ထိ ပိုးဝင်လာတာကြောင့် ကျမရဲ့အုပ်ထိန်းသူ အဒေါ်( )က..ကျမကို ဆိုက်ပရပ်စ်(Cyprus) နိုင်ငံကို တွန်းပို့လိုက်တော့တာပါပဲ..။(သူက ကျမကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအသိုင်းအဝိုင်းမှာ မမြင်ချင်ဘူးလေ)။ကျမဝန်ခံပါတယ်၊ ကျမရဲ့စိတ်က ကြော်ကြားချင်တယ်၊မဟုတ်မခံ၊မရရအောင်လုပ်တတ်တယ်၊မဖြစ်ဖြစ်အောင်လုပ်တတ်တယ်၊အညှိုးအတေးကြီးတယ်၊အဒေါ်ကိုမလွန်ဆန်နိုင်လို့သာ ဒီလောကကိုစွန့်ခွာခဲ့ရပေမဲ့ တစ်နေ့ တနည်းနည်းနဲ့ ကျမကို လူတွေသိရမယ်ဆိုတဲ့ ခံစားချက်လေးကျမမှာရှိနေခဲ့တယ်၊ အဲဒီအတွက် ကျမရေးတဲ့ post တိုင်းမှာ အဒေါ်ကိုရွဲ့ချင်တဲ့စိတ်နဲ့ ဓာတ်ပုံတွေကို (အသရေဖျက်ခံရလောက်အောင်) တင်ခဲ့မိပါတယ်။နောက်တစ်ခုက ကျမ အလုပ်ပင်ပမ်းတဲ့အခါမျိုး၊ ရင်ထဲက စကားတွေကို ဖွင့်ထုတ်ပြစ်ချင်တဲ့ အခါမျိုးတွေမှာ စာတွေရေးဖြစ်လာတယ်၊တခါတလေ ကျမ ဖြတ်သန်းကျင်လည်နေရတဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ၊ ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ နဲ့ကဗျာအတိုအထွာလေးတွေကို(ဝါသနာအရ) မတတ်တခေါက်ရေးခဲ့ရင်း“ Blogger” လို့အမည်တတ်ထားတဲ့ ဒီလောကထဲကိုရောက်လာခဲ့ပါတယ်။အမှန်မှာတော့ ကျမ စာရေးတတ်၍ ရေးခြင်းမဟုတ်ပါ၊စာရေးချင်၍ ရေးခြင်းသာဖြစ်ပါသည်။ဟို...ဝေဖန်ရေးဆရာပြောသလို ကျမရေးသောစာများသည် အရည်အသွေးမှီချင်မှမှီပါလိမ့်မည်(သူပြောတာမှန်ပါသည်)။အဲဒီအတွက်..သူ့ဝေဖန်ချက်ကို (ခုတော့)ကျမစိတ်မဆိုးတော့ပါ။ ကျမဘက်ကနေ မခံမရပ်နိုင်ဖြစ်ပြီး သွေးပူခဲ့ကြတဲ့ Blogger မောင်နှမများအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိရင်း....တစ်ခုတော့ သံသရဖြစ်မိတယ်...ကျမရဲ့ဓာတ်ပုံတွေကြောင့် အဲဒီ“ဝေဖန်ရေး လူကြီးမင်း”ဟာဘာကြောင့် များ ဒီလောက်ထိ ဖြစ်သွားရတာလဲ ဆိုတာကိုပါ။ ထင်မြင်ချက်လေးများ...ပေးကြပါရန်။
(အကျင့်ပါနေလို့ ဓာတ်ပုံအချို့ကို ထပ်ပြီးထည့်သွင်းဖြော်ပလိုက်ပါတယ်...)
နတ်သမီး...ပုံပြင်(၁)



ကျွန်မကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇာတ်လမ်းလေးတပုဒ်ပါ။ ဇာတ်လမ်းထဲက ကောင်လေးက အသက်(၂၉)နှစ်ခန့်ရှိမည်..။ မင်းသမီးက (၃၄)နှစ်ခန့်ဖြစ်သည်။ စာဖတ်သူများအား မြင်အောင်ပြရလျှင်...နန္ဒာလှိုင် နှင့်သူထူးစံ တို့အရွယ်ဖြစ်သည်။ မင်းသမီးမှာ မင်းသားသူငယ်ချင်း၏ အဒေါ်ဖြစ်သည်..၊ တကိုယ်တည်း အပျိုကြီးဘဝနှင့် ဓာတ်ပုံရိုက်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော ကုမ္ပဏီပိုင်ရှင်တဦးဖြစ်သည်။ အလုပ်ကိစဖြင့် မင်းသားရှိသောမြို့သို့ရောက်လာရင်း..မင်းသားနှင့်တွေ့သည်..။မင်းသမီးသွားရာနေရာသို့ ဒေသခံဖြစ်သူ မင်းသား၏ သူငယ်ချင်းမှ လိုက်ပို့ရန်မအားသဖြင့် မင်းသားမှ ကူညီလိုက်ပို့ပေးရင်း ရင်းနှီးသွားကြသည်..။ မင်းသမီးနှင့်အတူ လိုက်ပါလာသော..(မင်းသားနှင့်ရွယ်တူ)တပည့်မလေးမှာ မင်းသားကိုစိတ်ဝင်စားနေသည်..။ မင်းသားကမူ(အသက်ကွာသော) “မမ”ကိုသာ စိတ်ဝင်စားသည်..။ “မောင်လေးနှင့် မမ ဇာတ်လမ်း” ဖြစ်သည်။ “မမ”ဓာတ်ပုံရိုက်ရာ နေရာများသို့ မောင်မောင် တကောက်ကောက်လိုက်သည်..။ အသက်အရွယ်ကွာသော်လည်း တယောက်နှင့်တယောက် သံယောဇဉ်တွယ်မိရင်း ချစ်သူတွေဖြစ်သွားပြီး မကြာလိုက်ပါ...ကံကြမ္မာက ချစ်သူနှစ်ဦးကို မျက်နှာသာမပေး..။ “မမ”တွင် ခေါင်းခနခနကိုက်သည့်ရောဂါရှိသည်..။ တနေ့ဓာတ်ပုံရိုက်နေရင်း...“မမ”မူးလဲသည်...ဆေးရုံမှ ဆေးစစ်ချက်အရ “မမ”တွင် ဦးနှောက်ကင်ဆာရောဂါရှိနေသည်..။ လူ့လောကတွင်ကြာကြာနေနိုင်ခွင့်မရှိဟု ဆရာဝန်မှ “မမ”အားပြောကြားချိန်တွင် အခန်းအပြင်မှ ခိုးနားထောင်နေသော “မောင်မောင်”တယောက် ရင်ကွဲမတတ်ခံစားရသည်..။ အခန်းတွင်းသို့ပြေးဝင်ပြီး ငိုနေသော “မမ”အား၊အားပေးသည်..။ “မမ”မဆုံးခင်အချိန်လေးမှာ သူတို့သိပ်ချစ်ကြသည်...၊ တနေ့တခြား “မမ”၏ ရောဂါ ပိုမိုဆိုးရွားလာသည်..။ “မမ”ကွယ်လွန်ခါနီး နောက်ဆုံးအချိန်တွင် “မမ” နှင့် မောင်မောင် ခြံထဲမှ ခုံတန်းလေးတွင်ထိုင်ရင်း စကားပြောကြသည့် ဇာတ်ဝင်ခန်းလေးကို ကျွန်မအကြိုက်ဆုံးဖြစ်သည်။ မောင်မောင်၏ ပခုံးပေါ်တွင် “မမ”၏ ခေါင်းလေးကိုမှီထားရင်း “မမ”တယောက်စကားတွေ အများကြီး ပြောခဲ့သည်။ ပြီးနောက်.........မောင်မောင့်ရင်ခွင်ထဲတွင် ခနအိပ်စက်ချင်သည်ဆိုပြီး..

(နမ်းမဝ)

http://www.youtube.com/watch?v=wZs-pqj3THkသိပ်ဆိုးတဲ့..နင်
ငါ့ကိုချစ်တယ် နင်ပြောခဲ့တုန်းက
ပွင့်နေတဲ့ပန်းကလေးတွေပိုမွှေးခဲ့ဖူးတယ်..။
ငါ့လက်ကိုစွဲလို့နင်လမ်းလျှောက်ထွက်ခဲ့တုန်းက
တိမ်တွေကင်းပြီးကြည်လင်ခဲ့ဖူးတယ်.....။
ငါ့နှဖူးလေးကို ဖွဖွလေး နင်နမ်းခဲ့တုန်းက
ငါတို့ဘေးက မြက်ခင်းစိမ်းလေးယိမ်းနွဲ့သွားခဲ့ဖူးတယ်...။
နင်..ငါ့ကိုသီချင်းဆိုပြခဲ့တုန်းက
ပင်လယ်လှိုင်းလုံးလေးတွေတောင်
ငြိမ်သက်ပြီး နားထောင်ခဲ့ကြဖူးတယ်....။
နင်...သိပ်ဆိုးတယ်.........ငါ့ကိုထားခဲ့တယ်.....
ငါအပါအဝင်
ကောင်းကင်ကြီးရဲ့အောက်က
ပိုမွှေးခဲ့ဖူးတဲ့ ပန်းကလေးတွေရယ်
အနမ်းတွေခြောက်သွေ့လုဆဲဆဲ နှဖူးလေးရယ်....
မြက်ခင်းစိမ်းလေးနဲ့ ပင်လယ်လှိုင်းလုံးလေးတွေကပါ...
နင့်ကိုလွမ်းနေကြတယ်...။
ငါ..နင့်ကိုလွမ်းနေတဲ့အကြောင်းကို...တိမ်တိုက်လေးက...ပြောပြပါလိမ့်မယ်....။



လူတစ်ယောက်ရှိတယ်..။သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ “လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ် ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။ မြားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။

တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....
မြန်မာပြည်က...သီတင်းကျွတ်ကိုလွမ်းရင်း...ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကို ရင်ထဲကနေ ရှိခိုးကန်တော့လိုက်ရပါသည်.။
