ဧည့်ကြိုအလုပ်အပြင် ဆိုင်(၃)ဆိုင်က ဝန်ထမ်းတွေရဲ့ ဝတ်စုံတွေကိုချုပ်ရ၊ လက်သုတ်ပုဝါ၊ စားပွဲခင်း၊ ထိုင်ခုံစွတ်၊ တွေကိုပါ တာဝန်ယူ ချုပ်လုပ်ပေးနေရတဲ့အထဲ အပိုအလုပ်တခုပါ ထပ်လုပ်နေရပါတယ်။
အဲဒါကတော့ ဆိုင်က ပန်းပင်လေးတွေကို ပြုစုပျိုးထောင်ပေးရတဲ့အလုပ်ဟာ ကိုယ့်ဝါသနာနဲ့ ဆက်နွယ်နေတဲ့အလုပ်မို့ ကျမပျော်ပါတယ်။
ကျမနေရတဲ့အခန်းမှာ ၄ပေပတ်လည်ပြတင်းပေါက်တစ်ခုပဲရှိတဲ့အတွက် ပန်းပင်လေးတွေစိုက်ချင်ပေမယ့်လည်း အခွင့်ရေးမရခဲ့ပါဘူး။
ခုတော့ ဆိုင်က ပန်းပင်လေးတွေကို ပြုစုစောင့်ရှောက်ရတဲ့တာဝန်ကို ကျမရရှိခဲ့တဲ့အတွက် ကိုယ်ပိုင်ပန်းဥယျာဉ်မဟုတ်ပေမယ့်လည်း “အငှါးဥယျာဉ်”အဖြစ် ပန်းပင်လေးတွေကြားမှာ ကျမအလုပ်များနေခဲ့ပါတယ်။
ကျမရဲ့ အလုပ်ထဲမှာ လူပင်ပမ်း၊ စိတ်ပင်ပမ်းသမျှတွေကို ပန်းပင်လေးတွေထဲမှာ နှစ်မြှုတ်ရင်း ၂လလောက်တော့ အလုပ်တွေအရမ်းများနေရပါအုံးမယ်။
ရေးစရာတွေလည်း စိတ်ကူးထဲမှာ အများကြီးရှိပေမယ့် ရေးဖို့အချိန်မရတာကြောင့် ကျမရဲ့ဘလော့ဂ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတို့အတွက် အဆာပြေပို့စ်လေးအဖြစ် up to date လုပ်ပေးလိုက်ပါတယ်နော်...။
အပေါ်ဆုံးကပုံလေးကတော့“အဖြူရောင်နတ်သမီး” လို့အမည်ပေးထားတဲ့ ဇီဇဝါ ပန်းလေးများပွင့်နေတဲ့ ဆိုင်အဝင်ဝက ပန်းအိုးလေးပါ။(ပန်းတွေထဲမှာ ကျမအကြိုက်ဆုံးပန်းလေးလည်းဖြစ်ပါတယ်)။
အုတ်နံရံမှာ ကပ်ပေါက်နေတဲ့“Lucky Plant” နွယ်ပင်လေးများနဲ့ “ရွှေလာငွေလာ” ပန်းအိုးလေးရှိတဲ့ Private Room ထဲက ရေတံခွန်လေးပါ။
အဲဒီရေတံခွန်လေးကို ဓာတ်ပုံရိုက်တဲ့ မျက်နှာချင်းဆိုင်အနေအထား နေရာပါ။
ဒီပန်းပင်လေးကို မှတ်မိကြအုံးမလားပဲ..၊ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျမခါးနာတဲ့အချိန်မှာ ဧည့်သည် Mr.David တို့လင်မယားက ကျမကို လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေးကို ပန်းအိုးကြီးထဲ ပြောင်းစိုက်ထားတာ..၊ အပင်လေးတွေက (၃)ဆလောက်ပိုပွားလာတယ်..။
(၁၂)လရာသီလုံး ပန်းပွင့်တဲ့ Petounia “ပက်တိုနီးယား”လို့ခေါ်တဲ့ ပန်းလေးတွေပါ..၊
ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ အဝါရောင်နဲ့ အရောင်စပ်ကြားတွေရှိပါတယ်။
အနံ့လေးက သင်းသင်းလေးပါ။
ကျမက လူတမျိုး...
“ပန်း” ဆိုရင် ပွင့်မှကြိုက်တယ်၊ တခါပွင့်ပြီး အကြာကြီးနေမှ နောက်တခါထပ်ပွင့်တဲ့ ပန်းပင်မျိုးကို မစိုက်ချင်ဘူး၊
ဒီပန်းလေးတွေကတော့ နေ့တိုင်းကိုပွင့်တာ.. အမုန်းပါပဲ..(ရွဲ့ပြီးတော့ကို ပွင့်ပေးနေသလားပဲ)
ကျမရဲ့ အငှါးပန်းဥယျာဉ်လေးကို Video File လေးနဲ့ အကျယ်ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်နော်..။
3:24 PM
လင်းထက်

























