Showing posts with label အဖြူရောင်နတ်သမီး မွေးနေ့. Show all posts
Showing posts with label အဖြူရောင်နတ်သမီး မွေးနေ့. Show all posts

Friday, November 19, 2010

“တန်ဆောင်မုန်းသူ”


“သန်မိုးကုန်စဲ၊
နှင်းသေးဖွဲသည်၊
ခဝဲပွင့်တုန်း၊
တန်ဆောင်မုန်း”
ဟုဆိုထားသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့သည်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ ကျီးမနိုးပွဲများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။ တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကို အဆိုးရသော နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။

“တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစေခြင်း ဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။ လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။

တန်ဆောင်မုန်းလသည် ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ တန်ဆောင်တိုင်ညသည် ဆေးပေါင်းခသောညဖြစ်သည်ဟု ယူဆပြီး မယ်ဇလီဖူးများကို သုတ်၍စားသည့်ဓလေ့မှာ ယ္ခုအချိန်ထိရှိနေဆဲဖြစ်သည်။ ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည်။

“အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ကျောင်းမှာ သိမ်” ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟုယုံကြည်ပါသည်။ ထိုသို့ကထိန်သင်္ကန်းကိုကပ်လှူသော သူတို့သည် “အနှောင်အဖွဲ့မှကင်းလွတ်ခြင်း”ဟူသောအကျိုးတရားများကို ရရှိနိုင်ပါသည်။

အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမိမိကထိန်ခင်းလိုသော ရက်ကိုေ၇ွးချယ်၍ မိမိတို့ကိုးကွယ်ရာ ဘုန်းကြီးကျောင်းများတွင် ဆွမ်း၊ ထမင်း၊ ဟင်းများကိုချက်ပြုတ်၍ ရဟန်းသံဃာတော်များအား အာရုံဆွမ်း ကပ်လှူလေ့ရှိသည်။

အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ်သည်။ မေမေပြောပြချက်အရ ကျမတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ညဘက် ဆွမ်း၊ ထမင်း၊ ဟင်းများချက်နေစဉ် ကျမကိုယ်ဝန်ကိုလွယ်ထားရသည့် မေမေမှာ ဗိုက်နာလာသဖြင့် ဆေးရုံသို့ပြေးခဲ့ရပြီး နောက်တနေ့(တနင်္ဂနွေ)နေ့နံနက် အာရုံတက်အချိန်တွင် ကျမကိုချောမောစွာ မွေးဖွားခဲ့သည်ဟုဆိုပါသည်။

လောကကြီးထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ဖေဖေဦးစိန်မောင်၊ မေမေ ဒေါ်အုန်းကြည်တို့၏ တဦးတည်းသော သမီး ဖြစ်သည့် ကျမအတွက် ဖေဖေကိုယ်တိုင် နာမည်ရွေးပေးခဲ့ပုံမှာ တနင်္ဂနွေနေ့ဖွား ဖြစ်သည့်အတွက် “အ” “ဥ”အက္ခရာများကို ဦးစားပေး၍ စဉ်းစားခဲ့ရာဝယ် ရာဇဝင်ဇာတ်တော်များထဲမှ တနင်္ဂနွေအမည်ဖြင့်စသော မင်းသမီးတပါး၏ အမည်ဖြစ်သည့် “ဥမ္မာဒန္တီ” အမည်၏ ရှေ့နာမည်“ဥမ္မာ” နှင့် ဖေဖေ့အမည် “စိန်မောင်” ကိုပေါင်းစပ်ကာ “ဥမ္မာစိန်မောင်” ဟု အမည် ကင်ပွန်းတပ်ပေးခဲ့သည့်နေ့က “ယနေ့က စလို့ သမီးလေး“ဥမ္မာစိန်မောင်”ဟာ “ဥမ္မာဒန္တီ” မင်းသမီးကဲ့သို့ အဆင်းလှခြင်း၊ အချင်းလှခြင်း၊ ဥာဏ်ပညာထက်မျက်ထူးချွန်ခြင်း၊ “လူမြင်လျှင် ချစ်ခင်ပါစေ...အသံကြား သနားပါစေ” ဟူသော ဆုနဲ့ပြည့်စုံပြီး လိမ္မာယဉ်ကျေးသော၊ ဘာသာတရားကိုမမေ့သော သမီးလေးဖြစ်ပါစေ...လို့ ဖေဖေနဲ့ မေမေတို့က ဆုတောင်းပေးလိုက်တယ်နော်”..ဆိုသည့် မိဘ(၂)ပါး၏ ကျမအပေါ်ထားရှိခဲ့သည့် ဆုတောင်းမေတ္တာကြောင့် ကျမဖြတ်သန်းလာခဲ့သော ဘဝတွင် အတိုက်အခိုက်များရှိပါသော်လည်း လူချစ်လူခင်ပေါများခြင်း၊ အသိပညာ၊ အတတ်ပညာများစွာကို သင်ယူလေ့လာခွင့်ရရှိခြင်း၊ လိုအင်ဆန္ဒပြည့်ဝခြင်း၊ အနာရောဂါကင်းရှင်းခြင်း၊ ရောက်ရာအရပ်တွင် ကူညီမည့်သူများနှင့် တွေ့ခြင်း၊ စသည့် ကံကောင်းခြင်းလက်ဆောင်များကို ရရှိခဲ့ပါသည်။
မြင့်မြတ်လှသည့်တန်ဆောင်မုန်းလတွင် ကျမကိုဖွားမြင်ပေးခဲ့သော မေမေ၊ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ
်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊ ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့်
မိတ်ဆက်ပေးခဲ့သောမေမေနှင့် အတိတ်နမိတ်ကောက်၍ နေ့သင့် နံသင့် လှပသော အမည်လေးနှင့်တကွ ကံကောင်းခြင်းလက်ဆောင်များကို ဘဝတသက်စာပေးခဲ့သော ဖေဖေတို့အား ကျမ၏မွေးနေ့သို့ရောက်တိုင်း ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပြီး ကျမပြုခဲ့သော ကုသိုလ်ကောင်းမှုအားလုံးကို မိဘ(၂)ပါးအား အမျှပေးဝေပါသည်။ ရောက်ရာအရပ်မှ သာဓုခေါ်နိုင်ပါစေ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုပါလျှင် “နောင်ဖြစ်လေရာ လူ့ဘဝများ ရှိခဲ့ပါလျှင် ဖေဖေ မေမေတို့ရဲ့ သမီးသာ ဖြစ်ပါရစေ..”.။
စာဖတ်သူ သူငယ်ချင်းများကိုလည်း စားဖွယ်သောက်ဖွယ် အစုံအလင်နှင့် တည်ခင်းဧည့်ခံရင်း နိုဝင်ဘာလ(၁၉)ရက်(သောကြာ)နေ့မှာကျရောက်တဲ့ ကျမရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာဆင်နွှဲကြပါစို့....။

MOET ရှန်ပိန်လေး တယောက်တခွက်နဲ့ အရင်ဦးဆုံး “ချကွာ” ရအောင်နော်...




ကော်ပြန့်လိပ်ကြော်




ပုဇွန်နှမ်းကပ်ကြော်




ဝက်နံရိုးကြော်

တုန်ယမ်ချဉ်စပ်ဟင်းရည်



ပုဇွန်ချိုချဉ်ကြော်




ကြက်ပဲငပိချို


ဘဲလိမ္မော်




ကန်ဇွန်းရွက်ကြော်



ဂဏန်းပေါင်း


ငါးကြော်နှပ်





တရုတ်မုန်ညင်းကြော်



အစိမ်းကြော်

ပုဇွန်ထုပ်ဆီပြန်




ဝက်မာဆလာ


ကြက်ချိုချဉ်ကြော်




ထမင်းကြော်
ခေါက်ဆွဲကြော်



ANGEL TIP COCKTAIL






SEX ON THE BEACH





BLACK IRISHMAN


ANGRY PIRATE COCKTAIL




BANANA MILK SHAKE




SMOKY MARTINI COCKTAIL








BURNT ORANGE COCKTAIL







KAMIKAZE COCKTAIL
အချိုတည်းစရာ...







မွေးနေ့ကိတ်လေးပါ...




အိပ်အပြန် CYPRUS AIRWAY က တာဝန်ယူပါလိမ့်မယ်




ကားနဲ့ပြန်မယ်ဆိုရင်တော့...






အိမ်အပြန်လက်ဆောင်... WHITE ANGEL CUP





THANK YOU FOR COMMING......XXX

နောင်နှစ်များမှာလည်း ပြန်လည်ဆုံတွေ့ကြပါစို့....

Thursday, November 18, 2010

မွေးနေ့လက်ဆောင် ကဗျာများ(၂၀၁၀)


တခါတရံမှာ....
သူ့ရင်ခွင်တစ်စုံကိုငှားရမ်း...
.အကြင်နာတရားတွေနဲ့ လွမ်းမောစေခဲ့....။

တခါတရံမှာ....
သူ့နှလုံးသားကို လှစ်ဟ....
ချစ်မြတ်နိုးခြင်းတွေနဲ့ နူးညံစေခဲ့.....။

တခါတရံမှာ.....
သူ့လက်တွေကို ကမ်းလင့်...
မေတ္တာတရားတွေနဲ့ နှစ်သိမ့်မှုတွေပေးခဲ့.....။

တခါတရံမှာ......
သူနှုတ်ခမ်းနှစ်လွာကိုဖွင့်ဟ.....
ဟာသတွေနဲ့ ကြည်နူးစေခဲ့......။


တခါတရံမှာ သူ့ဦးနှောက်တွေကို မောင်းနှင်....
ဗဟုသုတတွေနဲ့ လေးနက်စေခဲ့.....။

သူ......
အဖြူရောင်နတ်သမီးပေါ့......။

အဖြူရောင်နတ်သမီးအတွက် မွေးနေ့လက်ဆောင်ကဗျာလေးပါ....။နှစ်ရက်တိတိအပြင်းအထန် ကြံဆပြီးရေးခဲ့
ပေမယ့် ကျွန်တော်ကိုယ်တိုင်က ဝါသနာသာရှိပြီး ပါရမီ မပါလေတော့ ကဗျာလေးက အကောင်ကြီးတော့မဟုတ်
ပါဘူးခင်ဗျာ....။နတ်သမီးရေ....နဲနဲတော့ သည်းခံပေးပါဗျို့....:)။

အဖြူရောင်နတ်သမီးရေ.......မွေးနေ့မှသည်....နောင် နှစ်ပေါင်းများစွာ.....ချစ်သောသူများနှင့် သာသောလမ်းကို
လျှောက်လှမ်းနိုင်ပါစေကြောင်း....၊မရှိစကားမကြားရတဲ့ လှသောဘဝ ကိုလည်း ပိုင်ဆိုင်နိုင်ပါစေကြောင်း....၊
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းကိုလည်း အသက်ထက်ဆုံးပိုင်ဆိုင်နိုင်ပါစေကြောင်း...၊အသက်ရှည်ရာ
အနာမဲ့ကြောင်းနည်းလမ်းကောင်းများကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါစေကြောင်း......ဆုတောင်းပေး လိုက်ပါတယ်။
ပေးပို့သူ...မောင်လေး(Mg Lay)
...............................................................




နန်းရဲ့ပျော်ရွှင်စရာမွေးနေ့မှစပြီး နောက်နှစ်မွေးနေ့တွေမှာလည်း ချစ်ခင်တဲ့မောင်နှမတွေနဲ့ အတူတကွ
ပျော်ရွှင်ဆင်နွှဲနိုင်ပါစေ..။

နန်းချစ်တဲ့ ချစ်သူနဲ့ မွေးနေ့ပေါင်းများစွာကိုအတူ ဖြတ်သန်းနိုင်ပါစေ..။

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒပြည့်ဝ၍ ဘာသာအကျိုး၊ သာသနာအကျိုးကိုလည်း သယ်ပိုး
ထမ်းဆောင်နိုင်ပြီး ၀ါသနာပါတဲ့ အလုပ်တွေကို ပုံဖေါ်ထုဆစ်နိုင်ပါစေ..။

သစ္စာလေးပါးတရားကို ပိုင်းခြားသိမြင်နိုင်တဲ့ အမျိုးကောင်းသမီးလေး တယောက်ဖြစ်နိုင်ပါစေ..။

လို့ သဒ္ဓါ့ရဲ့ ရင်ထဲ၊ အသည်းထဲကနေ ဆုတောင်းမေတ္တာ ပို့သပေးပါတယ်...။

ချစ်တဲ့
သဒ္ဓါလှိုင်း
.....................................

အဖြူရောင်နတ်သမီးသို့ မွေးနေ့အမှတ်တရ


တစ်ရက်ပြီးတစ်ရက် အသက်တွေကြီးသွားလိုက်တာ

မွေးနေ့ကို ရောက်ခဲ့ပါပကော၊

ဒီလိုပဲ တစ်ရက်ပြီးတစ်ရက် နေဝင်နေထွက်နဲ့

မွေးနေ့တွေကို ကျော်ဖြတ်ရတော့မှာပေါ့၊

ဖြစ်နိုင်ရင်တော့ အမြဲတမ်းငါတစ်ယောက်

၁၅နှစ်မြောက် မွေးနေ့ပွဲပဲ ကျင်းပချင်တယ်။

အမေမွေးလို့ လူဖြစ်လာတာဆိုတော့

အဖေက ထအကြည့်မှာ မျက်ထောက်နီနေပြီ

ချိုချဉ်တစ်လုံးကျွေးလိုက်တော့ အဖေလဲအရည်တွေပျော်

နာရီတွေကို တိုးလိုက် လျှော့လိုက် လုပ်ရင်းနဲ့ပဲ

မောင်နှမတွေအပေါ် ဗိုလ်ကျခဲ့တယ်။

ပန်းသီးစားလို့ အရွယ်ရောက်လာတာဆိုပြီး

ချိုမြိန်တာတွေကို အရသာခံရင်း အတင်းပဲအချစ်ကို ကိုးကွယ်ခဲ့၊

ဧဒင်ဥယျာဉ်ဟာ အကျယ်ဆုံးဆိုပြီး

ပန်းတွေကိုလိုက်ကောက်ရင်း အချစ်နောက်လိုက် ပျော်မွေ့ခဲ့ဘူးတယ်၊

ဥယျာဉ်မူးကောင်းမှ ပန်းကောင်းပွင့်တာ မဟုတ်ပါဘူးရယ်

အရိုင်းပန်းတွေလည်း ပွင့်လှကြတာ တတောလုံးတောင်မွေးဆိုပဲ

ကြိုက်တတ်သူတွေ့ရင် တန်ဘိုးတည့်သွားကြမှာပါ

ပန်းဒဏ္ဏာရီကိုသုံးသပ်ရင်း အရမ်းဂန္တဝင်မဆန်ချင်စွာနဲ့ပဲ

ငါလေ လိပ်ပြာ ပြောစကားယုံလို့ သစ်ခွတွေကိုမုန်းပေါ့။

အများပြောချက် ရာသီအပျက်မှာတော့ ငါလဲမုန်းတိုင်းဒဏ်ခံခဲ့ဘူးတယ်

အပြုံးများနဲ့ အရှုံးကိုသိလာသလို အမုန်းကလဲ လာပြီးမိတ်ဆက်တယ်

အတိတ်မှာမထားရက်နိုင်တာမို့ စိတ်ဝေဒနာ အချို့နဲ့

နှလုံးသားထဲမှာတော့ အရာတစ်ခုကျန်ရစ်ခဲ့ပါတယ်၊

လဲသွားလိုက်ပြန်ထလိုက် ပြေးလိုက်ရပ်လိုက် ရှေ့တိုးနောက်ဆုတ်လုပ်ရင်း

လမ်းတွေကိုဖြည်းညှင်းစွာလျှောက်ခဲ့သလို အလျှင်အမြန်လည်းလျှောက်ခဲ့ဘူးတယ်

နှင်းဆီပန်းကြိုက်တတ်ပေမဲ့ အနီရောင်ကိုမနှစ်သက်ချင်တော့ဘူး

ဒီလိုနဲ့ပဲ မျက်ရည်ဆိုတာ အလိုလိုကျတာမဟုတ်ဘူးဆိုတာ သိလာတယ်။

အကြောင်းကြောင့်အကျိုး ဆိုတာကို သိလာသလိုလို အရှိမှာ

အပိုးမကျိုးစွာနဲ့ ငါဟာငါမဟုတ်တာကို ဘယ်တော့မှ သိမှာလဲ

အငြင်းပွားနေရင်းကပင် အရောင်တွေထင် ထင်လာလိုက်တာ

ရင်ထဲကစူးချက်တွေကတော့ ပြင်းထန်လွန်းပါတယ်၊

မထင်တဲ့အဖြစ်အပျက်တွေက အဝေးမှာနေရင်းနဲ့ပဲ

အဖြူရောင်ကိုနှစ်ခြိုက်မိလာ၊

ပေါ်လာလိုက် ပျောက်သွားလိုက်

တန်ခိုးရှင်ဖြစ်ချင်လိုက် ဖန်တီးရှင်ဖြစ်ချင်လိုက်

ဖြစ်ချင်တာတွေများရင်း

ဘယ်တော့များ ကိုယ့်ကိုယ်ကိုယ်မုန်းမယ်မသိပါဘူး။

တစ်ရက်ပြီးတစ်ရက် အသက်တွေကြီးသွားလိုက်တာ

မွေးနေ့ကို ရောက်ခဲ့ပါပကော၊

ဒီလိုပဲ တစ်ရက်ပြီးတစ်ရက် နေဝင်နေထွက်နဲ့

မွေးနေ့တွေကို ကျော်ဖြတ်ရတော့မှာပေါ့၊

ဖြစ်နိုင်ရင်တော့ အမြဲတမ်းငါတစ်ယောက်

၁၅နှစ်မြောက် မွေးနေ့ပွဲပဲ ကျင်းပချင်တယ်။။


ခင်တဲ့ sosegado

..................................................................
ဒါက မစ်စတာ ငွေလမင်း လက်ဆောင်ပါ
ဆန္ဒရှိရင် အဲဒီကုတ်လေးတွေကို ဘလော့ပေါ်မှာ တင်လိုက်ပါ ပျော်ရွှင်ပါစေ
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်နိုင်ပါစေ....

'http://www.crazyprofile.com/Birthday_comments/swf/cr_Happy_Birthday01.swf'

ပေးပို့သူ...(ငွေလမင်း)
..............................................................
http://www.123greetings.com/send/view/11419710510440329226

ပေးပို့သူ...(ကွာစေ့လေး)
.............................................




မွေးနေ့ရယ်မှာ အမှတ်ရ
ကဗျာပေးပါ လို့ဆိုကာ
အထာမကိုင် တောင်းပေမဲ့
အဟောဒီက ကျွန်တော့်က
ဒီရက်ပိုင်းမှာ ဆက်တိုင်းရယ်
မအားတာကြောင့် ကျွန်တော်လေ
စိတ်သွားတိုင်းမှာ လက်ဗလာ
ကိုယ်ရောက်ပေမဲ့ အတွေးချာ
ရက်တွေသာပြောင်း ကြာလို့ညောင်း
အခုတော့ဗျာ . . .
မတတ်မသာ ချရေးတော့
ခုလိုဖြစ်ကာ စာစီမိ
ဟောဒီမှာလေ. . . .
Happy Birthday လို့ ဆိုသော
အဖြူရောင်နတ်သမီး အတွက်
မွေးနေ့ ဆုတောင်း....။

ခင်မင်စွာဖြင့်
ကိုဇော်
............................



...........................................................................



အဖြူရောင်ပန်းတစ်ပွင့်အတွက် .....

ငြိမ်းချမ်းလှပခြင်းတွေလွှမ်းခြုံထားတဲ့
တစ်ဆယ့်ကိုးရဲ့ နိုဝင်ဘာမှာ
ဒီကမ္ဘာမြေလောကထဲကို
အဖြူရောင်ပန်းလေးတစ်ပွင့်လဲ
နုညံ့ညင်သာစွာ ဖူးပွင့်ခဲ့တယ်....။

သူမနဲ့ သိခွင့်ရတဲ့နေ့စွဲတွေကစလို့
လေ့လာခွင့်ရသလောက်
ပြန်လှည့်ကြည့်မိတဲ့အခါ ....
သူမဟာ .. ကဗျာတွေကိုချစ်တယ်...
မြန်မာပြည်ကိုချစ်တယ်...
ကမ္ဘာမြေကိုချစ်တယ်....

အနုပညာကို လေးနက်စွာ တန်ဖိုးထားတတ်သူ...
ဘ၀ပိုင်ရှင်အမျိုးမျိုးကို
နားလည်မှုရှိစွာနဲ့ ကြင်နာသနားတတ်သူ...
စာနာမှုများစွာနဲ့ မျှဝေခံစားတတ်သူ....
ဘ၀အတွေ့အကြုံတွေကို ပြန်လည်ဝေမျှတတ်သူ
ရိုးသား၍ ပွင့်လင်းဖော်ရွေသူဖြစ်တယ်...။

နိုဝင်ဘာမှာ အေးချမ်းစွာပွင့်တဲ့
အဖြူရောင်ပန်းလေးတစ်ပွင့်ရဲ့ မွေးနေ့ရက်မြတ်မှာ
မှတ်မှတ်ရရ ဖြစ်စေဖို့အတွက်
လေးနက်စွာ တောင်းဆုပြုလိုက်ပါတယ် ....
ကိုယ့်ဘ၀ကိုယ်ရဲရဲလျှောက်....
ကိုယ့်သမိုင်းကိုယ်အကောင်းဆုံးရေးရင်း
ကိုယ့်အရည်အသွေး ကိုယ့်ပေတံနဲ့ကိုတိုင်းကာ
အောင်မြင်ပျော်ရွှင်သော မွေးနေ့ပေါင်းများစွာကို
ဖြတ်သမ်းနိုင်သူဖြစ်ပါစေလို့.....

ညီမလေး နှင်း ...

နှင်းဟေမာ
..............................




. အဝေးကြီးမှာ ရှိနေလို့ မွေးနေ့ပွဲလေးကို မလာနိုင်တာ ခွင့်လွတ်နော် ...
စိတ်ထဲကနေတော့ အဖြူရောင်နတ်သမီးလေးရဲ့ မွေးနေ့ကို ရောက်ခဲ့ပါတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်
မင်
ရ
ခြင်း
များ
စွာ
ဖြင့်
ခွန်ကြီး






..................................................................................

စူးရှအားကောင်းတဲ့
မျက်လုံးတောက်တောက်တစ်စုံက
သူမအတွက်....
လမ်းပြကြယ်တွေဖြစ်ခဲ့တယ်....။

ဖူးငုံတဲ့
နှုတ်ခမ်းပြည့်ပြည့်တွေက
သူမအတွက်....
ပြောရေးဆိုရာတွေကို အောင်နိုင်စေခဲ့တယ်...။

ကြည်စင်တဲ့
အပြုံးတွေက
သူမအတွက်...
သံတမန်ဆက်ဆံရေးတွေကို ပေးစွမ်းခဲ့တယ်....။

ချိုမြတဲ့
အသံတွေက
သူမအတွက်...
သြဇာနိုင်နင်းစေခဲ့တယ်....။

သွက်လက်တဲ့
ဖော်ရွေမှုတွေက
သူမအတွက်....
မိတ်ဆွေတိုးပွားစေခဲ့တယ်....။

နှစ်လိုဖွယ် ညှို့အားအပြည့်နဲ့
အရာရာကို သူဖမ်းစား...
အနာဂတ်ကိုကျော်လွှားမယ့်
သူရဲကောင်းနတ်သမီးတစ်ယောက်
ကမ္ဘာမြေပြင်မှာ အရောင်တောက်လို့
အတောင်ပံတွေ ဖြန့်ကျက်မယ်....
အိုဘယ့်...အဖြူရောင်နတ်သမီးရယ်.....။ ။


နတ်သမီးရေ.... 19 နိုဝင်ဘာမှာကျရောက်မယ့် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့သူနဲ့အတူလက်တွဲမဖြုတ်တမ်း အခက်ခဲများကိုကျော်လွှားပြီး လှပနွေထွေးတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.....။

ချစ်တဲ့
မမမိုးငွေ့
............................................................................

အစ်မနမ်း
မွေးနေ့ကို မေ့တော့မလို့ဗျာ ..
ဒါပေမယ့် ခုသတိရလို့ ကဗျာလေး ပို့လိုက်ပါတယ် ...
မွေးနေ့မှတိုင် နှစ်အဆက်ဆက်တိုင်း ပျော်ရွင်နိုင်ပါစေ ...
အရင်လို ကဗျာကောင်းကေင်းလေးတွေ မရေးနိုင်တော့လို့ ခွင့်လွှတ်ပါဗျာ ...
မွေးနေ့မှာ ဒီကဗျာလေးနဲ့ပဲ ကျေနပ်နှစ်သိပ့်နိုင်ပါစေ ...

“ဟတ်ပီး ဘတ်ဒေး အိန်ဂျယ်လ်”
နိုဝင်ဘာ ဆယ့်ကိုး
ရာသီတောင် တစ်ဆစ်ချိုးပြီလေ
အလှမျိုးစုံသီတဲ့
လ မျိုးတန်ဆောင်တိုင်ဆီက
နှင်းဆန်ဆန် ၀တ်မှုန်လွှာတို့
နတ်သမီးအိမ်ကမ္ဘာကို ရစ်တိုး
ဒီနေ့မှာ စကားတိုးတိုး ဆိုသွားကြတယ် ...
“ဟတ်ပီး ဘတ်ဒေး အိန်ဂျယ်လ်”
--
ညလင်းအိမ်


.........................................................................................


လက်ရေးမူဖြင့် ပေးပို့ပါတယ်.....
အဆင်ပြေပါစေ....
လင်းဦး(စိတ်ပညာ)

.............................................................................................

Happy Birthday !! ပါ ညီမရေ..
19th November မွေးနေ့လေးမှာ ပျော်ရွှင်ဖွယ်ရာများနဲ့ ပြည့်စုံပါစေနော်။ လက်ဆောင်အဖြစ် လင့်လေးပို့ပေးလိုက်တယ်..
ကဗျာကတော့မစပ်တတ်ဖူးလေး)) ကဗျာစပ်တာလည်း မကောင်းလို့မပို့ပေးတော့ဘူး။

[ Please click me tender ]



မွေးနေ့ဆုတောင်း..
ဒီမွေးနေ့မှ နောင်နှစ်များ
ပျော်ရွှင်မှုတွေပြည့်စေသား
ဆုမွန်ချွေလို့ ပေးကာသွား
နတ်သမီးက ရစေသား..။

(မ) အနမ်း
ကွန်နက်ကမသေချာလို့ ခုကတည်းကပို့လိုက်ပါတယ်.. ဘလော့လည်းဖွင့်မရသေးဘူး ညီမရေ..

.................................................................................................










မရေ.....မင်္ဂလာပါ။
နောက်ကျ သွားတဲ့အတွက် တောင်းပန်ပါတယ်ရှင်။
ပျော်ရွှင်အေးချမ်းလွန်းတဲ့ မွေးနေ့ ရက်မြတ်လေး ဖြစ်ပါစေရှင်။ :)

....ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)
.................................................................................




မွေးနေ့ဖိတ်စာမရပေမယ့်ကဗျာလေးလက်ဆောင်ပေးလိုက်တယ်နော်...

ဟိုတယောက် မျက်နှာပဲပြေးပြေးမြင်...
ကွေးနေအောင်ကဖို့ ခြေလက်ခေါင်းခါး လိုတာပေါ့....
လွမ်းတဲ့အခါ နှလုံးသားပဲလိုတယ်...
ရှေ့ဆက် လိုအပ်ရင်တောင် မျက်ရည်မကျတော့ဘူး...
မလိုအပ်အောင်နေမယ်...

ယုံကြည်တာကိုပဲ တိတ်တိတ်လေး ရင်ဝယ်ပိုက်ထားမယ်...
ကမ္ဘာမှာ ငါမရှိတော့ဘူးလို့ထင်သွားအောင်...
တချို့တလေက ဒီကမ္ဘာကြီး ငါ မပါလည်း..
ဆက်လည်နေတာပဲလို့ ထင်သွားအောင်..။

ပဋိပက္ခဖြစ်ဖို့ လူနှစ်ဦးထက် မနည်းလိုတာပေါ့
တိတ်ဆိတ်ငြိမ်သက်နေဖို့
ဘာမှ...မလိုဘူး....


မွေးနေ့မှာပျော်ရွှင်ပါစေ....(ရဲထွန်းဇော်)
............................................................................




“Happy Birthday To You ”
ဆောင်းငွေ့ အေးအေး
သဇင်ဖွေးဖွေး
ဆောင်းတကူး ခွါညို မွှေးမွှေး
လေပြည်အေးနဲ့ 
မွေးဖွါးလာတဲ့
တန်ဆောင်မုန်းသူ နတ်သမီးလေး။

မွေးနေ့ မှာ ပျော်ရွှင်ပါစေ။
Rgs,
(winn minn )
.............................

အမကြီး အဖြူရောင်နတ်သမီးအတွက် မွေးနေ့ ကဗျာလေးတစ်ပုဒ်ကို ဒုတိယအကြိမ် ထပ်မံလက်ဆောင် ပေးလိုက်ပါပြီ.. မနမ်းမ၀ရဲ့ ယခုကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်သူများနှင့် ထာဝရ ရပ်တည်သွားနိုင်ပါစေခင်ဗျာ....


ရင်ကို ရိုက်ခတ်လာခဲ့တဲ့ ဟိုးအရင်ကပုံရိပ်တွေ
ပြန်လွမ်းလိုက်တာ ပြန်သတိရလိုက်တာ
စာတွေကိုရေး ဟိုပို့ဒီပို့နဲ့ စခဲ့တဲ့ဇာတ်လမ်းတွေ
စိတ်ထဲကမပါပေမယ့် ပျော်တော့ပျော်ခဲ့တယ်....

အချိန်မှန်ထ စာကျက်ရင်း မင်းအကြောင်း ဒို့တွေး
ကျောင်းရောက်မှအဖြေရှာ ငွေမပါသူတွေနဲ့
မုန့်ဆိုင်ကိုဒိုး ဟိုဟာဆွဲ ဒီဟာဆွဲနဲ့ ကဲခဲ့တာ
အိပ်မက်လိုပဲ ပျော်တော့ပျော်ခဲ့တယ်....

ကျောင်းတွေပိတ်ခဲ့တော့လည်း ဒီလိုပါပဲ
အိမ်ကိုပြန် မလွမ်းတော့ဘဲ တွေ့ကရာအကုန်လုပ်
စိတ်ညစ်စရာတွေအကုန်မေ့ ပျော်ရွှင်စရာတွေဖန်တီးပြီး
နားရင်း ပါးရင်တွေပိတ်တီးရင်း ပျော်တော့ပျော်ခဲ့တယ်....

ထမင်းစားလည်းပျော်တယ်.. ဘာကြောင့်လည်း
သူမလေးကြောင့်ထင်တယ်..
နတ်သမီးလေးတစ်ပါးတွေ့လိုက်သလိုပဲ... မေခလာလားမသိ
ငါမသိပေမယ့် ငါဟာလေနှင်ရာလွင့်နေတဲ့
နတ်ဆိုးတစ်ကောင်တော့မဟုတ်ခဲ့ဘူး...

ခုန်နေတဲ့ရင်ဘတ်ထဲက အသည်းနှလုံးလေးရယ်
နတ်သမီးကိုတွေ့ရင်မေးလိုက်စမ်းပါ...
ဘာကြောင့်ရင်တွေ ဒီလောက်ထိခုန်ရတာလည်းလို့
ငါ ဘာမှမသိခဲ့ပေမယ့် ပျော်တော့ပျော်ခဲ့ပါတယ်...


လက်ဆောင်ပေးသူ... ကိုကိုးအိမ်(မန္တလေး)
...........................................

“ဆန္ဒ”
အာကာထက်က
အထက်ဝဠာ
အဇဋာမှာ
စာလွှာဆက်သွင်း
ပျော်ရွှင်ခြင်းနဲ့
ချစ်ခြင်းသူ့ထံ
ဝန်းခရံကြောင်း
ဆုမွန်တောင်းသည်
နှစ်ရာထောင်သောင်း ငြိမ်းချမ်းစေ။ ။

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ အစ်မရေ...
(ဟန်ကြည်)
..................................................
မွေးနေ့မင်္ဂလာ ၊
ပြုံးပျော်နွဲ .... နွဲ
သြော် .. ဘလောဂ့်လောက ၊
ပြုံးပျော်ကြအောင် စိတ်ကူးမျှော်ရည် ၊
ခွန်းစာသီလျှက် လက်ထဲမြံမြဲ ၊
ကလောင်စွဲကာ ကောင်းကင်၌ညွှတ် ၊
ကြယ်စင်ဆွတ်သူ..။
............
စိတ်ထားဖြူစင် ၊
ပွင့်လင်းကြည်ရွှင် ကလောင်ချမ်းမြ ၊
ငြိမ်အေးလှ၏ လှိုင်းဒဏ်ထိငြား ၊
ယိုင်မသွားဘဲ သက်တန့်တွေဆီ ၊
လှမ်းကာချီသူ..။
.........
နုပျိုကာလန်း ၊
အမြင်ဆန်းစေ ရာစုဆုံးတိုင် ၊
ကလောင်ကိုင်ကာ မွေးနေ့တိုင်းထံ ၊
မာန်ပြည့်ပျံမည့် တို့များတတွေရဲ့ အဖြူရောင် နတ်သမီး ...
.........
မိဘကျေးဇူး ၊
အထူးထူးကို တတ်သိလိမ္မာ၊
အောက်မေ့ကာဖြင့် တုန့်လှည့်တဖန် ၊
ကျေစွာထမ်းမည့် သမီးလိမ္မာ ၊
ရတနာအနှစ် နတ်သမီးထံ ကြွင်းကျန်ရစ်စေ .....။
(အယ်ကို)
.........................................................


“TO THE LITTLE OLD LADY”
H A P P Y

B I R T H D A Y

To: Angel Of Mine -


Have a wonderful Birthday!

With Best Wishes and Lots Of Love!

Daw Thuzar :)~
...............................................
အဖြူရောင်ကဗျာ

အဖြူရောင်ကဗျာ
အမှောင်ထုထဲကကြယ်တစ်ပွင့်လို
အဖြူရောင်ကဗျာ
ငါ့ရှေ့မှာရပ်နေတဲ့ တိမ်တိုက်တစ်ခုလို
အဖြူရောင်ကဗျာ
ငါက အရောင်ဆိုးထားတာမဟုတ်
အဖြူရောင်ကဗျာ
ငါ့ကိုလည်း အရောင်မဆိုး
အဖြူရောင်ကဗျာ
ရိုးရိုးလေးဖြူနေခဲ့တာ..
အဖြူရောင်ကဗျာ.....။


အစ်မရေ... နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်။ Happy Birthday ပါ။ လာလည်းမလည်နိုင်တော့ဘူး။ နောက်တော့မှပဲ အစ်မမွေးနေ့ပို့စ်လေး လာဖတ်တော့မယ်။
ခုစာတောင် အပြင်ကနေနီးရာဆိုင်က ၀င်ပို့လိုက်တာ။ အစကတော့ ကျွန်တော့်ဘလော့ဂ်မှာပါ အမှတ်တရ ပို့စ်လေးတင်ဦးမလို့ပဲ။ အခြေအနေက လုံးဝမပေးလို့မို့လို့ တောင်းပန်ပါတယ် အစ်မရေ...။
ကျွန်တော့်အစ်မတစ်ယောက် မွေးနေ့မှာ ပျော်ရွှင်ကြည်နူးပါစေ..။ အစစအဆင်ပြေပါစေ....။ အစ်မက ဘာအကြောင်းအရာပဲ ဖြစ်ဖြစ်ရေးလို့ရတယ်ဆိုလို့ ရေးပို့လိုက်တဲ့ ကဗျာလေးမို့လို့ မွေးနေ့နဲ့တော့ သိပ်ဆိုင်ချင်မှ ဆိုင်လိမ့်မယ်။ ဒါပေမယ့်အစ်မရယ်... အစ်မကိုယ်တိုင်ကိုယ်က အဖြူရောင် ကဗျာလေးတစ်ပုဒ်ပဲမဟုတ်ဘူးလား...။ ရုရှားဘာသာစကားမှာ မူဇာ ဆိုတဲ့ နတ်သမီးရှိတယ်။ ကဗျာကို ဖန်ဆင်းတဲ့ နတ်သမီးပေါ့။ မူဇာမရှိရင် ကဗျာဆရာမရှိနိုင်ဘူးတဲ့။ ကဗျာရေးဆဲ့အခါ ကဗျာဆရာရဲ့ အသည်းနှလုံးထဲကို အဲဒီနတ်သမီးလေးက ၀င်လာတယ်တဲ့။ အဲဒီကဗျာကမှလည်း ကောင်းတယ်လို့ ဆိုကြတယ်။ အစ်မကတော့ ကိုယ်တိုင်လည်း ကဗျာရေးတဲ့သူမို့လို့ အဖြူရောင် ကဗျာတစ်ပုဒ်ဆိုလည်း မမှားပါဘူးနော်.........။
ဒီစာလေးကိုပဲ မွေးနေ့လက်ဆောင်အဖြစ်မှတ်ပေးပါ.....။
အစ်မကိုခင်တဲ့ ဝေလင်း.....။
(ဝေလင်း)
...............................







“နတ်သမီး ကာရံ”
......................
( ၁ )
တစ်မိုးတစ်မြေအောက်က
မိုးခါးရေသောက် လူတစ်ယောက်
ဘ၀ရဲ့ ပြတင်းတံခါးကိုခေါက်တော့
တိုးလျဖြည်းညှုင်း
ခံစားချက်မြို့ ကိုခင်းကျင်းပြလိုက်တယ် . . . . .

ပြခန်းသို့ ယူဆောင်လာသည့်
ရွှေအိုရောင် လေညှုင်းပွင့်လေးများ
ဆုံးရှုံးမှု သိပ်သည်းဆကို
သိပ္ပံပညာရှင်များ မတွက်ချက်နိုင်ပါ . . . . .

ဒီလို . . . ကမ်းဝေးလရောင်
စိမ်းလဲ့လဲ့ အမှောင်မှာ
မျက်ရည်ငုတ်တုတ်နဲ့ 
ဝေးကွာမှုတွေ လောက်ငရဲ့ လား . . . . .

နာကျင်ခြင်းအမြစ်တွေကို
ကတုတ်ကျင်းနက်နက်မှာတွဲကုတ်
မှီတွယ်ရာ ချောက်ကမ်းပါးမှာ
မိုးစုန်းစုန်းချုပ်ခဲ့ သည် ။ . . . . .

( ၂ )

လိပ်ပြာတစ်ရွက် ကြာခွက်ထဲ
ဖူးဖက်နုအက် စဉ်တုန်းက
သောကကို စိုးကြောက်
မာနတရားကို ပန်းနှင့်ပေါက်ရင်း
ခြေမြှေုာက် လက်မြှေုာက်
ရှိုက်ငိုခဲ့ဖူး၏ . . . . .

အလင်းတဝေေ၀နဲ့ နှင်းစက်လေးတွေကိုမှ
အရသာခံသောက်ချင်တဲ့ မြက်ခြောက်ပင်လေးရေ
အကြွေမရဲတဲ့ ဇီဇ၀ါပန်းလေးတွေအပေါ်
သူ့ ဝင်သက် ထွက်သက်လေး
သွားတင်ထားမိသူပေါ့ . . . . .

အဲဒီတုန်းက . . .
လက်သည်းအကြေးခွံလေးတွေကို
အရောင်ခြယ်သ မန်းမှုတ်ဖို့ အတွက်
နေ့ ခင်းကြောင်တောင်လေးတောင်
မစိမ်းလန်းခဲ့ ရတဲ့ 
ဟောဒီ . . တောအုပ်လေးပါ . . . . .

ခုတော့လည်း . . .
ကြက်ခြေခတ်၏ ဆုံမှတ်အရပ်
ကလေးဘ၀က
ခင်တန်းကွေ့  ရှမ်းလမ်းလေးမှာ
ဆွေးဖွယ်ပန်းများ လွှမ်းခဲ့ပါပြီ ။ . . . . .

( ၃ )

နေ့ ရက်တွေကို ချိန်စက်
ဂျူးလိယက်ဆီဇာထွင်ခဲ့တဲ့ ပြက္ခထိန်ထက်
အမဲရောင်ဈာပနလေး ၀တ်ဆင်ထားတဲ့တစ်ရက် . . .

ရက်စက်သွယ်ပြောင်းတဲ့
လောကဓံလက်ချောင်းတွေက
မီးပြောင်းပါးစပ်နဲ့ ခူးစားချိန်
" ဆာတေးရီးယန်း " မြက်ပင်ရှည်ဟာ
ဆုံးရှုံးမှု သစ်ရွက်တွေမရှုမလှနဲ့ 
တုန်ယင်စွာ လူးလွန့် ထွက်ခွာသွားရပေါ့ . . . . .

ကျန်ခဲ့တာမှ . . . ညအိပ်ကြယ်ပွင့်လေးတစ်လုံး
တိမ်ညို တိမ်မဲ တွေဖုံးသွားတော့
မျက်စိကိုစုံမှိတ် နားနှစ်ဖက်ကိုပိတ်
ထိုခဏ . . အပ်ကျသံမကြား
လောက ကိုကား
အနက်ရောင်လွှမ်းသွားလေတော့၏ . . . . .

လူငယ်ဘ၀ရဲ့ အရိပ်မဲ့သစ်တစ်ပင်မှာ
သင်ဆိုလျှင်ရော အိပ်ဝံ့ပါမည်လား
ရီးဝေမှိုးအုပ်
ဟော ဟိုး အနောင်တောင်မှာ
ငွေ့ ရည်တွေ တစ်အုပ်ပြီး တစ်အုပ် . . . . .

ပစ်ရင်း ခတ်ရင်း ထိုးဖောက်ရင်း
ကျည်ဆန်တွေကြား မထိဘဲရခဲ့တဲ့
သွေးမဲ့ဒဏ်ရာနှစ်ချက်
ဖြေသိမ့်ဖို့  သိပ်ခက်လို့ 
ချို ချဉ် ငန် စပ် အရသာဓာတ်ကြား
ခုအခါ ဘ၀များစွာထမ်းပိုးခဲ့ပြီ ။ . . . . .

( ၄ )

အို . . . အဆွေခင်ပွန်း
သောတရှင်အပေါင်းတို့ 
မမြင်မိတဲ့ အသံကိုခေါင်းအုံးအိပ်ခြင်းမှာ
တစ်ဝက်မှိုတက်ခြင်း ခံရတဲ့
တိတ်ဆိတ်ခြင်းတွေ ကပ်ပါလာတတ်ကြတယ် . . . . .

အိပ်မက်တွေ မက်တစ်ဝက် အိပ်တစ်ဝက်မှာ
အရိပ်လေးတစ်ရိပ် ဖိတ်စဉ်ကျတာတောင်
ကြည်ကြည်လင်လင်စီးမျောခွင့်မရခဲ
ဘူး





ဝင်္ကပါတောက မှော်နတ်ဘုရား "မ" စတော်မူပါ . . . . .

အစိုးမရသောကြမ္မာစက်ဝန်းထဲ
ဓားတောင်ကိုကျော်ဖြတ်
မီးပင်လယ်ကိုကျော်ဖြတ်
ရိုးသားခြင်းအဖြူရောင်တံဆိပ်ထပ်တာတောင်
မအောင်မြင်ခဲ့ဘူးကွယ် . . . . .

ဒါပေမဲ့  . . .
လေပြွေ လမ်းကြောင်း
ဘယ်ကို ပြောင်းပြောင်း
သံမှုန်လိုချည်း ငါ့စိတ်မှာညည်းနေမိတာ
ငြိမ်းချမ်းခြင်း တစ်ခုတည်း
ငြိမ်းချမ်းမှု တစ်ခုရယ်ပါ ။ . . . . .

( ၅ )

အတိတ်၏အရိပ် အရိပ်၏တစ္ဆေ
ပြဇာတ်မဟုတ်တဲ့ စက်ကပ်ထောင်ချောက်မှာ
မျက်လှည့်ဆရာတွေက ကြွေအံခေါက်
စည်းစိမ်ဓနကို ဘတ်ကောက်လို့ 
ဒုက္ခတွေ တပ်ခေါက်ဖို့ ကျ
နည်းနည်းမှထောက်ပံ့မပေးခဲ့ကြဘူး . . . . .

နေကွယ်ရထား " ပိုးကိုက်ဓား " နှင့်
ထိုးစိုက်သွားသော သရဲကောင်းကြီးများ
" ယမမင်း " ကိုဒူးတိုက်ဖို့  ခေါ်စာလွှတ်လိုက်မယ်
ခုချက်ချင်းတမလွန်သို့  ဦးစိုက်ပါ . . . . .

သို့ သော် . . . သို့ သော်
အမုန်းမဲ့မျက်ဝန်းများ၏ သုညတ္တအင်အား
ငါ့အား . . . ဆွဲခေါ်
မိုး၏အမြင့် လေ၏အဆန်
ငါ့စိတ်မှန်ကား
ခွင့်လွှတ်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ . . . . .

" ဗုဒ္ဓဘုရား " ပေးတဲ့ " တရားရိပ် " မှာ
" ဓမ္မတေး" ကိုဖွဖွ ရွတ်
ငါ့စိတ်လှံသွားတွေ ခွေညွှတ်တော့မှ
အာဃာတကိုဖြေလျော့
ငါ့စိတ်ကို ငါပြန်ကန်တော့ပါမည် ။ . . . . .

( ၆ )

သြကာသလောကတစ်လျောက်
ကြိုးတန်းလမ်းလျှောက်
လူတစ်ယောက်အတွေ့ အကြုံဟာ
ထန် ကရိုဏ်း ကျနေလေရဲ့ 
ငါ ဘယ်သင်ပုန်းကြီးမှ မကြောက်တော့ဘူး . . . . .

ရန်ကုန်မှာ " မိုး "
မန္တလေးမှာ " နွေ "
ပြည်မှာ " ဆောင်း "
ရင်မှာ " ဒဏ်ခံကြိုးတစ်ချောင်း " နဲ့ 
မြေထောင်းရနံ့ သင်းပျံ့ နေတတ်ပြီ . . . . .

ကြေမွမှုများစွာ
မပြောချင်တဲ့ အက္ခရာတွေ တစ်ပွေ့ တစ်ပိုက်
ဂန္တ၀င်ရှင်ကြီးများရယ်
ဘ၀သရုပ်ဖော်အတွက်ဆို
ခုရင်ဘတ်အမှန်ကို ဆွဲထုတ်ပြလိုက်မယ် . . . . .

လောကစာမျက်နှာကို
ဘ၀မျက်နှာနဲ့  မြင်အောင်ကြည့်တတ်ဖို့ 
ဂျစ်ပစီမိုးတိမ်မှာ ငွေမင်ရည်ဖုံး
အကြည်လင်ဆုံး ထိုးချဖောက်ခွဲလိုက်တယ်
ရာစုတစ်ထောင် အလင်းကိုဆောင်ရပါစေ ။ . . . . .

( ၇ )

အထီးကျန်တောင်ကိုမှ ပိုင်စိုးဖို့ 
စေလွှတ်တဲ့ " နွေနတ်သမီး " ရေ နေပါစေတော့
အာခေါင်တွေခမ်းခြောက်လို့ 
မိုးကုတ်စက်ဝိုင်းပေါ် ငါ့မျက်ရည်တွေ
သက်ရောက်တဲ့အခါ
ငါ့ကိုစောင့်ရှောက်ဖို့  လူတစ်ယောက်လွှတ်ပါ . . . . .

မော်ဒန်ခေတ်မှာ ဆာဟာရကသဲတွေ
အာဟာရဖွဲ့ စည်းပြသလို
" မာကိုနီ " ဆောင်းအိပ်မက်နဲ့ 
စိတ်ချင်းဆက်သွယ်ပြတာ
ငါတွေ့ ဖူးပြီ . . . . .

ကြောက်ခမန်းလိလိ လှပတဲ့
မီးတောင်ပေါက်ကွဲမှုကနေ
မိုးကြိုးတွေကြွ မီးစုန်းတွေပြ
ကွန်ယက်တွေရှင်းတဲ့ညက
ထင်ယောင်ထင်မှား ငါတွေးနေမိတာ
ငါဟာ . . . " ဗီးနပ် " ရဲ့ ကိုယ်ပွား
အချစ်နတ်ဖုရားမ တစ်ပါးဖြစ်နေရော့ သလား . . . . .

အဲဒီညဟာ . . .ဒိုင်ယာရီထဲမှာ
ထာဝရရှိုက်မွှေးလွမ်းဆွတ်ရမဲ့ 
ပင့်သက်စိုက်ငေး ပန်းလေပြေအေး
ညတစ်ညဘဲဖြစ်မယ် . . . . .

( ၈ )

ခွာညိုတောင် တန်ဆောင်မုန်းမှာခိုအောင်း
မွှေးနံ့ သာတွေစုပေါင်းလို့ 
ကြင်နာတတ်သူ တစ်ယောက်အကြောင်းမှာ
ရနံ့ ခက်စစ်ကို ဘာသာပြန်ဖို့ 
လောက်ငတဲ့ရင်ဘတ်တစ်စုံနဲ့ 
ပြင်းရှတဲ့ ရူးသွပ်မှုမျိုးရှိတယ် . . . . .

ငါ့စိတ်ကိုက အလိုရယ်ပါ
မိုးလုံလေလုံ . . .
တယ်လီဖုန်းသံလေးကြားရင်တောင်
မျက်ရည်တွေ ကအလိုလိုရွှဲနစ်
ကဗျာတွေကို သိပ်ချစ်မိနေတတ်တယ် . . . . .

ချိုမြိန်ခြင်းဆက်ထုံးတစ်ခု
ငါ့ယဉ်စွန်တန်းကိုလာလုတော့
ချစ်သောလျှပ်ကူးမျှင်လေးရယ်
" စောရအိုင် " မှာ တူနှစ်ကိုယ်မြိုင်ရပါစေတော့ . . . . .

ဆင်ယင်လိုသဖြင့် ဆွတ်မဲ့ဟန်ချီ
ဥယျာဉ်တော်က " ပန်းစားမင်းသား "
ပစ္စုပ္ပန်အတွက် ခူးယူရန်စိုက်ထားသောပန်းများ
ဆက်သတော်မူပါ . . . . .

သူ သူ ငါ ငါ မန်းမှုတ်လို့ 
ဥယျာဉ်တော်မပုပ်ရအောင်
ရာဇအမိန့် တစ်စောင်ပါးလိုက်မည်
" အရှင်စောင့်ကြပ်တော်မူပါ " ။ . . . . .

( ၉ )

ဘယ်အချိန် ဘယ်နေရာ ဘယ်ဒေသ
ဘ၀ရဲ့ အရသာကို အဓိပ္ပာယ်ရှိစွာစံ
အတက်အကျမှန်တဲ့ နဒီရေလှိုင်းလို
ပျော်ရွှင်စွာ ပျံဝဲနိုင်မလဲ . . . . .

စီးမျောရာ ဗေဒါလမ်းမှာ
မနေ့ ကလိုအလွမ်းတွေနဲ့ 
ဝါဖန့် ဟောင်းနွမ်း
နေ၀င်မီးလုံးလေးကို ထမ်းပြီး
ဖြတ်သန်းမှုမှတ်တမ်းကို စီချယ်ခဲ့ပြီ . . . . .

အပြင်း အပျော့  / အပူ အအေး
လေ မိုး ရေ / နွေ မိုး ဆောင်း
အခိုး အငွေ့  အရွေ့ 
အတွေ့ အကြုံ အမှုန်အမွှား
ရူးသွပ်စွာ ခူးဆွတ်ခဲ့ဖူး
နူးညံ့စွာ စွန့် လွှတ်ခဲ့ ဖူးပြီ . . . . .

" ပန်းညိုမျိုး ချိုးလေစည်လေ "
မုတ်သုန်ဘူတာရုံအမှတ် ( . . . )
" ဂီရိခေတ် " က ကျန်ခဲ့သောနှစ်များ
ဘ၀ရဲ့ ဒဏ်ခံအား
မာကျောခြင်း ဂုဏ်သတ္တိများမြင့်မားခဲ့ပြီမို့ 
" စံပယ်တစ်ပွင့် "လို . . .
တကယ်ပွင့်မယ်ဆိုရင် တင့်တယ်စွာပွင့်နိုင်ခဲ့ပါပြီ ။ . . . . .။

(မိုးစက်အိမ်).
............................................................................................
ဘကျောက်က ပုံပြင်လေး ရေးပြီးပိုံ့ချင်တာ..
e mail လိပ်စာကလဲရှာမတွေ့ဘူး...
ကိုင်း...ဒီမှာပဲရေးလိုက်ပြီ..

ကဲ..ကဲ...နားထောင်...
တခါက အိုလံပီယာတောင်ကြီးမှာ..Zeus ကျောက် နတ်မင်းကြီးနဲ့ စိုးမြတ် Hera မိဖုယားကြီးတို့ရှိသတဲ့..တနေ့တော့ စိုးမြတ်ဟီရာ ကပြောသတဲ့..."ကိုကျောက်ရယ်..တော့ တောင်ပေါ်ကြီးမနေချင်ပါဘူး..ကျုပ်မှာ မီးသတ်မျှော်စင်ပေါ်နေရသလိုပဲ၊ လေကလဲ တဝှီးဝှီးနဲ့ ပြူတင်းပေါက်ဖက်တောင်ကျောပေးမအိပ်ရဲဖူး..ဝေသာလီဗျိုင်းဖြစ်မစိုးလို့ ..ကျုပ်..Cyprus ကျွန်းသွားမယ်တော်" နတ်မင်းကြီးကျောက်နဲနဲ စိတ်လေသွားတယ်.." မိန်းမရာ ငါ့ခရက်ဒစ်ကက်တွေကလဲ မင်းသုံးလွန်းလို့ လစ်မစ်တောင်ကျော်နေပြီ..အိမ်မှာငြိမ်ငြိမ်နေပါကွာ " လို့ပြောသတဲ့..၊ စိုးမြတ်ဟီရာကလဲ မီးပျက်ညရဲ့ ဘလော့ ကို ဖတ်ထားသူပဲ ဘယ်ရမလဲ.." ဟင့်..ဟင့်.." လို့ မျက်ရည်လဲကျပြလိုက်ရော..နတ်ကျောက်မင်းလဲ မနေနိုင်တော့ဘူး.. အင်း..မဖြစ်ဖူးမဖြစ်ဖူး..ဒီမိန်းမတောင် မကြီးပေါနိုင်ငံက ကဇော် မြှောက်ပေးလို့ လက်ကတီးကြား..ဟိုကတီးကြားက ချွေးတွေစုပြီး အလစ်မှာ ပက်ပြီး ရအောင်ယူထားတာ ချော့ထားမှ လို့ တွေးပြီး "ကဲ..ပါ မိန်းမရာ အခုပဲ အွန်လိုင်းကနေ လိန်ပျံလက်မှတ်ဝယ်လိုက်ပြီ " လို့ ပြောရသတဲ့..၊ ဟော..ဆိုက်ပရပ်လဲ ရောက်ရော တခါ စိုးမြတ်ဟီရာက တရုတ် ဆိုင်မှာ စားချင်ပြန်ရော..နတ်ကျောက်က ခရက်ဒစ်ကဒ်အကြွေးရင်လေးနေတာမို့.." မင်း ကနမော်နမဲ့နဲ့..၊ အဲဒီဆိုင်က လှေခါးက ခလုပ်တိုက်ပြီးမှောက်လဲအောင် လုပ်ထားတာကွ၊ လာစားတဲ့သူတွေကိုလဲ မှန်ကွဲအောင်လုပ်ခိုင်းပြီးအရော်တောင်းနေကြ.မင်းကိုယ်လုံးကြီးနဲ့ မှန် ၁၀ ချပ်လောက် ကွဲသွားနိုင်တယ်" လို့ ပြောပေမဲ့ '" ဟင့်အင်း..ဟင့်အင်း..အဲဒီမှာ အိုက်စကလင် ဆာတေး စားမလို့ ကြံနေတာကြာပေါ့" လို့ စိုးမြတ်ဟီရာက အမူပိုပို ပြန်ပြောသတဲ့..၊ သူလဲပြောရော နတ်ကျောက်တောင် အဲဒီဆိုင်က တရုတ်မရဲ့ အာတာပူစီ မီးကင်ရွရွကြီး ကြီးကို မျက်စေ့ထဲ ပြေးမြင်သတဲ့..ရှလွတ်... စားသောက်ဆိုင်မသွားခင် beach မှာရေကူးချင်တယ်ဆိုပြီး စိုးမြတ်ဟီရာက ရေကူးဝတ်စုံနဲ့ ရေထဲလဲဆင်းရော..နတ်ကျောက်ကြီးခမြာ အလန့်တကြားဖြစ်သွားသတဲ့..၊ " ဟာ.....မင်း...ဗိုက်ပူ တင်ကားကြီးနဲ့ စင်ကာပူက ဟို ဘလော့ကာ မမ ဝဝကြီးတွေ လို ဖြစ်နေပါ့လား" အဲ လို အားပေးစကားသံလဲကြားရော...စိုးမြတ်ဟီရာအရမ်းဒေါသဖြစ်သွားသတဲ့.."တော် ..ဘာစကားပြောတာလဲ ကျုပ်ဗိုက်ပူနေတာ ရှင့် ကြောင့်..ရှင့်ကြောင့်.." လို့ ပြောပြီး မေ့လဲ သွားလို့ 911 ခေါ်ပြီးဆေးရုံပို့လိုက်တော့ သမီးတော်လေးတပါး ဖွားမြင်သတဲ့..၊ သူ့နာမည်ကို အက်ဖရိုဒိုက်လို့မှည့်ပေမဲ့ လူတွေကတော့ white angle အဖြူရောင်နတ်သမီးလေးလို့ ခေါ်ကြသတဲ့..နတ်သမီးလေးမွေးတဲ့နေ့က....နိုဝင်ဘာလ ၁၉ ရက်နေ့တဲ့....

ကိုင်း...ဘကျောက်ပြောတဲ့ပုံပြင်ကတော့ ဒါပါပဲကွယ်..
................................................





နတ်သမီးရဲ့မွေးနေ့ရောက်တိုင်း ပုံပြောပြတတ်သော ဘကျောက်နှင့်တကွ...
ကဗျာနဲ့ ဆုတောင်းများ၊ မွေးနေ့ကဒ်များ၊ မွေးနေ့သီချင်းများကို ပို့ပေးကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်..။





































Reply






Forward











Wednesday, November 25, 2009

“ မွေးနေ့ရှင်အတွက်ဆန္ဒမွန် ”

နတ်သမီးရေ့ 
ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေလို့
အဝေးကနေပဲဆုတောင်းပေးလိုက်ရဲ့  ။
နတ်သမီးရေ့ 
မွေးနေ့ကဗျာမရေးပေးရင်
ကမ္ဘာတည်သမျှမုန်းပြစ်မယ်လို့ ခြိမ်းချောက်တာကို
ကြောက်သွားလို့တော့မဟုတ်ပါဘူး
ဒါပေမယ့်လည်း
သူငယ်ချင်းတွေဂရုစိုက်တာကို
ခံချင်တဲ့ နတ်သမီးမွေးနေ့အတွက်
အမှတ်တရအဖြစ်
စကားလက်ဆောင်တွေ
ကမ်းပေးခဲ့မယ့့်  ။
နတ်သမီးရေ့ 
အရာရာတိုင်းမှာ
ဘက်နှစ်ဖက်စီရှိကြလို့
တဖက်အစွန်းရောက်တာမျိုးမဖြစ်စေဖို့
ဦးနှောက်နဲ့နှလုံးသားကို
မျှတအောင်ထားပြီးတော့
စဉ်းစားဆုံးဖြတ်ပေါ့  ။
နတ်သမီးရေ့ 
လေ့လာရေးရဲ့ရန်သူဟာ
ကိုယ့်ကိုကိုယ်ကျေနပ်နှစ်သိမ့်နေမှုပဲတဲ့
နဲနဲသိချင်ရင်တော့
အနည်းငယ်လေ့လာ
များများသိချင်ရင်တော့
ဇွဲနဲ့မာန်နဲ့လေ့လာရတော့မပေါ့
နတ်သမီးရဲ့ blog ကိုဝင်တဲ့အခါတိုင်း
မန်း ( Comment ) မထားခဲ့နိုင်တာကိုလည်းပဲ
ခွင့်လွှတ်ပေးပါ့  ။
နတ်သမီးရေ့ 
ကိုယ်တတ်စွမ်းသမျှ
လောကကြီးကိုအလှဆင်ဖို့
နည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတဲ့အခါမှာ
အတွေ့အကြုံဆိုတာက
အကောင်းဆုံးဆရာပါ့  ။
နတ်သမီးရေ့ 
ကွန်ပျုတာအင်တာနက် ခေတ်ထဲ့မှာ
ပညာရှိတွေ မဟုတ်ကြပေမယ့်
ဝါသနာတချို့တူကြလို့
အခုလို ခင်ကြရတာကိုလည်းပဲ
ဝမ်းသာသပ နတ်သမီးရ့  ။
နတ်သမီးရေ့ 
လောကကောင်းကျိုးကို
နိုင်သလောက်ဆက်သယ်ပိုးကြဖို့
လွတ်လပ်တဲ့အတွေးအခေါ်
အသိအမြင်တွေကို
အများတကာ ဗဟုသုတရအောင်ဖြန့်ဝေနိုင်ဖို့
အတွေးအခေါ်အသိအမမြင်တွေကို
လွတ်လပ်စွာပဲ အန်ထုတ်ကြစို့  ။
နတ်သမီးရေ့ 
မအားလပ်တဲ့ကြားက
မွေးနေ့မှာအမှတ်တရဖြစ်အောင်
ဗဟုသုတရစရာ စကားတချို့ကိုမျှဝေခဲ့ပြီ့း့ 
Happy birthday to you.
May all your wishes come true in your life.
Wishing you very wonderful
Happy birthday for you. Cheers
အဖြူရောင်နတ်သမီးတယောက်
ယခုမွေးနေ့မှစပြီး
အများတကာကောင်းကျိုးတွေ
ဆထက်တပိုးများစွာ ထမ်းရွက်နိုင်ပါစေသော်ဝ့့်  ။
ကဲ့  နတ်သမီးရေ့ 
အမှတ်တရမွေးနဲ့ ကဗျာရေးပေးပြီးတော့
နတ်သမီး blog မှာကိုယ်တိုင်ရေးကာမျှဝေထားတဲ့
Hot Ice Cream ခေါ် ရေခဲမုန့်ကြော်ကိုပဲ
မွေးနေ့မုန့်အဖြစ် ၀အောင်ကျွေးပါတော့  ။
ဇာနည်မောင်
မှတ်ချက့့်  ( အဖြူရောင်နတ်သမီး bl0g ပိုင်ရှင် blogger သူငယ်ချင်း မနန်းမ၀ ၂၀၀၉ ခုနှစ် မွေးနေ့အမှတ်တရ )

မွေးနေ့ပွဲလေး ပြီးဆုံးသွားခဲ့ပေမယ်...
မွေးနေ့လက်ဆောင် ကဗျာလေးတွေ ကြားထဲမှာ ကျမပျော်ရွှင်နေဆဲပါ....
မဖော်ပြတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ်...
တန်ဖိုးရှိလှတဲ့ ကိုဇာနည်ရဲ့ မွေးနေ့ဆုတောင်းလေးကို ပြန်ဖတ်ရင်း
တန်ဖိုးထားတဲ့ အနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်...
စာမေးပွဲရှိတဲ့ကြားထဲက အချိန်ပေးပြီး မွေးနေ့ဆုတောင်းပို့ပေးခဲ့တဲ့ ကိုဇာနည်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်....

မှတ်ချက်။ ။ ရောက်လာတဲ့ မွေးနေ့ဆုတောင်းတွေထဲမှာ အရှည်ဆုံး မွေးနေ့ဆုတောင်းအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

Sunday, November 22, 2009

ကျမရင်ကို စွဲကိုင်လှုပ်ရမ်းလိုက်သော...သူတို့(အပိုင်း၂)

အဖြူရောင် ကဗျည်းကျောက်စာတိုင်ထဲက “အမှတ်တရ
နိုဝင်ဘာ၁၉”

“ခင်မင်မှုတွေ စတည်လို့
မမြင်နိုင်တဲ့သံရောဇဉ်
စာတွေရေးရင်းရောက်ခဲ့ရ
Angelလေးရဲ့အိမ်ဂေဟာ”........
(ဒဏ္ဍာရီ)
“အိပ်မက်တွေကိုစိုးမိုးတဲ့သူရေ
ဧဒင်ဥယျာဉ်ကြီးအသစ်ဖန်ဆင်းပေးပါမယ်
ပီသတဲ့ရင်ခုန်ခြင်းပြုံး၍လည်းနားဆင်ပါ
ပီသတဲ့ရင်ခုန်ခြင်းရယ်(ရီ)၍လည်းနားဆင်ပါ”............
(ဝက်ဝံလေး)
“အကာအရံများစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့အလင်းတန်း
ကမ္ဗာလာမြေလွှာတွေလန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတိုအလင်းနဲ့
ချက်ချင်းဖန်ဆင်းလိုက်တယ်”..........
(ညရဲ့ကောင်းကင်)
“အသွင်တမျိုးနဲ့
ယဉ်လဲ့ဖြူစင်တဲ့အပြုံးဆောင်
ရောင်စုံဖြာဘလောဂ်ရွာလေးထဲမှာ
နတ်ရေးတဲ့ဖူးစာတွေ့စေဖို့
သမင်လည်ပြန်မခို့တရို့နဲ့မို့
မီးမထွန်းပဲလင်းလှစွာအေးဆေး
မွေးဖွားလာပေးသူတယောက်”.....
(ကိကီ)
“နိုဝင်ဘာ၁၉ဒီလိုနေ့မျိုးမှာ
မရိုးနိုင်တဲ့စာလုံးတွေသီကုံး
တကမ္ဘာလုံးအတွက်မဆုံးနိုင်တဲ့
အိပ်မက်တွေပေးမက်မယ့်
သူမကိုမွေးဖွားခဲ့တယ်”.....
(Promise)
“အဖြူရောင်သင်္ကေတနဲ့
နှင်းမှုန်တွေကြားမွေးဖွား
သူငယ်ချင်းတွေကိုနှင်းကလေးလို
အေးမြဖြူစင်စေသူ”.......
(တောလူသစ်)
“သူမဘဝကပန်းချီဆန်တယ်
မှော်ဆရာပျိုးတဲ့ပန်းတစ်ပွင့်ပေါ့
ဥယျာဉ်မှုးသူမက
ပန်းကလေးတွေကြည့်ပြီး
ကြည်နူးတတ်သူ”...........
(သက်တန့်ချို)


“ဝိုင်းစက်ဝန်းနက်မျက်သစ်စတို့
ပိုင်ဆိုင်ပြီးသော်ထင်သောနှာတံ
ပြည့်သောနှုတ်ခမ်းချိုသောအပြုံး
ကြည့်သောနှလုံးပိုင်ရှင်သည်
်အဖြူရောင်နတ်သမီးမည်၏”....
(မောင်ဘကြိုင်)
“ကမ္ဘာတစ်ခွင်လှည့်လည်စီးဆင်းနေတဲ့
ရေစီးကြောင်းတို့ရဲ့ချီတက်သံတွေက
အဖြူရောင်နတ်သမီးလေးအတွက်တော့
ခွန်အားတွေပဲပေါ့”......
(ဖိုးစိန်)
“စမ်းရေလိုအေးပန်းလိုလည်းမွှေး
ပြည့်စုံမှုဘဝလူ့လောကမှာ
စိတ်အေးချမ်းသာကျန်းမာစွာနဲ့
နေနိုင်ပါစေနော်”.........
(နေစစ်သူ)



“အားလုံးက
ငေးမောအားကျရမယ့်
နတ်သမီးပုံပြင်ထဲက
အဖြူရောင်နတ်သမီးပေါ့
ပန်းနုရောင်နှလုံးသားမှာလည်း
တစ်စုံတယောက်ကိုချစ်တဲ့အချစ်တွေနဲ့
ပြည့်စုံလှပနေခဲ့”.....
(သိင်္ဂါကျော်)
“လက်ဖဝါးနုနုမှာအက္ခရာတွေဥထားတဲ့
လင်းတစက်စက်မျက်တောင်လေးရဲ့
ပန်းရောင်ပျပျ'နမ်းမဝ'ဘဝမှာ
'ပထမ'ဆိုတဲ့အယူတော်နမိတ်ကို
အပြုံးဂုဏ်ဒြပ်ထဲထည့်ခံစားချက်ကိုလက်ဆွဲ
ရာဇဝင်ထဲမှာခရီးဆက်အုံးမယ်”.....
(မိုးစက်အိမ်)
“ပျံသန်းလာခဲ့မယ်
်အလင်းမဲ့ရပ်ဝန်းများဆီသို့
နုနယ်တဲ့အတောင်ပံတစ်စုံကိုဖြန့်ကျက်ရင်း
ငါ...ပျံသန်းလာခဲ့မယ်”......
(ဏီလင်းညို)



“ပါတီပွဲလေးတစ်ခု
မင်းရဲ့Birthday ...မို့
ငါ့ရဲ့ခြေအစုံဟာ
ထူးခြားစွာပေါ့ပါးနေခဲ့တယ်”.......
(Moon)
“ဘယ်သူမဆိုကိုယ့်ခရီးမှာ
ကိုယ့်မီးနဲ့ကိုယ်ပဲလေ...
ကိုယ့်အပင်ကိုယ့်အသီးအပွင့်
မြင့်မြတ်ရှင်သန်ဖွံ့ထွားဖို့
နိုးကြားသင့်ပေရဲ့”.......
(ကိုနောင်)
“အဲဒီချဉ်ခြင်းတွေတက်တက်နေသမျှ
အိပ်ရာထတိုင်းကဗျာကိုပက်ချင်နဲ့သောက်ရမှ
ကြေနပ်နေတဲ့ငါ”....
(အရုပ်ကလေး)



“လောဂဓံအလယ်
ကြုံလာသမျှအခက်ခဲတိုင်း
တစ်ကိုယ်တည်းသာ
လျှောက်လှမ်းရင်းနဲ့
ရင်ဆိုင်အံတုထိုးခွင်းလှဲမယ့်
“အဖြူရောင်နတ်သမီး”....
(မိုးငွေ့)





အခုတော့လည်း “အဖြူရောင်နတ်သမီး”ရဲ့
“အမှတ်တရ နိုဝင်ဘာ၁၉”ဆိုတဲ့
ကဗျည်းကျောက်စာတိုင်ရဲ့ရှေ့မှာ
ကဗျာရှင်တို့ကို အရိုအသေပေးရင်း
ကဗျာတွေရဲ့ကြားမှာ နတ်သမီးလေးပျော်နေတယ်....
ပြီးတော့....ကြည်နူးနေတယ်....
ပြီးတော့...ပြုံးနေတယ်....
ပြီးတော့....
ပြီးတော့....
ပြီးတော့......
(Comment နေရာတွင်သော်လည်းကောင်း၊ CBox နေရာတွင်သော်လည်းကောင်း မွေးနေ့ဆုတောင်း ရေးပေးခဲ့ကြသော မောင်နှမများနှင့် ကဗျာလက်ဆောင် ပေးပို့သူ မောင်နှမများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် မတော်တဆ ရေးရန်ကျန်ရှိခဲ့သော ကဗျာ၊အမည်များကို အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်)
နတ်သမီးအတွက် ပုံပြင်လေးတစ်ပုဒ်လက်ဆောင်ရေးပေးခဲ့သော ဘကျောက်( ရွှေရတုမှတ်တမ်း )ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း...။


အားလုံးကိုချစ်တဲ့ ......နမ်းမဝ(အဖြူရောင်နတ်သမီး)

Saturday, November 21, 2009

ကျမရင်ကို စွဲကိုင်လှုပ်ရမ်းလိုက်သော...သူတို့(အပိုင်း၁)


ထိုးနှက်လိုက်ကြတာ....
စွဲကိုင်လှုပ်ရမ်းလိုက်ကြတာ...
ကျမတကိုယ်လုံး...ဟိုး...အဝေးဆီကို လွင့်ထွက်သွားလောက်အောင်ကို တွန်းပို့လိုက်ကြတာ....
ကြည်နူးခြင်း..ဝမ်းသာခြင်း..ပျော်ရွှင်ခြင်း..ပြီးတော့ သူတို့ဆီက ကျမရလိုက်တဲ့ နွေးထွေးခြင်းတွေ တပွေ့တပိုက်ကြီးနဲ့ ကျမရဲ့ပါးပေါ်ကို လိမ့်ဆင်းကျလာတဲ့ ပီတိမျက်ရည်တွေနဲ့ ကျမလေ.....
အကျေနပ်ကြီးကို ကျေနပ်ရင်း...ကဗျာလေးတွေရဲ့ကြားမှာ အလုပ်များနေခဲ့တယ်...။
ကျမရဲ့ ရင်ကို ထိုးဖောက်ဝင်ရောက်နေတဲ့ အဖြူရောင်မြားချက်တွေကို တခုစီ ဆွဲနှုတ်ယူရင်း ကျမစိုက်ထူထားတဲ့ “ရင်ထဲက အဖြူရောင် ကဗျည်းကျောက်စာတိုင်”မှာ တခုစီနေရာချနေပါတယ်...။

“မွေးနေ့ကဗျာ မရေးပေးရင် ကမ္ဘာတည်သမျှ မုန်းပြစ်မယ်လို့ ခြိမ်းချောက်တာကို ကြောက်သွားလို့တော့ မဟုတ်ပါဘူး..။ ဒါပေမဲ့လည်း သူငယ်ချင်းတွေ ဂရုစိုက်တာကို ခံချင်တဲ့ နတ်သမီးမွေးနေ့အတွက် အမှတ်တရအဖြစ် စကားလက်ဆောင်တွေ ကမ်းပေးခဲ့မယ်”.....(ဇာနည်မောင်)



“အတ္တမာန ကင်းစင်ပြီး
ဖြူစင်ကြည်လင်သော
ရောင်စဉ်မေတ္တာ အပြည့်နဲ့
နတ်သမီးလေး တပါးအလား
သမီးလေးတယောက်ကို
မီးဖွားသန့်စင်ခဲ့တဲ့
မွေးနေ့မင်္ဂလာအထိမ်းအမှတ်
နေ့မြတ်(နိုဝင်ဘာ ၁၉)ကို ရောက်ရှိလို့ လာခဲ့ပြန်ပေါ့”.....
(ပူးတေ)

“နိုဝင်ဘာ ၁၉...
အဲဒီနေ့လေးမှာ နိုဝင်ဘာမိုးလေး အဖွဲဖွဲရွာနေမယ့်အချိန်လည်းဖြစ်ချင်ဖြစ်မယ်။
ဇာပုဝါ အဖြူရောင် နှင်းမှုန်တွေလွှမ်းခြုံထားတဲ့ နေ့တနေ့လည်း ဖြစ်ချင်ဖြစ်မယ်။
အဲဒီနေ့လေးမှာ ကြယ်ပွင့်တွေလို တောက်ပတဲ့ မျက်ဝန်းနဲ့ နှင်းဆီပွင့်ဖတ်လို
နှုတ်ခမ်းတစုံကို ပိုင်ဆိုင်ထားတဲ့ အဖြူရောင်နတ်သမီးလေးတပါး ဖွားမြင်ခဲ့ပါတယ်”....
(မိုးငွေ့)

“အ..စဉ်ထာဝရ

ဖြူ..စင်ခြင်းများနဲ့

ရောင်..စဉ်ဖြာကို

နတ်..ဘုံနန်းလိုနေရာလေးမှာ

သ..ခင်မလေး နမ်းမဝ

မီး..အိမ်ရှင်လေးအဖြစ် လမ်းပြနိုင်ပါစေ”.....(Anonymous)


“နတ်သမီးမွေးနေ့မှ စ၍
တိတ်စိတ်ခြောက်ကပ် အိပ်ပျက်ညတွေ လွန်မြောက်
ဘဝရဲ့ တန်ဖိုးထားရာ တခဏတာတွေ
ခဏခဏပိုင်ဆိုင်
တန်ဖိုးထားမြတ်နိုးရာတွေ
ကြာကြာသိမ်းဆည်းရရှိနိုင်ပါစေ”....
(ဝင်းမင်း-ရိုးမအရိုင်းပန်း)

“ညီမအဖြူရောင်နတ်သမီးအတွက်မွေးနေ့အကြို လက်ဆောင်လေးတွေ
ပို့ပေးလိုက်ပါတယ်..ညီမရေ။
မွေးနေ့မှာ အွန်လိုင်းမှ မိတ်ဆွေ မောင်နှမများနဲ့ အတူ
ပျော်ရွှင်ချမ်းမြေ့ဘွယ်ကောင်းတဲ့ မွေးနေ့လေးကို
ကျင်းပနိုင်ပါစေ”....
(ဝါဝါခိုင်မင်း)


“ဟဲလို...ဓာတ်ပုံလုပ်ပြီး ပို့လိုက်တယ်..သိလား..ကြိုက်လားတော့ မသိဘူး...မလုပ်တတ် လုပ်တတ်နဲ့ ပို့ထားတယ်...“ဝက်လေး”ပုံ မမြင်ဘူးသေးဘူးနဲ့ တူတယ်နော်...ဟဲ..ဟဲ..ပို့ပေးလိုက်တယ်..သိလား..ဘိုင်..တာ့တာ”...(ဝက်ဝံလေး)


“သူငယ်ချင်းထဲမှာ ထူးထူးဆန်းဆန်း နတ်သမီးတယောက်ပါနေတယ်။သူ့အဖေနဲ့အမေ ဘယ်သူမှန်းမသိဘူး..၊ ဒီနေ့ သူ့မွေးနေ့..တဲ့..။ဆရာစံဇာနည်ဘိုဆီသွားပြီး ဇာတာစစ်တော့ နတ်သမီးကို ဗေဒင်မေးလို့ မရဘူးတဲ့..။ဒါနဲ့..တရုတ်ဘုံကျောင်းသွားပြီးတရုတ်ဘုန်းကြီးကျောင်းသွားမေးတယ်..။ဘုန်းကြီးနဲ့တွေ့တော့...သူက..ni hao!...တဲ့.....”
(White lotus)


“မွေးနေ့လက်ဆောင် ပန်းလေးပါ..ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ..။
ကဗျာမစပ်တတ်လို့ ဓာတ်ပုံလေးပဲ ပေးလိုက်ပါတယ်..။
အဖြူရောင်နတ်သမီးပန်းလေး..လိုချင်တယ်ဆိုလို့”....
(Vista)


“ပျော်ရွှင်တဲ့ မွေးနေ့မင်္ဂလာဖြစ်ပါစေလို့ ဆုတောင်းပေးရင်း
မွေးနေ့လက်ဆောင် စာအုပ် ပို့ပေးတာပါ”...
(ကိုလူထွေး)

“မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပါစေ”...

(မြတ်မွန်)


“ညလေး..နှင်းဟေမာ ကိုယ်တိုင်လုပ်ထားတဲ့ မွေးနေ့ကဒ်လေးကို မမအတွက် ပို့ပေးလိုက်တယ်၊ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း မမအတွက် အာဝါး...နော်” (နှင်းဟေမာ)


နိုဝင်ဘာ၁၉မှာအဖြူရောင်နတ်သမီးမွေးနေ့ပါ

၁၉xxဖေဖေမေမေ့သမီးပြုံး

ဇာတိxx၊xခရိုင်သိရင်သိကြနိုင်

ကြုံကြံ့ခိုင်တဲ့ဇာမဏီသမီး

ဆိုက်ပရပ်မှာတကိုယ်တည်းမငြီး

ပျော်ရွှင်စရာမွေးနေ့ဖြစ်သတည်း”...

(ဒါဗြဲ..)ခုနှစ်၊မွေးရပ်မသိလို့xx/xxပဲရေးပေးလိုက်တယ်...သဘောပေါက်စ်စ်စ်(ကိကီ)

“ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ”..(မိုးခါး)



“နတ်သက် တထောင်ရှည်ပါစေသော်”...(ရွှေရတုမှတ်တမ်း)


“ညီမရေ...လက်ဆောင်လေးကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်”...(busymozzee)



“မွေးနေ့က(၁၈)နှစ်ပြည့် မဟုတ်ဘူးဆိုလည်း လိုတဲ့နှစ်တွေကို စိတ်ထဲမှာ ပေါင်းထည့်လိုက်ပါဗျာ...” (July Dream)


“ Happy Birthday to you”....(Waing)


“ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ”...(ကိုအောင်-ပျူနိုင်ငံ)

“လတန်ဆောင်တိုင်သူ...လို့ ကြွေးကြော်သူ

ချစ်သော အမနမ်းမဝ

ရင်အေးသောအပြုံးဖြင့်

အစဉ်ထာဝရပြုံးပျော်နိုင်ပါစေ”...(ဆွေလေးမွန်)

ကျမရင်ကို စွဲကိုင်လှုပ်ရမ်းလိုက်သော...သူတို့(အပိုင်း၁)


မျှော်..........................

Wednesday, November 18, 2009

ကျမ.....“တန်ဆောင်မုန်းသူ”


“သန်မိုးကုန်စဲ၊နှင်းသေးဖွဲသည်၊ခဝဲပွင့်တုန်း၊တန်ဆောင်မုန်း”ဟုဆိုထားသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့သည်၊တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ ကျီးမနိုးပွဲများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။ တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကိုအဆိုးရသော နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။ “တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစေခြင်းဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။ လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။ တန်ဆောင်မုန်းလသည် ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးဟူသောညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။တန်ဆောင်တိုင်ညသည် ဆေးပေါင်းခသောညဖြစ်သည်ဟု ယူဆပြီး မယ်ဇလီဖူးများကို သုတ်၍စားသည့်ဓလေ့မှာ ယ္ခုအချိန်ထိရှိနေဆဲဖြစ်သည်။ ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည်။ “အလှူမှာကထိန်၊ဆွမ်းမှာ ပိဏ်၊ရတနာမှာစိန်၊ကျောင်းမှာသိမ်”ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟုယုံကြည်ပါသည်။ ထိုသို့ကထိန်သင်္ကန်းကိုကပ်လှူသော သူတို့သည် “အနှောင်အဖွဲ့မှကင်းလွတ်ခြင်း”ဟူသောအကျိုးတရားများကို ရရှိနိုင်ပါသည်။ အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမိမိကထိန်ခင်းလိုသော ရက်ကိုေ၇ွးချယ်၍ မိမိတို့ကိုးကွယ်ရာ ဘုန်းကြီးကျောင်းများတွင် ဆွမ်း၊ထမင်း၊ဟင်းများကိုချက်ပြုတ်၍ ရဟန်းသံဃာတော်များအား အာရုံဆွမ်း ကပ်လှူလေ့ရှိသည်။ အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ်သည်။ မေမေပြောပြချက်အရ ကျမတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ညဘက် ဆွမ်း၊ထမင်း၊ဟင်းများချက်နေစဉ် ကျမကိုယ်ဝန်ကိုလွယ်ထားရသည့် မေမေမှာ ဗိုက်နာလာသဖြင့် ဆေးရုံသို့ပြေးခဲ့ရပြီး နောက်တနေ့(တနင်္ဂနွေ)နေ့နံနက် အာရုံတက်အချိန်မှာ ကျမကိုချောမောစွာ မွေးဖွားခဲ့သည်ဟုဆိုပါသည်။ ဤသို့ဖြင့် ကျမ၏မွေးနေ့ဖြစ်သော တန်ဆောင်မုန်းလသို့ရောက်တိုင်း သံဃာတော်များအား ကထိန်သင်္ကန်ုးကပ်လှူရင်း ကျမ၏မွေးနေ့ပွဲကို ပူးတွဲကျင်းပလေ့ရှိပါသည်။ မြင့်မြတ်လှသည့်တန်ဆောင်မုန်းလတွင် ကျမကိုဖွားမြင်ပေးခဲ့သော မေမေ၊ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့် မိတ်ဆက်ပေးခဲ့သောမေမေအား နို့တလုံးဖိုးမကျေသော်ငြားလည်း ဆံချည်မျှင်တပင်မျှ တာဝန်ကျေချင်သောကြောင့် ကျမ၏မွေးနေ့သို့ရောက်တိုင်း ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပြီး ကျမပြုခဲ့သော ကုသိုလ်ကောင်းမှုအားလုံးကို မေမေ့အားအမျှပေးဝေပါသည်။ ရောက်ရာအရပ်မှမေမေသာဓုခေါ်နိုင်ပါစေ။ စာဖတ်သူ သူငယ်ချင်းများကိုလည်း စားဖွယ်သောက်ဖွယ် အစုံအလင်နှင့် တည်ခင်းဧည့်ခံရင်း နိုဝင်ဘာလ(၁၉)ရက်နေ့မှာကျရောက်တဲ့ ကျမရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာဆင်နွှဲကြပါစို့....။







မဝါ ပေးသော မွေးနေ့ကိတ်




[Image]


ကျမရဲ့မွေးနေ့ပွဲလေး အောင်မြင်စွာကျင်းပနိုင်ရန် အစားအသောက်များကိုစီစဉ်ပေးခဲ့သော Chloe's Chinese Restaurant မှ ဝါရင့်စားဖိုမှုးကြီးများ၊ ကျမမြတ်နိုးသော ကဗျာလေးများကို အမှတ်တရလက်ဆောင်ပေးခဲ့ကြသော Blogger မောင်နှမများ၊ မွေးနေ့ဆုတောင်းတွေအပွေ့တပိုက်ကြီးနဲ့ မွေးနေ့ပွဲကိုတက်ရောက်လာကြသော မိတ်ဆွေများနှင့် စာဖတ်သူများ၊ မွေးနေ့ပွဲကို တိတ်တိတ်လေးတက်ရောက်လာကြသော မိတ်ဆွေများအားလုံးကို ကျမ “နမ်းမဝ”(အဖြူရောင်နတ်သမီး)မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်နှစ်များမှာလည်း ပြန်လည်စုံတွေ့ကြပါစို့။
*အိမ်အပြန် ကားများစီစဉ်ပေးထားပါတယ်။
ဖြေခဲ့စေချင်တာလေးတွေ
၁။အကြိုက်ဆုံးဟင်းက....
၂။အညံ့ဆုံးဟင်းက....
၃။မည်သည့် အအေး၊အရက်၊cocktail ကို သင်သုံးဆောင်သွားပါသလဲ..
၎။မွေးနေ့ပွဲတွင် သင်စိတ်ဝင်အစားဆုံးအရာက...
၅။သင့်ရင်ထဲကစကားတခုခုနှင့် မွေးနေ့လက်ဆောင် ကဗျာလေးချန်ထားခဲ့ပေးပါရန်...။


(Connection အခြေအနေဆိုးကြောင့် post များကို ခွဲတင်လိုက်ရပါတယ်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger