
အခုပဲအလုပ်ကပြန်ရောက်တယ်..
အချိန်က ည၁၂း၃၀..
တစ်နည်းအားဖြင့် 12:30am ပေါ့..
အလုပ်ထဲမှာကတည်းက ဖုန်းနဲ့လှမ်းပြီး Birthday Wish လုပ်ထားပြီးသားမို့ အမှတ်တရPost တင်ဖို့သာကျန်တော့သည့်အတွက် တစ်ဝက်တော့စိတ်အေးရသည်။
ကျမ ချစ်သော သူငယ်ချင်းတွေအပေါ် တာဝန်ကျေချင်သည်..
သူတို့ပျော်လျှင် ကျမလည်းပျော်သည်..။
DJကိုရွှေပုအတွက် ဆိုင်မှာရိုက်လာသည့် ရေခဲမုန့်၊ချယ်ရီသီးနှင့် ဝိုင်ချိုချိုတစ်ခွက်ပုံကို ကိုရွှေပုအတွက် လက်ဆောင်ပေးမည်..။

ကိုယ်တိုင်ကိတ်လုပ်မည်ဟု တွေးထားသော်လည်း ဘယ်လိုမှအချိန်မပေးနိုင်သည့်အတွက် Google Image မှ DJ Cake ကို ရှာပြီးတင်လိုက်ရသည့်အတွက် စိတ်ထဲတွင်မကျေနပ်..
ဆိုက်ပရပ်စ်နိုင်ငံတွင် June,July, August လများသည် စားသောက်ဆိုင်များနှင့် ဟိုတည်များအတွက် အလွန်အလုပ်များသော လများပင်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်..
အလုပ်များသည့်ကြားမှ ကျမ၏အနွံအတာကို အလွန်ခံသော အဖြူရောင်သံစဉ်အွန်လိုင်းရေဒီယိုမှ DJကိုရွှေပု၏မွေးနေ့ပွဲလေးကို အမှတ်တရဖြစ်စေရန် အကျဉ်းချုံးပြီးကျင်းပပေးလိုက်ရပါသည်။
အအေးမျိုးစုံ..နှင့် ကောက်တေးလ်ယမကာများ









ပေါ့ပေါ့ပါးပါးစားစရာများ





အချိုပွဲများ



DJကိုရွှေပုအတွက် မွေးနေ့ကဒ်လေးပါ

DJ Cake လေးနဲ့အတူ..

ယနေ့မှာကျရောက်သော DJကိုရွှေပုရဲ့မွေးနေ့လေးမှ အစပြု၍ ပျော်ရွှင်ချမ်းမြေ့သောဘဝကို ပိုင်ဆိုင်ပါစေ..
အမျိုးသာသနာ ဘာသာကို ထိန်းသိမ်းစောင့်ရှောင်သော အမျိုးသားကောင်းတစ်ယောက်ဖြစ်ပါစေ..
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပါစေ..
မိမိရည်မှန်းထားသော ဘဝပန်းတိုင်ကို မမောမပမ်းပဲ အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း....
“ဟောဟဲ..ဟောဟဲ....မောလို့ ခဏ နားပါရစေ”
ပြန်ဆက်ပြောမည်..
HAPPY BIRTHDAY... DJ SHWE PUwishing you all the best ....