Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, March 14, 2013

Made in China သတိထား

တရုတ်ပြည်မှာ ကလေးတွေသောက်တဲ့နို့မှုံ့ထဲက ဓါထုပစ္စည်းတစ်ခုကြောင့် ကလေးတွေ သေကြတယ်တဲ့။
အခု တရုတ်ပြည်က နို့မှုံ့တွေကို ဘယ်သူမျမဝယ်ရဲကြတော့ဘူးတဲ့။
တရုတ်ပြည်မှာ နို့မှုံ့အခက်အခဲဖြစ်နေတယ်။
ကျမတို့ဆိုင်က တရုတ်လေးတစ်ယောက်က သူ့သူငယ်ချင်းရဲ့ကလေးအတွက် ဆိုက်ပရပ်စ်မှာရောင်းတဲ့ နို့မှုံ့တွေကို လိုက်ဝယ်ပြီး ပို့ပေးနေတယ်။ 



နောက်ဆက်တွဲသတင်းကတော့ ဟောင်ကောင်က နို့မှုံ့တွေကို တရုတ်ပြည်ကို Outside of the Law အနေနဲ့ ယူခွင့်မရှိသလို တရုတ်ပြည်က နို့မှုံ့တွေကိုလည်း ဘိန်းဖြူမှုံ့နဲ့ပုံမှားရိုက
်ပြီး တင်သွင်းမှာစိုးလို့ ဟောင်ကောင်ဖက်က သယ်ခွင့်မပေးပါဘူးတဲ့။
ကောင်းကြသေးရဲ့လား..
အချင်းချင်းမယုံကြတာ..




Made In China သတိထားးးး

Friday, November 9, 2012

သတ္တိ ... Vote ... နောက်ဆက်တွဲ

“စွဲလန်းနေ”ဆိုတဲ့ ဒါရိုက်တာအမည်နဲ့ သတ္တိကိုယ်တိုင်ရိုက်ကူးပြီး၊
“ သတ္တိ ”ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသော “ဝိဥာဉ်ရေးတဲ့ ဒိုင်ယာယီ”
ဇာတ်လမ်းကို နိုဝင်ဘာ(၈)ရက်၊ ည(၇)နာရီတစ်ကြိမ်နှင့်(၁၀း၃၀)တစ်ကြိမ်။
(၉)ရက်နေ့ ည(၈း၄၅)တွင် တစ်ကြိမ် တို့တွင် ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အတွက် မကြည့်လိုက်ရ မရှိရလေအောင် သတင်းကောင်း ပါးလိုက်ရပါတယ်။

အဲဒီဇာတ်လမ်းကိုကြည့်ပြီး မဲပေးချင်တယ်ဆိုရင်တော့
ကုတ်နံပါတ် SD14 ကို မိမိတို့၏ ဖုန်းMessage ထဲတွင်ရိုက်နှိပ်ပြီး
188199 သို့ send ရမှာဖြစ်ပါတယ်။

ပြည်ပရောက်သူငယ်ချင်းတွေပို့မယ်ဆိုရင်တော့
SD14 လို့ရေးပြီး 00951 188199 ကို send ရမှာဖြစ်ပါတယ်။
Vote ဖို့ အချိန် ၁လ ပေးထားတယ်လို့သိရပါတယ်။

Wednesday, November 7, 2012

နန်းခင်ဇေယျာ..၊ယမုံမိုး..၊O Bama...၊ အခုအလှည့်ကျသူကတော့...သတ္တိ




မကြာသေးခင်က ကျမတို့တစ်တွေ Miss Myanmar နန်းခင်ဇေယျာ အတွက် Vote ပြီးကြပြီ..။
ပြီးတော့.. ယမုံမိုး..။
လောလောလတ်လတ် O Bama...။

အခုတစ်ခါ Vote ဖို့ အလှည့်ကျလာသူကတော့ မြဝတီ Documentry မှ စီစဉ်ကျင်းပသော People Choice Award ဆုအတွက် မြန်မာဇာတ်လမ်းတိုအများအပြား ဝင်ရောက်ယှဉ်ပြိုင်ထားကြပါတယ်။

အဲဒီဇာတ်လမ်းများထဲမှ 'ဒါရိုက်တာ၊သရုပ်ဆောင်“ သတ္တိ ”ပါဝင်သရုပ်ဆောင်ထားသော “ဝိဥာဉ်ရေးတဲ့ ဒိုင်ယာယီ”ဆိုတဲ့ ဇာတ်လမ်းလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒါရိုက်တာ အမည်ကိုတော့“စွဲလန်းနေ”လို့ပေးထားပါတယ်။

အဲဒီဇာတ်လမ်းကို နိုဝင်ဘာ(၈)ရက်၊ ည(၇)နာရီတစ်ကြိမ်နှင့်(၁၀း၃၀)တစ်ကြိမ်။

(၉)ရက်နေ့ ည(၈း၄၅)တွင် တစ်ကြိမ် တို့တွင် ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အတွက် မကြည့်လိုက်ရ မရှိရလေအောင် သတင်းကောင်း ပါးလိုက်ရပါတယ်။

အဲဒီဇာတ်လမ်းကိုကြည့်ပြီး မဲပေးချင်တယ်ဆိုရင်တော့ ကုတ်နံပါတ် SD14 ကို မိမိတို့၏ ဖုန်းMessage ထဲတွင်ရိုက်နှိပ်ပြီး (........)သို့ SMS ပေးပို့ရမှာ ဖြစ်ပါတယ်၊
ဇာတ်ကားပြသပြီးချိန်တွင် SMS ပေးပို့ရမည့် ဖုန်းနံပါတ်ကို ထပ်မံကြေငြာပေးပါ့မယ်။
ပေးပို့ရမယ့် ဖုန်းနံပါတ်ကို အခုကတည်းက ကြိုပြီး မပြောတာက ပြိုင်ပွဲစည်းကမ်းအရဖြစ်တာကတစ်ကြောင်း၊
ကြိုတင် ပြောလိုက်ရင် ဇာတ်ကား မကြည့်ရသေးပဲနဲ့ ဆန္ဒတွေစောပြီး ကြိုပို့ကြမှာစိုးလို့ပါတဲ့



ကဲ..
သတ္တိ ကိုယ်တိုင်သရုပ်ဆောင်ပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့
“ဝိဥာဉ်ရေးတဲ့ ဒိုင်ယာယီ”ဇာတ်လမ်းလေးကို နိုဝင်ဘာ(၈)ရက်၊ ည(၇)နာရီတစ်ကြိမ်နှင့်(၁၀း၃၀)တစ်ကြိမ်။
(၉)ရက်နေ့ ည(၈း၄၅)တွင် တစ်ကြိမ် ပြသမှာဖြစ်တဲ့အတွက် လက်မလွတ်ကြဖို့ သတိပေးရင်း...

အကြိုက်ခြင်းတူရင် Vote လိုက်ကြစို့သူငယ်ချင်း...

Sunday, August 26, 2012

“စည်းလုံးခြင်းသံစဉ်”အွန်လိုင်းရေဒီယို မိတ်ဆက်


“အဖြူရောင်သံစဉ်အွန်လိုင်းရေဒီယို”သည် (၅)နှစ်ကြာ ရပ်တည်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းခဲ့ပြီး (၁၀.၀၈.၂၀၁၂) ရက်နေ့တွင် “စည်းလုံးခြင်းသံစဉ်” အွန်လိုင်းရေဒီယိုကို လည်းကောင်းဝန်ထမ်းများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

တေးချစ်သူများအတွက် အကောင်း ဆုံးဖြစ်အောင် အမြဲကြိုးစားမယ့် စည်းလုံးခြင်းသံစဉ်~MUMC ကို အားပေးနေကြသော ပရိတ်သတ်ကြီးအတွက် Online Radio မှ ၂၄ နာရီ တေးချစ်သူတို့ ကြိုက်နှစ်သက်ရာ တေးသီချင်းများကို ထုတ်လွှင့်ပေးနေပါကြောင်းနှင့်
MUMC Radio ရဲ့ တေးသီချင်းထုတ်လွှင့်မှုများကို ကြိုက်နှစ်သက်တယ် ဆိုရင် MUMC FAN PAGE မှ ပို့စ်များကို Share လုပ် ခြင်း / Gtalk တွင် songrq4radio@mumcrew.net ကို add ပြီး သီချင်းတောင်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


http://www.mumcrew.net/ >>http://wma2.viastreaming.net/MUMC

>>Chat Room>> http://chat.mumcrew.net/.

Wednesday, July 6, 2011

လွမ်းဖို့မလိုတော့ပါ


ကျမအပါအဝင် ဆိုက်ပရပ်စ်နိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာများအတွက် ဖိလစ်ပိုင်နိုင်ငံမှ ထုတ်လုပ်သော ငပိရည်ကြို တစ်ပုလင်းကို ၂ယူရိုခွဲနှုန်းဖြင့် ဖိလစ်ပိုင်လူမျိုးများရောင်းချသော ကုန်စုံဆိုင်များတွင် လိုသလောက်ဝယ်ယူနိုင်ပြီဖြစ်သဖြင့် ကျမအပါအဝင် ငပိရည်ကြိုက်နှစ်သက်ကြသော မြန်မာများမှာ အမိမြန်မာပြည်နှင့် ဝေးနေရပါသော်လည်း ငပိရည်ကို လွမ်းဖို့မလိုတော့ပါကြောင်း.... သတင်းကောင်းပါးရင်း ယနေ့ ကျမရဲ့ထမင်းပွဲလေးကတော့ ပုဇွန် အာလူးဆီပြန်၊ မုန်လာဥချဉ်ရည်ဟင်းနဲ့ ငပိရည်ကြိုတို့ပဲဖြစ်ပါတယ်..။
သုံးဆောင်သွားကြပါအုံးနော်...။








Monday, December 20, 2010

ဆိုက်ပရပ်စ်ကို အဖျားခတ်သွားသော မုန်တိုင်းလက်ကျန်


တပတ်တိတိ ရာသီဥတုဆိုးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပင်လယ်ဟာ သူမဟုတ်သလိုပါပဲ..။
ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်ရင်း ပျက်စီးသွားခဲ့တဲ့ လူသွားလမ်းပေါ်က နေရာတချို့ကို ဓာတ်ပုံရိုက်ယူရင်း အမှတ်တရဖြစ်စေဖို့ ပို့စ်အဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။



ကျမအလုပ်ရဲ့ ဆိုင်ရှေ့က ရိုက်ထားခြင်းဖြစ်ပါသည်။
ပင်လယ်နဲ့ကပ်နေတဲ့ ကော်ဖီဆိုင်လေးကတော့ ပြန်လည်ပြုပြင်ပြီးလို့ စားသုံးသူတွေနဲ့ စည်ကားလျှက်ရှိနေပြီး တွေ့မြင်နေရတဲ့ ခုံတန်းလေးများမှာလည်း ပျက်စီးသွားသော ခုံများအစား အစားထိုးရောက်ရှိခဲ့ပါပြီ။

Friday, December 17, 2010

ဆိုက်ပရပ်စ်ကို အဖျားခတ်သွားသော မုန်တိုင်း




၁၁.၁၂.၂၀၁၀(စနေနေ့ည)နှင့် ၁၂.၁၂.၂၀၁၀(တနင်္ဂနွေနေ့မနက်)က အီဂျစ်နိုင်ငံကမ်းခြေတွင် တိုက်ခတ်သွားသော မုန်တိုင်းသည် ဆိုက်ပရပ်စ်နိုင်ငံမှ ကမ်းခြေများကိုပါ အဖျားခတ်သွားခဲ့သည်။
၁၁.၁၂.၂၀၁၀(စနေနေ့)ညက ဆိုးဝါးလွန်းသည့် ရာသီဥတုကြောင့် ကမ်းခြေတလျှောက်တွင် ကျောက်ချထားသော စက်လှေတချို့နှင့် ငါးဖမ်းလှေတချို့အပျက်အစီးများရှိခဲ့သည်။
လူသွားလမ်းနှင့် ကားလမ်းများပေါ်အထိ ပင်လယ်လှိုင်းလုံးများ တက်လာသဖြင့် ပင်လယ်ကမ်းစပ်မှ ကားလမ်းများကို ယာယီပိတ်ထားခဲ့ရသည်။ ကမ်းခြေဘေးမှ စားသောက်ဆိုင်များအတွင်းသို့ ပင်လယ်ရေလှိုင်းများဝင်ရောက်ရိုက်ခတ်ခြင်းကြောင့် အလှစိုက်ပန်းအိုးများ၊ စားပွဲနှင့် ကုလားထိုင်တချို့ပျက်စီးခဲ့ရသည်။
ကျမအလုပ်လုပ်သော စားသောက်ဆိုင်နှင့် ပင်လယ်မှာ ကားလမ်းခြားနေသဖြင့် ထိခိုက်ပျက်စီး မှုဘေးမှ လွတ်မြောက်ခဲ့သည်။ဖော်ပြပါ video file မှာ ၁၂.၁၂.၂၀၁၀(တနင်္ဂနွေနေ့)နေ့လည်၁၂နာရီခန့်တွင် ကျမကိုယ်တိုင် ရိုက်ထားသောပုံရိပ်များဖြစ်ပါသည်။ video file ၏ အဆုံးပိုင်းတွင် ပင်လယ်ကို စုတ်ယူနေသော လေဆင်နှာမောင်းကို အဝေးမှ လှမ်းမြင်နိုင်ပါသည်။

Tuesday, April 20, 2010

၂၀၁၀ ဆိုက်ပရပ်စ်နိုင်ငံ မှာကျင်းပတဲ့ သင်္ကြန်


၁၈.၀၄.၂၀၁၀(တနင်္ဂနွေ)နေ့၊ နေ့လည် ၁၂နာရီက ဆိုက်ပရပ်စ်နိုင်ငံ နီကိုဆီးယားမြို့၊ဆိုရှယ်စင်တာတွင်ကျင်းပခဲ့သည့် မြန်မာနှစ်သစ်ကိုကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ရာ ထိုပွဲတော်တွင် ဆိုက်ပရပ်စ် နိုင်ငံရောက် မြန်မာများ၊ ဖိလစ်ပိုင်လူမျိုးများ၊ အိန္ဒိယ လူမျိုးများနှင့် ဖိတ်ကြားထားသော UNမှ ဧည့်သည်တော်များ ပါဝင်သော ပရိသတ်(၁၂၀)ဦးခန့်တက်ရောက်ဆင်နွှဲခဲ့ကြသည်။
အစီအစဉ်အရ....DJ အဖြစ် တာဝန်ယူသူများကတော့ ကိုစောဝီလီယန်ဝင်းဖေနှင့် မသင်းသင်းတို့ဖြစ်ပြီး၊အခန်းအနားစီစဉ်ကြေညာသူအဖြစ် မမော်က တာဝန်ယူကာ သင်္ကြန်သမီးပျို(၆)ဦးတို့မှ မြန်မာ့ရိုးရာဓလေ့ ဘုရားကန့်တော့ ပုံ၊ ပန်း၊ဆီမီး၊သစ်သီး၊သောက်တော်ရေ ကပ်လှူပုံတို့ကို ဘုရားသီချင်းဖြင့် သရုပ်ပြ ကပြပြီး အခန်းအနားကို စတင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူကြီးများအား လူငယ်များမှ အပြစ်များရှိပါက ခွင့်လွှတ်ပါရန် ရှိခိုးကန်တော့အပြီးတွင် ဆိုက်ပရပ်စ်နိုင်ငံတွင် သာသနာပြုလုပ်ငန်းများနှင့် ဒုက္ခသည်များအားကူညီမှုအသင်းမှ တာဝန်ရှိသူများဖြစ်ကြသော စစ်စတာ အက်ဒလင်း၊စစ်စတာ မက်ဒရင်း၊ နှင့် စစ်စတာ ငြိမ့်ငြိမ့် တို့မှ ဖျော်ဖြေရေးအစီအစဉ်များကြားတွင် အလှည့်ကျ ဆုံးမမိန့်ခွန်းများ အသီးသီးပြောကြားသွားခဲ့ကြသည်။
အမိမြန်မာနိုင်ငံကိုလွမ်းဆွတ်နေကြသော ပြည်ပရောက်မြန်မာများအား ဖျော်ဖြေရေးအဖွဲ့မှ သီဆို ကပြ တင်ဆက်ခဲ့ကြသော ....
(၁)ပပို့စ်မြို့မှ သင်္ကြန်သမီးပျိုလေးများအဖွဲ့မှ “ပိတောက်လက်ဆောင်”ယိမ်းဖြင့်၎င်း၊ (၂)နီကိုဆီးယားမြို့တော်မှ သမီးပျိုလေးများဖြစ်ကြသော နွယ်နွယ်ကျော်ဆွေနှင့် သူဇာတို့၏ “ချမ်းတုံချမ်း”အကဖြင့်၎င်း၊ (၃)တေးဆို-ကိုချမ်းငြိမ်း၊ ကိုတင်ဦး၊ အက-မအိအိဖြိုး တို့၏ “သင်္ကြန်မိုး”ဖြင့်၎င်း၊
(၄)တေးဆို-ကိုသက်နောင်၊ အက-မချိုမော်ဦးတို့၏ “အိပ်မက်စေတမန်”ဖြင့်၎င်း၊ (၅)မဝင်း၊မနှင်းယုကျော်၊ မအိအိဖြိုးတို့၏ “ဟော့တော့”အကဖြင့်၎င်း၊
(၆)တေးဆို-မမော်၊အက-မြယမင်းခင်တို့၏ “မန်းတောင်ရိပ်ခို” ဖြင့်၎င်း၊
(၇)အကြိုနေ့မှ အတက်နေ့အထိ မြန်မာလူငယ်များ၏ ကြည်နူးစရာ ရေကစားပုံ သရုပ်ပြပွဲနှင့်အတူ
(၈)ဖျော်ဖြေရေးအဖွဲ့နှင့် ထိုပွဲသို့လာရောက်သူဧည့်သည်များအားလုံးမှ “နဂါးနီ”သီချင်းကို သံပြိုင်သီဆိုရင်း ရွှေမိုးငွေမိုးရွာသွန်းကာ ဖျော်ဖြေရေးအစီအစဉ်ကို ရုပ်သိမ်းပြီး တည်ခင်းထားသော မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်၊ကောက်ညှင်းထုပ်၊မုန့်ဖက်ထုပ်၊မုန့်ဟင်းခါး၊ကြာဇံချက်၊ ဆီချက်ခေါက်ဆွဲ၊ ဒံပေါက်၊ရွှေရင်အေး၊ မုန့်ဆန်း၊ ကြာဇံကြော်၊ခေါက်ဆွဲကြော်၊ ထန်းသီးမုန့်၊နှင့် အအေးမျိုးစုံတို့ကို တပျော်တပါးစားသောက်ရင်း ရေကစားပွဲကိုဆင်နွှဲကာ မြန်မာ့နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger