Showing posts with label သိမှတ်ဖွယ်ရာ. Show all posts
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts

Monday, April 1, 2013

ဘာသာပြန် Account လေးတွေ

အောက်က အကောင့်တွေ ကို gtalk add လိုက်ရင် ရပြီ...ဘာသာပြန်ပေးလိမ့်မယ်...အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်...
fr2en@bot.talk.google.com (ပြင်သစ်ကနေ အင်္ဂလိပ်ကိုပြောင်းပေးပါတယ်)
en2fr@bot.talk.google.com (အင်္ဂလိပ်ကနေ ပြင်သစ်)
hi2en@bot.talk.google.com (ဟင်ဒီကနေအင်္ဂလိပ်)
en2hi@bot.talk.google.com (အင်္ဂလိပ်ကနေဟင်ဒီ)
it2en@bot.talk.google.com (အီတလီကနေအင်္ဂလိပ်)
it2en@bot.talk.google.com (အင်္ဂလိပ်ကနေအီတလီ)
ja2en@bot.talk.google.com (ဂျပန်ကနေအင်္ဂလိပ်)
ko2en@bot.talk.google.com (ကိုရီးယားကနေအင်္ဂလိပ်)
en2ko@bot.talk.google.com (အင်္ဂလိပ်ကနေကိုရီးယား)
nl2en@bot.talk.google.com (နယ်သာလန်ကနေအင်္ဂလိပ်) en2nl@bot.talk.google.com(အင်္ဂလိပ်ကနေနယ်သာလန်)
no2en@bot.talk.google.com (နော်ဝေးကနေအင်္ဂလိပ်)
en2no@bot.talk.google.com (အင်္ဂလိပ်ကနေနော်ဝေး)
en2pt@bot.talk.google.com (အင်္ဂလိပ်ကနေပေါတူဂီ)
ar2en@bot.talk.google.com (အာရေဗျကနေအင်္ဂလိပ်)
en2ar@bot.talk.google.com (အင်္ဂလိပ်ကနေအာရေဗျ)
ro2en@bot.talk.google.com (ရိုမေးနီးယားကနေအင်္ဂလိပ်) en2ro@bot.talk.google.com(အင်္ဂလိပ်ကနေရိုမေနီးယား)
ru2en@bot.talk.google.com (ရုရှားကနေအင်္ဂလိပ်)
en2ru@bot.talk.google.com (အင်္ဂလိပ်ကနေရုရှား)
sv2en@bot.talk.google.com (ဆွီဒင်ကနေအင်္ဂလိပ်)
en2sv@bot.talk.google.com (အင်္ဂလိပ်ကနေဆွီဒင်)
zh2en@bot.talk.google.com (တရုတ်ကနေအင်္ဂလိပ်)
en2zh@bot.talk.google.com (အင်္ဂလိပ်ကနေတရုတ်)
zh-hant2en@bot.talk.google.com (ရိုးရာတရုတ်ကနေအင်္ဂလိပ်)
en2zh-hant@bot.talk.google.com (အင်္ဂလိပ်ကနေရိုးရာတရုတ်)
zh-hant2zh@bot.talk.google.com (ရိုးရာတရုတ်ကနေနိုင်ငံတကာတရုတ်)
zh2zh-hant@bot.talk.google.com (နိုင်ငံတကာတရုတ်ကနေရိုးရာတရုတ်)
bg2en@bot.talk.google.com (ဘယ်ဂျီလယံကနေအင်္ဂလိပ်)
en2bg@bot.talk.google.com (အင်္ဂလိပ်ကနေဘယ်ဂျီလယံ)
cs2en@bot.talk.google.com (ချက်စကိုလိုဗီးယားကနေအင်္ဂလိပ်)
en2cs@bot.talk.google.com(အင်္ဂလိပ်ကနေချက်)
en2da@bot.talk.google.com (ဒါလဲဘာလဲမသိဘူးဗျသုံးဘူးဘူး)
de2en@bot.talk.google.c(ဂျာမန်ကနေအင်္ဂလိပ်)
en2de@bot.talk.google.com (အင်္ဂလိပ်ကနေဂျာမန်)
de2fr@bot.talk.google.com (ဂျာမန်ကနေပြင်သစ်)
fr2de@bot.talk.google.com(ပြင်သစ်ကနေဂျာမန်)
el2en@bot.talk.google.com (ဂရိကနေအင်္ဂလိပ်)
en2el@bot.talk.google.com (အင်္ဂလိပ်ကနေဂရိ)
es2en@bot.talk.google.com (စပိန်ကနေအင်္ဂလိပ်)
en2es@bot.talk.google.com(အင်္ဂလိပ်ကနေစပိန်)
fi2en@bot.talk.google.com (ဖင်နစ်ရှ်ကနေအင်္ဂလိပ်)
en2fi@bot.talk.google.com (အင်္ဂလိပ်ကဖင်လန် အဲလေယောင်လို့ ဖင်နစ်ရှ်)
en2mm5@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)

Sunday, October 17, 2010

ကျမဖုန်းထဲသို့ ရောက်ရှိလာသော Message တခု


This October is very special.
It has (5)Fridays, (5) Saturdays and( 5) Sundays in 1 month.
This happens once in (823) years. These are known as money bags.
Pass this along to 8 good people and money will appear in 4 days based on the Chinese Feng Shui.
Those who stop it will experience none.

2010 နှစ်၏ ယခုရောက်ရှိနေသော October လသည် အထူးခြားဆုံးလ ဖြစ်သည်။
အကြောင်းမှာမူ ပုံမှန်အားဖြင့် သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့တို့သည် ၁လအတွင်း ၄ကြိမ်နှင့် ၅ကြိမ်ရှိတတ်ကြသော်လည်း သောကြာ၊ စနေနှင့် တနင်္ဂနွေ ၃နေ့လုံးမှာ ၅ကြိမ်အဖြစ်ဖြင့် ၁လအတွင်း တူညီစွာ ကျရန်မှာခဲယဉ်းလှပေသည်။
ဤအဖြစ်အပျက်မျိုးမှာ ၈၂၃ နှစ်တွင် ၁ကြိမ်သာ ဖြစ်ပေါ်တတ်သည့်အတွက် ထူးခြားသောလဟု ခေါ်ဆိုနိုင်ပါသည်။
တရုတ်လူမျိုးများကမူ “ Chinese Feng Shui” အနေဖြင့် ငွေများ အစုလိုက် အပြုံလိုက် ဝင်မည့် အယူ နမိတ်ကောင်းအဖြစ်သတ်မှတ်ပြီး အထက်တွင်ဖော်ပြထားသော စာပိုဒ်ကို နီးစပ်ရာသူငယ်ချင်းများဆီသို့ Forward message များပို့လျှက်ရှိရာ ကျမထံသို့ ရောက်ရှိလာသဖြင့် စာဖတ်သူ သူငယ်ချင်းများဆီသို့ လက်ဆင့်ကမ်းဖြန့်ဝေလိုက်ရပါသည်ရှင့်...။
သူငယ်ချင်းများအားလုံး ကံကောင်းခြင်းလက်ဆောင်ကို ပိုင်ဆိုင်နိုင်ကြပါစေ.....

Friday, November 27, 2009

အဖြူရောင် သားပိုက်ကောင်လေး


လွန်ခဲ့သော(၆)လခန့်က Cyprus နိုင်ငံ Kato Paphos မြို့လေးတွင်“Paphos Bird and Animal Park”ဟု အမည်ရသော တ၇ိစ္ဆာန်ရုံတွင် ထူးထူးခြားခြား အဖြူရောင်သားပိုက်ကောင်လေး တစ်ကောင် မွေးဖွားခဲ့ပါတယ် ။မိခင်သားပိုက်ကောင်မကြီးရဲ့ အရောင်ဟာ သာမန် သားပိုက်ကောင်များရဲ့အရောင်ဖြစ်ပြီး သားပိုက်ကောင်လေးရဲ့အရောင်ဟာ အဖြူရောင်ဖြစ်နေတာကြောင့် ကမ္ဘာ့ရှားပါးတရိစ္ဆာန်များ စာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ သားပိုက်ကောင် တစ်ကောင်ရဲ့ သက်တမ်းဟာ (၉)နှစ်ရှိနိုင်ပြီး ပျမ်းမျှအလေးချိန် (၂၅)ကီလိုရှိနိုင်ကြောင်း နှင့် သားပိုက်ကောင်များကို Australi နိုင်ငံတွင်သာ အများအပြားတွေ့ရှိနိုင်ကြောင်း သိရှိရပါတယ်။



Wednesday, September 9, 2009

Today is 09-09-09

အမှတ်တရနေ့လေး....
တစ်နေ့အဖြစ်....








Today is 09-09-09.
I wish you 9 wishes:
1.Love
2.Smile
3.Healthy
4.Wealthy
5.Successful
6.Beauty
7.Lucky
8.Dreamily
9.Lovely
From:cybeewebsms
ဒီ လင့်လေးကို အရင်နှိပ်ပါ....
http://www.star28.net/snow.html
တွေ့မြင်ရတဲ့အကွက်ထဲမှာ သင့်ချစ်သူရဲ့အမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းပြီး ရိုက်ထည့်ပါ...အဲဒါပြီးရင်တော့...ပင်ကွင်းငှက်ကလေးက ကျန်ရှိနေတဲ့ တာဝန်တွေကို သင့်အတွက်လုပ်ဆောင်ပေးပါလိမ့်မယ်.........
09.09.09 နေ့မှာ..သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Friday, August 14, 2009

ငွေသည် သင့်သခင်လော ...သင့်ကျွန်လော...


အကယ်၍....

()ငွေသည် စိုးရိမ်ပူပန်မှုကို ဖြစ်စေသောကြောင့်..ငွေရေးကြေးရေးကိစ္စဆွေးနွေးခြင်းကို သင်ရှောင်ြကဉ်လျှင်...

()ငွေကြောင့်မိသားစုအတွင်း မကြာခန ကတောက်ကဆတ် ဖြစ်သည်ဆိုလျှင်.....

()သင်သည် မစဉ်းစား မဆင်ြခင်ပဲ ငွေကို အလွန်အကျွံသုံးစွဲသည်ဆိုလျှင်....

()သင်သည် ကျသင့်ငွေ တောင်းခံလွှာများနှင့် ပတ်သက်၍ အမြဲတစေ စိုးရိမ်ပူပန်နေသည်ဆိုလျှင်....

()သင် ငွေမည်မျှရသည်ကို မသေမချာဖြစ်နေလျှင်....

()သင်သည် ငွေမည်မျှသုံးလိုက်သည်ကို မသေမချာဖြစ်နေလျှင်...

()သင်၏ ကျသင့်ငွေ တောင်းခံလွှာများသည် သင်မျှော်လင့်ထားသည်ထက် ပိုများလေ့ရှိလျှင်....

()သင်၏ ကျသင့်ငွေများကို နောက်ကျမှ ပေးချေလေ့ရှိလျှင်....

()အကြွေးဝယ်ကတ်၏ ကျသင့်ငွေ တောင်းခံလွှာများကို အနည်းငယ်သာ ပေးချေနိုင်သည်ဆိုလျှင်....

()သင်၏ ကျသင့်ငွေ တောင်းခံလွှာများကို အခြားသော ပစ္စည်းများအတွက် လျှာထားသည့်ငွေဖြင့် ပေးချေသည်ဆိုလျှင်....

()ကြွေးဟောင်းဆပ်ရန် ကြွေးသစ်ယူခဲ့ရသည်ဆိုလျှင်...

()ပုံမှန်ကျသင့်ငွေ တောင်းခံလွှာများ ပေးဆောင်ရန် သင့်စုငွေများကို သုံးစွဲသည်ဆိုလျှင်...

()လမကုန်မီ ငွေပြတ်သွားလျှင်....

()ငွေများများရှာဖွေရန်လိုသည်ဟု ဖိအားပေးခံရလျှင်....

()ငွေနှင့်ဆက်နွယ်သော စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ရောဂါ လက္ခဏာများ သင်ခံစားရလျှင်.....

“ငွေသည် သင်၏ သခင်ဖြစ်နိုင်ပါသည်”....



( Dr.Rodger Handersonရေးသားသည့် ငွေရောဂါလက္ခဏာစု)

Thursday, August 6, 2009

ရွှေသွင်းခြင်း၊မျက်နှာပေါင်းတင်ခြင်း၊ချေးချွတ်ခြင်း အကြိမ်များပါက အရေပြားရောဂါများဖြစ်ပွားနိုင်


ယနေ့ခေတ်လူငယ်များ ပြုလုပ်နေလေ့ရှိသော ရွှေသွင်းခြင်း ၊
မျက်နှာပေါင်းတင်ခြင်း ၊
ချေးချွတ်ခြင်းများ ပြုလုပ်ရာတွင်
ခန္ဓာကိုယ်အရေပြားအတွင်းသို့ သဘာဝမှ
ရရှိသောပစ္စည်းများမဟုတ်ပဲ
ဓါတုပစ္စည်းများ လိုအပ်သည်ထက်
ပိုမိုဝင်ရောက်ပါက အရေပြားရောဂါများသာမက
ရေရှည်တွင် လူ၏ အထွေထွေ ကျန်းမာရေကိုပါ
ထိခိုက်လာတတ်ကြောင်း
အရပြားဆရာဝန်များထံမှ သိရှိရသည် ။
မျက်နှာရွှေသွင်းခြင်းပြုလုပ်ရာတွင်
အလှပြင်ဆိုင်များ၌ နိုင်ငံခြားမှတင်သွင်းသော
ပစ္စည်းများရှိသကဲ့သို့
ပြည်တွင်းတွင်ပင် အလွယ်တကူရရှိနိုင်သော
ရွှေဆိုင်းများဖြင့်လည်း
အသုံးပြုကြကြောင်း အလှပြင်ဆိုင်များမှသိရသည် ။
“
အရေပြားထဲကို
ဝင်နိုင်တဲ့
အလှကုန်ပစ္စည်းတွေကို သုံးတဲ့အခါမှာ သစ်သီးသစ်ဖုကနေ
လုပ်တဲ့ပစ္စည်းတွေကလွဲပြီး
ကျန်တဲ့ ဓာတုဗေဒပါတဲ့ ဘယ်ပစ္စည်းတွေကိုမဆို
လိုအပ်တာထက်
ပိုပြီး မသုံးသင့်ဘူး ”
ဟုအရေပြားအထူးကု ဆရာဝန်တစ်ဦးမှ
ပြောကြားခဲ့သည် ။
နေအိမ်တွင်ပြုလုပ်သူများ
အဓိကဆင်ခြင်ရမည့်အချက်မှာ
ဝက်ခြံများပေါက်နေသောအချိန်တွင် ပြုလုပ်မိပါက
ဝက်ခြံအပေါက်များထဲသို့
ရွှေဝင်သွားပြီး ၊ ဝက်ခြံများ ပိုပွားလာခြင်းနှင့်
အခန့်မသင့်ပါက
မျက်နှာယားယံခြင်း ၊ နီရဲလာခြင်းများ ကြုံတွေ့ရတတ်ပါသည်

။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger