ဒီနေ့ သူ့မွေးနေ့..
သူက ကဗျာသမား စာသမား
ပြီးတော့ ဘော်လုံးကလည်း ဝါသနာပါသေး..
“အာဆင်နယ်လ်”အသင်းဆိုရင် အရူးအမူး
သူ့အကြောင်းသိသူတွေက သူ့ကို “Arsenal Lin Oo”လို့ခေါ်ကြတယ်
သူက ဂဏန်းကြိုက်တယ်
မနှစ်က သူ့အတွက် ဂဏန်းမွေးနေ့ပွဲလေး လုပ်ပေးခဲ့တယ်
ဒီနှစ်တော့ Arsenal မွေးနေ့ပွဲလေး လုပ်ပေးရင်း ဂဏန်းကြာဇံ၊ ဂဏန်းခေါက်ဆွဲ၊ ဂဏန်းကော်ရည်တို့နဲ့ ဧည့်ခံပွဲလေး ကျင်းပပေးလိုက်ပါတယ်..

HAPPY BIRTHDAY.. ပါ ကိုလင်းဦးရေ...
မွေးနေ့မှ“စ” နှစ်(၁၀၀)တိုင် ပျော်ရွှင်ချမ်းမြေ့သောဘဝကို ပိုင်ဆိုင်ပါစေ..
မိဘများရဲ့အားထားရာ သားတစ်ယောက် ၊ ညီ- ညီမတို့ရဲ့ အားကိုးရာအစ်ကိုတစ်ယောက်ဖြစ်ပါစေ.. လို့ ၂၅.၁.၂၀၁၃ နေ့မှာ ကျရောက်တဲ့ ကိုလင်းဦးရဲ့မွေးနေ့မှာ ဆုတောင်းပေးလိုက်တယ်နော်..
“““““HAPPY BIRTHDAY ARSENAL LIN OO””””
3 comments:
မနက်အစောကြီး အမေက ဖုန်းလှမ်းဆက်တယ်... အိမ်က ဘုရားမှာ ရေ ဆီ မီး ပန်းတွေနဲ့ ကပ်လှူနေတယ်ပေါ့။ အလောင်းတော်ကဿဖကိုလည်း အစောကြီး ဆွမ်းချိုက်ပို့နေတယ်။ သားကိုလည်း ဆုံးမစကားတွေ ဆိုသွားလေရဲ့.....။ သြော်... အမေ အမေ
မိဘမေတ္တာ မိုးသီးပေါက်
ကိုယ်တစ်ယောက်က ရေအိုင်ငယ်
ပုံသဖွယ်ထားပါတော့
ရေအိုင်ထဲ မိုးသီးဆင်း
မငြင်းဘူးပေါ့။
မိုးသီးကို မငြင်းဆန်
ခါတရံ ရေငွေ့လွှတ်လို့
ကောင်းကင်ထွတ် မိုးမိဘဆီ
ဦးဆယ်လီတင်မိ။
မေတ္တာကို လက်ခံ
ကျေးဇူးတုံ့ပြန်ဆပ်နိုင်သည့်
ရေအိုင်ငယ် ဘ၀မျိုးကား
ရှားလှပါဘိ။
လင်းဦး(စိတ်ပညာ)
အာဆင်နယ် လင်းဦးကွ.....နော်......
တစ်ခါက "ဟုတ်ကဲ့"တဲ့
အခု "အာဆင်လင်းဦး"တဲ့
:D
ဂဏန်းတွေ ဆွဲပြီနော်။
အပြန်ကျရင် အဲ့အာဆင်နယ်အရုပ်လေး ပေးပါ။
မရေ...သူများအတွက် မွေးနေ့ကဗျာလေးနဲ့
အမှတ်တရတင်ပေးထားတာလေးတွေကို
ခံစားခဲ့ပါတယ်ရှင်..
မွေးနေ့ရှင်ရော ဆုတောင်းပေးသူပါ
ကျန်းမာချမ်းသာလို့ လိုရာဆန္ဒတွေပြည့်ဝကြပါစေ..:)
ချစ်တဲ့....မိုးနတ်
Post a Comment