မြန်မာပုံပြင်များထဲမှ "ရေအိုင်ထဲကဖားကလေး" ပုံပြင်ကို မြန်မာလူမျိုးတိုင်း သိကြပါတယ် ။ ရေအိုင်လေးကိုပဲ မြင်ဖူးတဲ့ ဖားကလေးဟာ သူနေခဲ့တဲ့ ရေအိုင်လေးကို အလွန်ကြီးမားကျယ်ပြန့်တယ်လို့ ထင်ထားခဲ့ပေမဲ့ ပင်လယ်ကြီးကိုလဲမြင်ရော..သူနေခဲ့တဲ့ရေအိုင်လေးဟာ ဘယ်လောက်သေးတယ်ဆိုတာ သိသွားရတဲ့ပုံပြင်ပါ...။ကျမကြားဖူးတဲ့ Cyprus က..."ဖားကလေး" ပုံပြင်ကတော့....မျှော်စင်ထိပ်ဆုံးကို ရောက်အောင်ကြိုးစားတဲ့ "ဖားကလေး" ပုံပြင်ပါ...။ တစ်နေ့မှာ ဖားကလေးတစ်ကောင်ဟာ ..မျှော်စင်ထိပ်ဆုံးကို ရောက်ဖို့ မျှော်စင်တစ်ခုရဲ့ အောက်ခြေကနေ တဆင့်ပြီး တဆင့် ခုန်တက်လိုက် ...ပြုတ်ကျလိုက်...နောက်တခါ..ခုန်တက်လိုက်...ပြုတ်ကျလိုက်နဲ့...အကြိမ်ကြိမ်ကြိုးစားနေခဲ့တယ်...အဲဒီအဖြစ်အပျက်ကို...တခြားဖားတွေက..."မဖြစ်နိုင်တာ...အဓိပ္ပါယ်မရှိတာတွေကို လုပ်နေတာ"....ဆိုပြီး..လှောင်ပြောင်ကြတယ်...ဒါပေမဲ့..စိတ်ဓာတ်ခိုင်မာတဲ့ဖားကလေးဟာ...တခြားဖားတွေရဲ့ ပြောစကားကို..ဂရုမစိုက်ပဲ..မလျှော့သော..ဇွဲ..လုံ့လ..ဝီရိယ..နဲ့..နေ့ပေါင်း..လပေါင်း..များစွာကြိုးစားလိုက်တာ..တစ်နေ့မှာ..မျှော်စင်ရဲ့ ထိပ်ဆုံးကို တစ်ကယ်ပဲ ရောက်သွားခဲ့တယ်..။ကျမပြောချင်တာကတော့...ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်....ကိုယ်ဖြစ်ချင်တာကို.."ဖြစ်အောင် ကြိုးစားပါ...ဆိုတာကိုပါပဲ...။ "မဖြစ်နိုင်တာမရှိဘူး" ဆိုတဲ့ ခံယူချက်ကို...နှလုံးသွင်းပါ...။ သင်..အောင်မြင်လာပါလိမ့်မယ်..။ သူငယ်ချင်းတို့အားလုံး..ရည်မှန်းချက်ပန်းတိုင်ကို...အမြန်ဆုံး...ရောက်နိုင်ကြပါစေလို့..ဆန္ဒများစွာဖြင့်.....
(အဖျက်စကားတွေကို အာရုံမထားဖို့တော့လိုပါတယ်).
Cyprus မှာ စစ်မှုထမ်းသူတိုင်း စိတ်ဓာတ်မြှင့်တင်ရေး ပုံပြင်အဖြစ် ဒီပုံပြင်လေးကို လူတိုင်းသိကြပါတယ်။ ပုံပြင်လေးအတွက် “ဖား”သတ္တဝါကို ရွေးပြီးသုံးရတဲ့ အကြောင်းရင်းကတော့ “ဖားမှာ သူများတွေပြောစကားကို ဂရုစိုက်နားထောင်ဖို့ “နား”မပါလို့ပါတဲ့လေ...။း)..း)
3:51 PM
လင်းထက်

Posted in: 

5 comments:
ကျွန်တော် ယုံကြည်ပါတယ် အနာဂါတ်ဟာ သင့်လျော်တဲ့ အရာတွေနဲ့ တွေ့ကြုံမှုတွေကို အမြဲကမ်းလင့်နေပါတယ်။
မျှော်စင်ထိတ်ရောက်ရင်..ဘယ်သူနဲ့တွေ့ရမှာလဲ..
ဧကန်တ..နတ်သမီးရှိပုံရတယ်..း)
း) ဟုတ်လောက်တယ် နတ်သမီးနဲ့တွေ့ချင်လို့အတင်း
ခုန်တက်နေတာနေမှာ
း)
တခါတလေ ဖားလိုပဲနားမရှိရင်ကောင်းမလားတွေးမိသား
ဒါမှာ ဟီး ဂျာဂျာကြီး ပွစိပွစိအသံမကြားမှာကိုး
နောက်ဆုံး စကားလေးကို အကြိုက်ဆုံးပဲ သူငယ်ချင်းရေ... ဖားမှာ သူများတွေ ပြောစကားကို ဂရုစိုက် နားထောင်ဖို့ နား မပါလို့ဆိုတဲ့ အဓိပ္ပါယ်လေးကိုပဲ။
ခင်မင်လေးစားလျှက်
နတ်သမီးရေ...
ပုံပြင်လေးဖတ်ရင်း...တွေးမိသွားတယ်...။
တစ်ခါတစ်လေလည်း...ဖားကလေးတွေလို နားမရှိတဲ့ဘ၀..ခဏတော့ ရမိချင်တယ်ဗျာ...။ (မကြားချင်တာတွေ မကြားရအောင်လေ...)
ခင်မင်လျှက်...
ဏီလင်းညို
Post a Comment