
အကြည့်လေးတစ်ချက် ဆိုပေမယ့်
အဲဒီအကြည့်ကိုမှ “ပျို” စွဲမက်
နှလုံးသားတံခါးကို ဖောက်ထွက်
သူ့အချစ်အာရုံမှာ ရစ်မူးခဲ့ရတယ်...။
အပြုံးလေးတစ်ချက် ဆိုပေမယ့်
အဲဒီ အပြုံးကိုမှ “ပျို” စွဲမက်
ရင်ခုန်သံ နံရံကို ဖောက်ထွက်
သူ့ရင်ခွင် စည်းချက်မှာ ထပ်တူကြခဲ့တယ်...။
ဒီလိုနဲ့ ...
အတိတ်က အရိပ်တွေကို ခဝါချ
ဘဝဇာတ်ခုံ ကန့်လန့်ကာအလှစ်
ပိတ်ကားအဖွင့်မှာ
ချစ်သူ့တေးအာရုံနဲ့ အစပျိုး
နေညိုချိန် မယ်လိုဒီတေးတစ်ပုဒ်ကို
တစ်ခန်းရပ်ပြဇာတ်အဖြစ်
သူ့အနမ်းတေးသွားနဲ့မိုးစုန်းစုန်းချုပ်စေခဲ့တယ်..။
ချစ်ခြင်းရယ်ပြိုင်
ကမ္ဘာတိုင်မယ့် နှလုံးသား
ကြေကွဲမျက်ရည်တွေကြားမှာ
တစ်ဦးကိုတစ်ဦး ဖေးကူ ထူမရင်း
ရင်ခုန်သံကဗျာကို သံစဉ်ညှိကာ
“အချစ်ညရင်ခုန်သံ” အဖြစ် ပြောင်းလဲခဲ့ကြတယ်..။
ဒီလိုနဲ့ပဲ ချစ်လာလိုက်ကြတာ
ကမ္ဘာဦးအစက
အချစ်ရာဇဝင်တွေကိုချန်ရစ်
ခေတ်သစ် အချစ်ရာဇဝင်မှာ
“တို့”ရဲ့အမည်နာမတွေ
သမိုင်းတွင် ကျန်ရစ်
ကဗျည်း စာမျက်နှာသစ်ဖြစ်စေဖို့
တို့ရဲ့အချစ်တွေ Brand-new အဖြစ်နဲ့
၂၁ရာစုက နောင်လာနောင်သားတွေအတွက်
ကျောက်ထပ်အက္ခရာ တင်ခဲ့မယ်...။
12 comments:
“ဒီလိုနဲ့ပဲ ချစ်လာလိုက်ကြတာ
ကမ္ဘာဦးအစက
အချစ်ရာဇဝင်တွေကိုချန်ရစ်
ခေတ်သစ် အချစ်ရာဇဝင်မှာ
“တို့”ရဲ့အမည်နာမတွေ
သမိုင်းတွင် ကျန်ရစ်
ကဗျည်း စာမျက်နှာသစ်ဖြစ်စေဖို့
တို့ရဲ့အချစ်တွေ Brand-new အဖြစ်နဲ့
၂၁ရာစုက နောင်လာနောင်သားတွေအတွက်
ကျောက်ထပ်အက္ခရာ တင်ခဲ့မယ်...”
အဲဒီအပုဒ်လေး သိပ်လှတယ်...။ နတ်သမီးရေ...ဘာပဲဖြစ်ဖြစ် brand new အချစ်နဲ့ အသက်ထက်ဆုံးချစ်နိုင်ပါစေ...။
ခင်မင်စွာဖြင့်
မိုးငွေ့
ချစ်တတ်လိုက်ကြတာနော်
အားကျမိပါရဲ့........
အချစ်အင်အားတွေအပြည့်နဲ့မို့
နတ်သမီးရဲ့ကဗျာက အချစ်ရနံ့တွေနဲ့
မွှေးကြိုင်လှပနေလိုက်တာ..
စာသားတွေမှာလည်း ချစ်ခြင်းသံစဉ်အပြည့်နဲ့
ချိုမြိန်မွှေးမြလို့
နတ်သမီးတို့ရဲ့ချစ်ခြင်း
နှစ်ပေါင်း များစွာ များစွာ..................................
တိုင်ပါစေ....
ခင်တဲ့
မချော
လွှတ်လှတဲ့ ကဗျာလေးပဲ...
ကျောက်ထက် အက္ခရာတင် မကပဲ...
နက်ထက်အက္ခရာပါ တင်စေသောဝ်....
ငါ့ညီမကို ဘယ်က အပေါ်က အပျိုကြီးက အားကျနေတာလဲကွာ ဟေ.. . .
ပျော်ရွှင်ပေါစေ
ကိုဇော်
Brand New အချစ်ကလေးတွေ။
ကောင်းလိုက်တဲ့ အချစ်ကဗျာလေး ချစ်မရာ....
ကျောက်ထပ်အက္ခရာလား..တင်ခဲ့တင်ခဲ့
နောင်သားသားမီးမီးလေးတွေကိုပြရအောင်လို့ (ဟီး)
စတာနော် (အတည်) :P
ကဗျာလေးကောင်းတယ်...
နောက်လဲကဗျာတွေအများကြီးတင်အုံးနော်..:)
နတ်သာမီးရေ......
ကဗျာကတော့ မိုက်မှ မိုက်ဗျိုးးးးးး
နတ်သာမီးတို့တွေ ရာသက်ပန်ချစ်နိုင်ကြစေသော်ဝ်.....း))
(အုန်းသီးတွေ ဟုတ်ဘူး.....။ နောက်သွားသည်......း))
ခင်မင်တဲ့
ဏီလင်းညို
မမ နတ်သမီးရေ ကဗျာလေး လာခံစားသွားပါတယ်နော်
မမ ဆီမရောက်ဖြစ်တာတောင် ကြာပြီ မမကို ပစ်ထားသလိုဖြစ်နေတယ် (အဟိ ဝက်ကတော့ အပိုတွေ လာပြောနေပြန်ပါပြီ) လို့ အထင်နဲ့နော် ဟဲဟဲ
အာဘွား ရှလူး မွ မွ တွားတော့မယ် တာ့တာ ဘိုင်
အကြည့် အပြုံး တွေက အတိတ်က အရိပ်တွေကို ခဝါချပြီး ချစ်သူသစ်ရသွားတာလား၊ ကျောက်ထပ်အက္ခရာတင်နိုင်အောင် အချစ်တွေကို Brand-newလုပ်လိုက်တာလား၊ နတ်သမီးရဲ့ ကဗျာတွေထဲမှာ အကောင်းဆုံး အဖွဲ့ပါပဲ၊
Brand new ဆိုရင်..ဘိနပ်ဆိုရင်ပေါက်တတ်တယ်..
တော်မတော် try ကြည့်မှ..အချစ်တော့မသိဘူး..အဟဲ
သူငယ်ချင်းရေ....... ချစ်ခြင်းမေတ္တာ၊သစ္စာတရားတွေနဲ့ ခိုင်မြဲတဲ့ ဘ၀ခရီးလမ်းတွေ လျှောက်လှမ်းနိုင်ပါစေ..။ ချစ်သူကို သိပ်ချစ်တတ်တဲ့ သူငယ်ချင်း ကဗျာတွေက မြင်နေရတယ်။
ခင်မင်လေးစားလျှက်
ကဗျာလေးက အရမ်းမိုက်တယ်ဗျာ ...
စိတ်ကူးကိုက ကောင်းနေလို့ဖြစ်မယ် ဟုတ်တယ်ဟုတ် ...း)
မပြင်လဲလှတဲ့ နတ်သမီးရေ .. :)
ကဗျာလေးဖတ်သွားတယ် ..
ကဗျာမရေးတတ်လို့ ကဗျာနုနုလေးတွေဖတ်ရရင် အရမ်းသဘောကျတယ် ..
နတ်သမီးလေး အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ ..
လင့်ခ်လေးပြန်ယူထားတယ်နော် ..
Post a Comment