ကိုဇော်အတွက် “အဝါရောင် ”မွေးနေ့ပွဲလေး ပါ...
သင်္ကြန်ကျဖို့ ရက်ပိုင်းအလိုမှာ ကျရောက်ခဲ့တဲ့ ကိုဇော်ရဲ့ မွေးနေ့ပွဲလေးကို ပိတောက်နဲ့ ငုဝါကို ကိုယ်စားပြုတဲ့ အဝါရောင်ကိုရွေးပြီး “အဝါရောင်မွေးနေ့ပွဲလေး” တစ်ခု စီစဉ်ဖြစ်ခဲ့ပါတယ်။
မွေးနေ့ပွဲကိုလာရောက်သူ သူငယ်ချင်းများကို ကြာဇံချက်ဖြင့် ဧည့်ခံရခြင်းအကြောင်းရင်းကတော့ မွေးနေ့ရှင် ကိုဇော်အတွက် “အသက်ရှည်ခြင်း၊ ကျန်းမာခြင်း” ဆိုတဲ့ အကျိုးကျေးဇူးများကို ရရှိစေရန် ရည်ရွယ်ပါတယ်။
အဝါရောင်မွေးနေ့ပွဲအတွက် အဝါရောင်အအေးများ...
သင်္ကြန်အငွေ့အသက်များပါသော...မုန့်လုံးရေပေါ်...နှင့်
ရွှေရင်အေး..မုန့်လက်ဆောင်း...တို့ကို သုံးဆောင်ရင်း....
ကိုဇော်အတွက် ...
မွေးနေ့ကဒ်လေးနှင့်အတူ...
နှစ်သစ်အတာ သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့.....

နှစ်သစ်မှသည်....နှစ်ကုန်ဆုံးသည်အထိသော်၎င်း....
နှစ်ဆုံးမှသည်...နောင်နှစ်ပေါင်းများစွာ အေးချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ရပါစေလို့..ဆုတောင်းရင်း....
မွေးနေ့ကဒ်လေးနှင့်အတူ...
နှစ်သစ်အတာ သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့.....
(၁၀.၀၄.၂၀၁၀)မှာကျရောက်တဲ့ ကိုဇော်ရဲ့(31)နှစ်မြောက်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ....
“Happy Birthday....KO ZAW”
7:50 PM
လင်းထက်
Posted in: 

11 comments:
နတ်သာမီးရေ......
ကိုဇော့်အတွက် မွေးနေ့ပွဲလေး လုပ်ပေးတာ လှ၏.....။
ကျေးဇူးတင်စရာ.......။
ကြာဇံချက်ကို နံနံပင်များဖယ်ပြီး.....ဆွဲသွားသည်.....။
နံနံပင် မကြိုက်တာ...... ဆောတီးစ်ဘာ.......း))
ဝါ၀ါ အရည်လေးတွေထဲမှာ တစ်မျိုးလိုနေတယ်နော်.....။
ဘီယာလည်း....ပါဘူး......ဟွင်းးးးးးးး..........း))
မုန့်လုံးရေပေါ်ကို ချိုလွန်းလို့ မကြိုက်.....ဟိဟိ....။
ရွှေရင် အေးတော့ အမုန်းဆွဲသွားသေးသည်.......း)
“ဟက်ပီး ဘဒ်ဒေးပါ ကိုဇော်”.....ရေ.....။
စာတွေ အများကြီးရေးနိုင်ပါစေဗျာ.......။
သူ့အိမ်ကို ဘယ်လိုမှသွားမရဘူးလေ.....။ အယ်ရာတက်တက်နေလို့......။
(စကားမစပ်..... ကျန်းမာရေးကို ဂရုစိုက်ဦးလေဟ....။ အချိန်မှန် ဂရုတစ်စိုက်စားဦး......။ ရောဂါမမွေးနဲ့....။ လူကြီးလေသံနှင့်ပြောကြောင်း မှတ်ယူပါလေ.......း))
ခင်မင်တဲ့
ဏီလင်းညို
မွေးနေ့ရှင်ကိုလဲ..ရေလာလောင်းတယ်..
အိမ်ပိုင်ရှင် နတ်သမီးလေးကိုလဲ ရေလောင်းသွားတယ် :)
အဝါရောင်တွေ ဖုံးလွှမ်းထားတဲ့ ကြည်နူးဖွယ် မွေးနေ့ပွဲလေးပါပဲ။ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေး မြင်တော့ အဟုတ် စားချင်သွားမိတယ်။
မွေးနေ့ရှင် ကိုဇော်လည်း ပျော်ရွှင်ပါစေ။
မွေးနေ့ရှင်ကိုယ်စား လုပ်ပေးတဲ့ နတ်သမီးလည်း ပျော်ရွှင်ပါစေနော်။
နမ်းရေ............ အမှတ်တရ မွေးနေ့ပွဲလေး ကျင်းပလေးတာပေါ့လေ။
စားစရာတွေကတော့ အားလုံးကြိုက်လို့စားသွားတယ်။
ကိုဇော့်အတွက်လည်း မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
Happy Birthday Ko Zaw!!
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
နတ်သမီးရေ...
အဝါရောင်မွေးနေ့လေးက ချစ်စရာလေး....
Happy Birthday ပါ ကိုဇော်....
နတ်သမီးလဲ နှစ်သစ်ကူးမှာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ခွင့်ရပါစေလို့
ခင်မင်စွာနဲ့
ပူးတေ
ပူးတေမကြာမကြာ နတ်သမီးဆီရောက်တယ်.... C-box မရှိလို့ နှုတ်မဆက်သွားဖြစ်တာပါ... ဆောတီးနော်...
နတ်သမီးရေ... ပူးတေမွေးနေ့ကလဲ ဒီဧပရယ်လ်လ ထဲမှာပဲနော်... မှတ်မိရဲ့လားမသိဘူး.. ဧပရယ်လ်ပူးလေ... Friday April born မို့လို့.. ဒီနှစ်မွေးရက် မွေးနေ့ တိုက်ဆိုင်တယ်.... ပူးတေမွေးနေ့ကော လုပ်ပေးဦးမှာလား... ဟိ စတာပါ... ခင်လို့နော်... ဒါပဲ
ဒီမှာ မွေးနေ့ရောင်စုံပဲနော် ..း)
မွေးနေ့ရှင်ရော ဆုတောင်းသူရော ပျော်ရွှင်ချမ်းမြေ့ဖွယ် နှစ်ကူး အခါသမယလေး ဖြစ်ပါစေ
ပူးတေလေးရေ...
မွေးနေ့ရက်စွဲလေး အမြန်ပေးပါနော်...
မွေးနေ့ပွဲလေးလုပ်ပေးချင်လို့...
နတ်သမီးရေ
မနက်ဖြန် အိမ်ပြန်မှာမို့ နှုတ်ဆက်သွားတယ်နော်
နှစ်သစ်ပြီးမှ ပြန်ရောက်မယ်...
မွေးနေ့ရှင် ကိုဇ်ာလဲ ပျော်ပါစေ
အသက်တစ်ရာတိုင်ပါစေ
ညီမလဲ ပျော်ရွှင်ချမ်းမြေ့ပါစေ...
မင်္ဂလာနှစ်သစ်ဖြစ်ပါစေနော်.....
ခင်တဲ့
မချော
ဟာ . . . ညီမရေ.. .
ညီမလုပ်ပေးထားတဲ့ မွေးနေ့လေးက အကို့ဆီမှာ ပို့စ် အနေနဲ့ မတတ်လာတော့ မသိလိုက်ဘူး. .
အခုမှ ကဗျာလေး လာဖတ်လို့ သိလိုက်ရတာ . . .
ဆောရီး ညီမရေ. . .
မွေးနေ့ပွဲလေး လုပ်ပေးလို့ အထူးကို ဝမ်းသာ ကျေးဇူး တင်ပါတယ်. . .
ပျော်ရွှင်ပါစေ ညီမရေ
ကိုဇော်
အ၀ါရောင်မွေးနေ့ပွဲလေး လာသွားတယ်။
မွေးနေ့ရှင်လည်း သင်္ကြန်လေနဲ့အတူပျော်ရွှင်အေးချမ်းပါစေ
မွေးနေ့လုပ်ပေးတဲံ့သူလည်း အေးချမ်းပါစေ..လို့ဆုတောင်း ပေးပါတယ်။ ကျွေးထားတာတွေတော့ စားသွားပြီ။
Happy Birthday ပါ။ မွေးနေ့ နှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းသန်းရပါစေ။
မွေးနေ့ရှင်ကိုတော့ မသိဘူး။ မွေးနေ့ အလှူလုပ်ပေးသူကို သိပြီး လာစားသွားပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပါင်းနဲ့ ပြည့်စုံပါစေ။
Post a Comment