ကျမရဲ့ ဆိုဒ်လေး လွန်ခဲ့တဲ့ ၃ရက်ခန့်က ဖွင့်လို့မရတော့ပဲ Reported Attack Site အဖြစ်သတ်မှတ်ခံရပါတယ်။
အဲဒီမှာတင် ဘာလုပ်ရမှန်းမသိတာနဲ့ ဘလော့ဂ်အသစ်လေးတခု ဖွင့်ပြီး ဘလော့ဂ်ကာ သူငယ်ချင်းတွေကို အသိပေးတဲ့အချိန်မှာ“ ကိုတောသားလေး ဘလော့ဂ်” ရဲ့ အသိပေးချက်အရ “ကိုလင်းထက်” ရဲ့ဘလော့ဂ်မှာ ရေးပြထားတဲ့ Walware Identified အကြောင်းကို သိခဲ့ရပြီး ကိုလင်းထက်ပြောသလို စမ်းသပ်ကြည့်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒါနဲ့ပဲ ကိုလင်းထက်နဲ့ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ရပါတယ်၊ အခုတော့ ကိုလင်းထက်ရဲ့ ကူညီမှုကြောင့် ကျမရဲ့ ဘလော့ဂ်လေး ပြန်ပြီးအသက်ဝင်ခဲ့ပါပြီ။
ကျမဘလော့ဂ်လေးရဲ့ကျန်းမာရေးအခြေအနေအရ ကျမဘလော့ဂ်ရဲ့ ဆိုဒ်ဘားမှာ အက်ထားတဲ့ သူငယ်ချင်းတို့ရဲ့ လိပ်စာတွေကိုလည်း ခန ဖျက်ထားလိုက်ရပါတယ်။
နောက်မှပဲ တဖြည်းဖြည်းချင်း ပြန်အက်မှာမို့ အိမ်လည်ပျက်ကွက်ခဲ့ရင် နားလည်ခွင့်လွှတ်စေချင်ပါတယ်။
ကျမလို မဖြစ်ရလေအောင် ဘလော့ဂ်ကာ မောင်နှမများအားလုံးကို အသိပေးရင်း ဒီလင့်လေး http://www.linhtet.net/2011/02/blogspot.html ဆီကို တခေါက်လောက်တော့ ဖတ်ဖြစ်အောင် ဖတ်ဖို့ မေတ္တာရပ်ခံပါရစေ။
ကျမရဲ့ဘလော့ဂ်လေး ပြန်လည်အသက်ဝင်လာအောင် များစွာကူညီပေးခဲ့တဲ့ ကိုလင်းထက်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင်..။
မှတ်ချက်။ ။ အပေါ်က လင့်လေးကို အောက်က comment ထဲမှာ ထည့်ထားပါတယ်။
Meditation retreat at Mrauk Oo Dhamma Center
10 hours ago
11:50 PM
လင်းထက်
Posted in: 

7 comments:
ဘလော့မှာ Comment ကြောင့် ဖြစ်တာလို့ ယူဆရင်တော့ Name/URL ၊ Anonymous တွေကို ပိတ်ထားပြီး Acc နဲ့ ဝင်မန့်မှ လက်ခံတာတော့ အကောင်းဆုံးပါပဲ။ ကျနော် ဆိုရင်လည်း တစ်နေ့ကို အနည်းဆုံး ၂ ခုလောက် ကြော်ငြာ Comment တွေ လက်ခံရနေတာပါပဲ။ ဒါပေမဲ့ Spam ထဲကို ထည့်လိုက်လို့သာ မသိလိုက်ကြတာပါ။ ထည့်ပါ များသွားတော့လည်း တခြားသော Anonymous တွေကို မန့်ရ ခက်သွားစေ ပြန်ပါတယ်။ သူတို့တွေကိုပါ Spam ထဲကို ထည့်လိုက်တာကိုး။ ဘာပဲဖြစ်ဖြစ် လုပ်ထားသင့် ပါတယ်လေ။ အချိန် မရသေးလို့ လင့်တွေပဲ ခဏ ဖြုတ်ထားလိုက်သေးတယ်။ နောက်မှ Template ပါ ပြောင်းရဦးမယ်။
ဒါမျိုး ဟိုအရင်က စဉ်းစားမိလို့ http://allbloggerposts.blogspot.com/ ဒါလေးကို လုပ်ထားမိတာပါ။ အဆင်ပြေသွားတာ ဝမ်းသာပါတယ်။
ရှဲ့ရှဲ့သူငယ်ချင်း ဟိုနေ့ကလာလည်တာလည်လို့မရဖူး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အခုမှဘဲ လာလို့ရတော့တယ်။ အတော်ဆိုးတဲ့ ကူးစက်ရောဂါပါလား။ ပြောတာပြောနေရတာ ကိုယ့်ဆီလဲ ရောက်နေပြီလားမသိ။း)
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အဆင်ပြန်ပြေသွားလို့ ဝမ်းသာပါတယ် အမနတ်သမီးရေ.. ဘလော့များ မယ်လဝဲကိုက်ခြင်းမှ ကင်းဝေးကြပါစေ :)
နတ်သမီးရေ .. မဲလဝဲ ကြီးနှိပ်စက်တာ နဲ့  အတော် လေ သွား မှာ ပဲ .. ဘဝတူတွေ မို့  ကိုယ်ချင်းစာ မိပါရဲ့  ။
အစ ကတော့ ဘုမသိ ဘမသိနဲ့  မို့  လန့် လိုက်ထှာ လေ ..း)) ။ ခုတော့ ဆိုဒ်ဘား ရှင်းရဦးမယ် .. ဘလော့လည်ရတာတော့ နဲနဲ ခက်မယ် ထင်တာ ပဲ နော် .
ကို လင်းထက် ရဲ့  ဘလော့မှာ မျှဝေထားတာတွေ က အတော်လေး ကောင်းပါတယ် ။
ရောဂါကင်းစင် ဘလော့ဂ်ရင်ပြင် လည်လည်ရောက်လာသည်။
ဆွေလေးဘလော့တော့ မကူးစက်သေးဘူး ခြေနေကောင်းနေတုန်း စစ်ကြည့်တာ
Post a Comment