အပေါ်က လင့်လေးကို အက်ထားပေးကြပါ..
ညက ကျမ အလုပ်ကပြန်လာတော့ ကျမရဲ့ ဘလော့ဂ်ကို ဖွင့်ကြည့်တာ blocked ဖြစ်နေလို့ စိတ်အရမ်းပူသွားတယ်။
အင်တာနက် အိပ်စ်ပလိုယာနဲ့ဖွင့်ရင်တော့ရပါတယ်။
မော်ဇီလာနဲ့ဖွင့်ရင် ဖြစ်နေတဲ့ပြဿနာပါ။
လင့် ကိုနှိပ်လိုက်ရင် ဓာတ်ပုံထဲက လိုမျိုးပေါ်ပါတယ်။
အဲဒီအကွက်ရဲ့ ညာဘက် အောက်ခြေက Ignore this warning
ကိုနှိပ်လိုက်ရင် ဘလော့ဂ်ပေါ်လာပြီး ဘလော့ဂ်ရဲ့ ထိပ်မှာ အနီရောင်လိုင်းတခုပေါ်နေပါတယ်။
အဲဒီအနီရောင်လိုင်းရဲ့ ညာဘက်ထောင့်က ကြက်ခြေခတ်လေးကို နှိပ်လိုက်မှ ကျမရဲ့ဘလော့ဂ်ကို ပုံမှန်အတိုင်းပြန်မြင်နိုင်ပါလိမ့်မယ်။
စက်ထဲက မော်ဇီလာညိနေတယ် ထင်တာပါပဲ..။
နားလည်တဲ့သူများရှိရင်လည်း ပြောပြပေးကြပါအုံး။
အဲဒါနဲ့ပဲ ဒီဘလော့ဂ်လေးများ မတော်လို့ ပျက်ခဲ့ရင် ဘလော့ဂ်တခု အဆင်သင့် ဖြစ်အောင်လို့ http://mynameisnanmawa.blogspot.com/ ကိုဖွင့်ပြီး ပို့စ်အဟောင်းတွေကို တဖြည်းဖြည်းချင်း ကူးထည့်နေပါတယ်။
ဒီဘလော့ဂ်လေးကိုလည်း အက်ထားပေးကြပါနော်။
2:23 AM
လင်းထက်
Posted in: 

3 comments:
ခုတလော blogspot တော်တော်များများ အဲလိုဖြစ်နေတာ အမ။ ပျက်တော့ မပျက်သွားလောက်ပါဘူး။ ဘေးနားက ထည့်ထားတဲ့ third-party script တစ်ခုခုကြောင့် ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ခုတလောမှ ဘလော့ဂ်တော်တော်များများ အဲလိုဖြစ်တာဆိုတော့ ဘာကြောင့်လဲတော့ သေချာမသိဘူး..
ပို့စ်တွေ အားလုံးကို တစ်ခုချင်းစီ ကူးထည့်စရာ မလိုဘူး။ Export ဆိုတာကနေ xml ကို ကူးထားလိုက်ရင် အခု ဘလော့ကို ဖျက်သွား ( ဟက်သွား ) လည်း ချက်ချင်း နောက်တစ်ခုကို ကွန်မန့်တွေပါ မကျန် ပါလာအောင် လုပ်ယူလို့ ရပါတယ်။ xml သာ ဒေါင်းထားလိုက်ပါ။ ဘာမှ စိတ်မပူနဲ့ ဘာမှ မဖြစ်ပါဘူး။
ကျေးဇူးအရမ်းတင်ပါတယ် ကိုဇော်ရေ..
ဒီက ဘာမှလုပ်တတ်တာမဟုတ်ဘူး...
နည်းပညာပိုင်း ဆိုတာကတော့ ဝေးရောပဲ...
Post a Comment