ဆိုင်မှာ နေ့စဉ်နဲ့အမျှ တရုတ်ဟင်း ချိုချိုအရသာတွေပဲ စားနေရတာ ငြီးငွေ့လာလို့ မြန်မာပြည်က ငပိရည်နဲ့ တို့စရာ ချဉ်ပတ်လေးတွေကို သတိရမိတယ်..။
ဆိုက်ပရပ်စ်မှာက ငံပြာရည်ရှိတဲ့အတွက် ငံပြာရည် ငပိချက် ချက်ပြီးစားပါတယ်၊ ချဉ်ပတ်အတွက်ကတော့ ဆိုင်မှာ အလုပ်လုပ်တဲ့ ရုရှားသူ အန်တီကြီးတယောက် စားစားနေတဲ့ ရုရှားချဉ်ပတ်လေးကိုပဲ မြန်မာပြည်က ချဉ်ပတ်အစား အစားထိုး ခဲ့ရတယ်။
ကျမလိုပဲ မြန်မာပြည်က ချဉ်ပတ်ကို တမ်းတနေကြတဲ့ ပြည်ပရောက် သူငယ်ချင်းများအတွက် “ရုရှားချဉ်ပတ်” လုပ်နည်းလေးကို ပြောပြလိုက်တယ်နော်..။
ရုရှားချဉ်ပတ်ပြုလုပ်ဖို့ အတွက်...
၁။ ပန်းဂေါ်ဖီ တပွင့်
၂။ မုန်လာဥနီ ၅လုံး
၃။နံနံပင် တစည်း
၎။ငရုတ်သီးစိမ်း ၅တောင့်
၅။ဆား ၁/၂ ဇွန်း
၆။သကြား ၁ဇွန်း
၇။ဆီ၅ကျပ်သား
၈။ရှာလကာရည် ၁၀သားတို့ဖြစ်ပါတယ်။
ပထမဦးစွာ အသီး အရွက်များကို ပုံတွင် ပြထားသည့်အတိုင်း ရေစင်ကြယ်အောင်ဆေးပြီး အဆင်သင့်လုပ်ထားပါ။
ရေ ၁လီတာခွဲခန့်ကို ဆူပွက်အောင်ကျိုပါ။
ရေများ ပွက်ပွက်ဆူလာလျှင် ဆား၊သကြား၊ဆီ၊ရှာလကာရည်များကို လောင်းထည့်ပြီးနှံ့အောင်မွှေပါ။
ပြီးလျှင်တော့ အသင့်လှီးချွတ်ထားသော ဟင်းသီး ဟင်းရွက်များထဲသို့ လောင်းထည့်လိုက်ပါ။
အဖုံးပါသော ပလတ်စတစ်ဘူးရှိလျှင် ရေနွေးများ အနည်းငယ် အေးသွားသည့်အချိန်တွင် ပလတ်စတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကို လုံစွာပိတ်ထားလိုက်ပါ။
၁ရက်ခွဲအကြာတွင် နံနံပင်အနံ့လေးနှင့် ချိုချဉ်အရသာရှိသော သန့်ရှင်းစင်ကြယ်သည့် ရုရှားချဉ်ပတ်လေးများကို အသင့်စားသုံးနိုင်ပါပြီ။
မှတ်ချက်။ ။ ဟင်းသီးဟင်းရွက်များနှင့် ချဉ်၊ငံ အရသာများကို မိမိတို့စိတ်ကြိုက် ချိန်ဆ ထည့်နိုင်ပါသည်။
ကဲ..အော်လိုက်မယ်နော်....
“ဟောဒီက ရုရှားချဉ်ပတ်”.....
:P
:D
;;)
အီဂျစ်သွား တောလား - ၆
12 hours ago
23 comments:
ချဉ်ပတ်သည် အဒေါ်ကြီးလာပါဦး
ချဉ်ဖတ် တစ်မတ် ဖိုးလောက် ရောင်းပါခင်ဗျာ။
အပါး စားချင်စရာကြီး
ဒါနဲ့ နံနံပင်တွေ ခုလို အချဉ်သိပ်လိုက်တာ မနွမ်းသွားဘူးလား မသိဘူးနော်။
လတ်လတ်ကလေး မဖြစ်မှာ စိုးတာ။ အရသာတော့ ရှယ်ကောင်းမဲ့ပုံဘဲ။ လုပ်စားကြည့်ဦးမယ် ကောင်းရင်တော့ ချဉ်ပတ်လုပ်ရောင်းဦးမှး)
ရှာလကာရည်နံ့မထွက်ရင်တော့ ကြိုက်ချင်စရာပဲ..
အမြည်းလေးကြွေးပါ..ကြိုက်ရင်ဝယ်မယ်...
နောက်ဆုံး အော်တာလေးက ချစ်ဖို့ကောင်းတယ်မမ:P
အဟီး....
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
လာပါဦး. . . .
သုံးမူးဖိုးလောက် အကြွေးရောင်းပါဗျာ။ အရင် အကြွေးနဲ့ ပေါင်းမှတ်ထား . . .အိုကေလား။
ချဉ်ဖတ် ဆိုတာ လက်တိုင်း လုပ်လို့ မရဘူးလို့ ကြားဖူးတာပဲ၊ ချဉ်ဖတ်စိမ်တဲ့ လက် ဘာဖြစ်တယ် ဆိုလား . .:D :D
ရုရှား ချဉ်ဖတ်ဆိုလို့ လာကြည့်တား)))
ချဉ်ဖတ်ဘဲ ကျွေးချင်လို့လား ဘာလားတော့ မသိ။း))) ဆားတော့ နဲနဲ မြည်းကြည့်ချင်စရာကြီး။ တစ်တို့လောက်ပေါ့။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
တမတ်ဖိုးလောက်ရောင်းပါခင်ညား))) ရှလွတ် ရှလွတ် နတ်သမီးရယ်
အခုပဲ ဘာလုပ်လုပ် ကန့်လန့်ကန့်လန့် ရှရှသတင်းနားထောင်ပြီး ချဉ်နေတာ. အဲဒါထင်လို့.. အဟီး.. တကယ်တော့ ချဉ်ဖတ်သည်အစစ်ကြီးဖစ်နေဒယ်... ဟိးဟီး...
ခင်မင်လျက်
နေ၀ဿန်
နတ်သမီးငရုပ်သီးကြိုက်မှန်းသိသွားပြီး
၅ထောင့်မကဖူး ပုံထဲမှားD
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ချဉ်ဖတ်သယ်ကြီး လာပါဦးဗျို့ .....
စားချင်စရာကောင်းလိုက်တာနော်
အော်ခေါ်လိုက်ပီ ကြားလားမသိဘူး စင်္ကာပူကျွန်းကနေ ဆိုက်ပရက်စ်ကျွန်းထိ အော်လိုက်တာ ဗိုက်တောင်အရမ်းဆာသွားပီ မမအဖြူရောင်လေးရေးးးးးးးးးးးး))ဝ
နှင်းဟေမာ
ညီမ ရေ
ရုရှားချဉ်ဖတ်လေး ကို တကယ်လုပ်စားကြည့်မယ် စားချင်စရာလေး
ကျေးဇူး
ချစ်တဲ့
အမရွှေစင်ဦး
ဘုန်းဘုန်းက ကိုယ်တိုင်မလုပ်စားတတ်တော့ (လုပ်စားခွင့်မရှိတော့)ချော-ချဉ်ပတ်လုပ်ရောင်းမှပဲ ၀ယ်ဘုဉ်းပေးတော့မယ်။ တစ်ပွဲဘယ်လောက်လဲတော့ မသိဘူး။ အရသာတော့ စပါယ်ရှယ်ပဲ နေမှာနော်။ နတ်သမီး ကျန်းမာရွှင်လန်း အေးချမ်းပါစေနော့်...
နံနံပင်လေးတွေကတော့ နွမ်းသွားတာပေါ့ မချောရယ်၊ ပန်းဂေါ်ဖီလေးတွေကတော့ ချိုချဉ် အရသာနဲ့ ကြွပ်ကြွပ်လေးပေါ့..။
.........
ရှာလကာရည်အနံ့မထွက်ပါဘူး ဘကျောက်ရဲ့..၊ တူမကြီးလည်း ရှာလကာရည်အနံ့ဆိုရင် မကြိုက်ဘူး၊ ဒါ့ကြောင့် နံနံပင်နဲ့ အနံ့သတ်ထားတာ။
................
မိုးပြောသလိုပဲ..၊ နတ်သမီး က အစပ်ကြိုက်တယ်၊ဒီက ငရုတ်သီးတွေက အတောင့်လိုက် ကိုက်စားတာတောင် မစပ်ဘူး၊ အဲဒါကြောင့်(ဟီး)။
...................
ဟိ...
ရောင်းကောင်းတယ်တော့...
အမြည်းတောင်းတဲ့ သူနဲ့..၊အကြွေးမှတ်ခိုင်းထားတဲ့သူနဲ့..၊တမတ်ဖိုး..၊သုံးမူးဖိုးဝယ်လို့ အကြွေပြန်မအမ်းနိုင်လို့ အလကားပေးလိုက်ရလို့ ချဉ်ပတ်သည် ရောင်းကောင်းပြီး အရင်းပါ ပြုတ်ပါရောလား...။
“အမယ်...ငီးးးးးး...ကောင်းကြသေးရဲ့လား...
ရုရှားချဉ်ပတ်ရဲ့”
:P
:D
;;)
စာလာဖတ်သွားတယ် အမရေ။ ငလျှင်ကြောင်းကြားပြီး စိတ်မကောင်းဖြစ်နေလို့  ဘုရားပုံတွေပဲ လိမ့်တင်နေမိတယ်။
အိမ်နားမှာ ရုရှားဆိုင်ရှိတယ်။ ချဉ်ပတ်တွေတော့တွေ့ မိသား။ ကိုယ်တိုင်လုပ်တာလောက်တော့ကောင်းမှာမဟုတ်ပါဘူး။
လုပ်နည်းရတော့လုပ်ကြည့်ပါမယ်။ကျေးဇူးပါနော်။
ချဉ်ဖတ်လုပ်နည်းအတွက် ကျေးဇူးနော်.. ဒါပေမယ့် မလုပ်တော့ဘူး.. ဒီ ချဉ်ဖတ်သည်ဆီကပဲ ၀ယ်တော့မယ်.. ဘယ်လိုရောင်းလဲဟင်.. (ငံပြာရည်ချက်လေးနဲ့ တို့စားချင်တာ့)
ရုရှားချဉ်ဖတ်လေး ငါးမူးဖိုးလောက်...:)))
အော်လို့လာကြည့်သွားတယ်၊ တော်သေးရဲ့ ချဉ်ဖတ်ဖြစ်နေလို့
ကိုယ်တိုင်လုပ်စားတော့ စားရတာ အကျင့်ဖြစ်သွားတာပေါ့။ ကောင်းပါ့။
နောက်မှကိုယ်တိုင်လုပ်ပြီး ကိုယ့်မောင်လေးကို ကျွေးနော် ဟိဟိ :P
စားချင်စရာလေးနော်...
ဘယ့်နှာ့ နတ်သမီးက ချဉ်ဖတ်သည်ဘ၀ ပြောင်းသွားသတုန်း....:P
ဗမာ ချဉ်ဖတ် ထည့်တာ လွယ်ပါတယ်အေ ဒို့များ အဘွား သင်ပေးခဲ့တာ ထမင်းနဲ့ ဆားပါရင် ဘာဖြစ်ဖြစ် ၃ ရက်ဆို ချဉ်တာဘဲ အဘွားကတော့ ချဉ်ဖတ်အိုး မပြတ်စေရဘူး ထည့်စရာ မရှိရင်သင်္ဘော အဖိုပင်တွေ လှဲပီး အပေါ်ခွံခွာ အထဲက အနှစ် ပါးပါး လှီးပီး ချဉ်ဖတ်အိုးထဲကို ထည့်ထာဘဲ ချဉ်ဖတ်အိုးက စ တည်ရင်သာ ၃ ရက်ကြာတာပါအေ ချဉ်သွားဘီဆို မနက်ထည့် ညနေ စားတာဘဲ သတိတရလေးတော့ ချဉ်ဖတ်အိုးနား ဖြတ်သွားတဲ့အခါ အထက်အောင် လှန်ပေးရသအေ့ ဒါပါဘဲအေ
Post a Comment