
“မိုးငွေ့”ဆိုတာ.. မိုးရည်ငွေ့လေးတွေလို တခဏကလေး ပျောက်ကွယ် သွားတတ်တယ် ထင်ကြမှာပဲ...။
- တကယ်တမ်းကျတော့ အရာရာတိုင်းကို စကားလုံးတွေနဲ့ စီခြယ် မှတ်တမ်း တင်ချင်တဲ့သူ... စိတ်ကူးယဉ်သူ.... ရုပ်ရှင်ကြိုက်သူ....ဖက်ရှင်နှစ်သက်သူ... ကော်ဖီခါးခါးကြိုက်သူပါ..
- ဆိုတဲ့ ကျမရဲ့ သူငယ်ချင်း “မမိုး” ရဲ့ယနေ့(၁၇.၀၃.၂၀၁၁)မှာ ကျရောက်တဲ့ မွေးနေ့ပွဲလေးကို ဒုတိယအကြိမ်အဖြစ် ကျင်းပပေးနိုင်ခဲ့ပြန်ပါတယ်...။
အေးဆေးတည်ငြိမ်တဲ့ သူမရဲ့ဟန်ပန်...
ချောမောလှပလွန်းတဲ့ သူမရဲ့မျက်နှာလေးကို ကျမ အခုထိ မှတ်မိနေပါသေးတယ်...။
အဲဒီအချိန်တုန်းက ဖန်စီကြိုက်သူ... ၊ အဝတ်အစားလှလှ ဆန်းဆန်းလေးတွေကို စိတ်ဝင်စားတဲ့ ကျမတို့နှစ်ယောက်ရဲ့ခြေရာတွေဟာ ရန်ကုန်မြို့ပေါ်က ကုန်တိုက်နဲ့ စတိုးဆိုင်တွေမှာ ပြည့်လို့နေခဲ့တယ်..။
တိုတောင်းတဲ့ အချိန်ကာလတခုမှာပဲ သူမနဲ့ ညီမရင်းသဖွယ် ရင်းနှီးကြွမ်းဝင်ခဲ့ရင်း အမှတ်တရများစွာကျန်ရစ်ခဲ့တဲ့ မြန်မာပြည်က ကော်ဖီခါးခါးကြိုက်တဲ့ မမိုး ရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲလိုက်ကြရအောင်လားရှင်...။

ကော်ဖီကြိုက်သူရဲ့ မွေးနေ့မှာ ကော်ဖီများနဲ့ဧည့်ခံထားပါတယ်...























မမိုး အတွက်မွေးနေ့ဆုတောင်း ကဒ်လေးနဲ့ ဖိနပ်လေးပါ...


မမိုးရဲ့ မွေးနေ့ပွဲကို တက်ရောက်လာကြသော သူငယ်ချင်းများအတွက် Coffee cup လက်ဆောင်လေးကို ဝေငှရင်း ဒီခွက်လေးနဲ့ ကော်ဖီသောက်တိုင်း ကော်ဖီခါးခါးကြိုက်တဲ့ မမိုး ရဲ့မွေးနေ့လေးကို အမှတ်တရရှိနိုင်ကြပါစေ....

ညီအမ အရင်းလို သံယောဇဉ်ဖြစ်ခဲ့ရတဲ့ မမိုးရဲ့ ယနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးမှအစပြု၍ မင်္ဂလာရှိသော နေ့ရက်များကို ဖြတ်သန်းရင်း လိုအင်ဆန္ဒများအားလုံး တောင်းတတိုင်း ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။
Happy Birthday.... ပါ မမိုးရေ...
10:43 AM
လင်းထက်
Posted in: 

18 comments:
Happy Birthday ပါ မွေးနေ့ရင် မမိုးရေ ....
နှင်းဟေမာ
မွေးနေ့ နှစ်ပတ်လည်နေ့မှ နောင်နှစ်ပေါင်း များစွာ အထိ ပျော်ရွှင်သော နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ။
ကဲ . . . စားပြီ သောက်ပြီဗျာ. . . ပလပ် . . . ပလပ် . . .
ကော်ဖီရော မုန့်တွေရော တ၀သောက်လိုက်တယ် ...အဟဲ ကိုယ့်မွေးနေ့မှာ ဧည့်သည်တွေမရောက်ခင် အရင်ကြိတ်ပစ်လိုက်တယ်....။ ကျေးဇူးကြီးလှပါပေတယ် ချစ်ညီမလေးနတ်သမီးရေ....
ခုလိုဘယ်သူငယ်ချင်းမွေးနေ့ကိုမဆို မညည်းမညူ မွေးနေ့ပွဲလေးကိုလက်ခံကျင်းပပေးတဲ့အတွက် မြန်မာပြည်မှာ မင်ဂါပြန်ဆောင်ရင် အကုန်ကူညီပေးမယ်...ကမ်းခြေမှာ ဟန်းနီးမွန်းလက်ဖွဲ့မယ်....ဂယ်ပြောတာ....။
အာဘွားးးကြီးကြီးပေးတယ်နော်...။
ခင်တဲ့
မိုးငွေ့
ဟမ်....လက်ဆောင်ပေးတဲ့ ကော်ဖီခွက်ကဘယ်လိုသောက်ရမှာတုန်းးး
နတ်သမီးပေးတဲ့ လက်ဆောင်တွေထဲမှာ ညို အကြိုက်ဆုံးက Black & White ဖိနပ်လေးပဲ
ဖြစ်မယ်ထင်တယ်... ကော်ဖီ နှစ်ခွက်လောက် သောက်သွားတယ်နော်..း))
မွေးနေ့ရှင်လဲ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ ^-^
ညီမ နတ်သမီးရေ....
အမလည်း ညီမ မိုးငွေ့နဲ့ တွေ့ခဲ့တယ်...
ချစ်စရာ ခင်စရာ ညီမလေး....မုန့်တွေလည်း အတူ သွားစားခဲ့ကြတယ်...
မွေးနေ့ အမှတ်တရ ပိုစ့်လေးတွေ တင်ပေးတတ်တဲ့ ညီမ နတ်သမီးကို ကျေးဇူးတင်ရင်း....
မွေးနေ့ရှင် ညီမမိုး အတွက်လည်း လိုရာဆန္ဒပြည့်ဝ ပျော်ရွှင်ပါစေလို့.....
ဟိ...
မွေးနေ့ လာသူများအတွက် လက်ဆောင်ပေးထားတဲ့ ကော်ဖီခွက်လေးနဲ့ ကော်ဖီသောက်ရင်း နှုတ်ခမ်းထော်သွားရင်တော့ နတ်သမီးနဲ့ဆိုင်ဘူးနော်...:P
White angle မမရေဘလော့ဂါမောင်အသစ်
ကလေးကလာဖတ်ပြီးကော်ဖီတွေသောက်သွားပါတယ်
ဘလော့လုပ်တော့သူများtemplate တွေကြည့်ရင်မမ
white angle ဆီရောက်လာတာပါ...ကော်ဖီတွေ
ကကောင်းတယ်ထန်းညက်ခဲလေးနဲ့ ဆိုချိုမှာပ..တိန်
ဟက်ပီဘတ်သ်ဒေးပါ မိုးငွေ့...။
Happy Birthday ပါမမမိုးရေ..။
ပျော်ရွင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါစေမမရေ။
မမိုးငွေ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ ...
ကော်ဖီတွေ အများကြီးပဲ သောက်ချင်လိုက်တာဗျာ ....
ပုံဖော်ထားတာ အရမ်းလှတယ် ....
မွေးနေ့ပွဲ လုပ်ပေးတဲ့ မနမ်းလည်း ပျော်ရွှင်ပါစေ ..
ကျွန်တော်တို့ သုံးယောက် နောက်တခါ Feel 3 မှာ ဆုံကြတာပေါ့နော် ... :)
မွေးနေ့ရှင်ကော မွေးနေ့လုပ်ပေးတဲ့ သူငယ်ချင်းကော ပျော်ရွှင်ချမ်းမြေ့ကြပါစေ.. ကော်ဖီတွေ မုန့်တွေ တကယ်သောက်ပြီး တကယ်သောက်ချင်တယ်နော..
မမိုးရေ
မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာ များစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးဘယာ ဝေးကွာပြီး အစစအရာရာ အဆင်ပြေပါစေနော်။
နတ်သမီးပြင်ဆင်ထားတဲ့ ကော်ဖီနဲ့မုန့်တွေ တကယ်သာ စားလိုက်ရရင် ဘယ်လောက်ကောင်းမလဲ တွေးနေမိတယ်.. စားချင်လိုက်တား)
မွေးနေ့ရှင်ရော ဘလော့ရှင်ရော ပျော်ရွှင်ပါစေနော်.
ကော်ဖီခွက်လက်ဆောင်ကို သဘောကျတယ် မွေးနေ့ရှင်ရော ကျင်းပပေးတဲ့ နတ်သမီးပါ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေနော်...
ဒီကော်ဖီတွေ ဘယ်လိုဖျော်ထားတယ်ဆိုတာ စဉ်းစားလေ ခေါင်းခြောက်လေပဲ မသောက်ဘဲနဲ့ အလှသိမ်းထားချင်စိတ်ပါပေါ်လာတယ် ကော်ဖီသောက်ရင် ရင်တုန်လွန်းလို့ သောက်လည်းမသောက်ရဲပါဘူးလေ
မမီး အနော် နောက်ကျ ဆုတောင်းလေး တောင်းပေးမယ် . . တို့ မမ အပိုကြီး မြန်မြန် စွံပါစေသတည်းး))))) ဟီးဟီးဟီး
နောက်ပါတယ်
ပုံ
ဗာာာညာာာားး
ဟားဟား တို့ မမီ မွေးနေ့မှ စပြီး နောက်ထပ် နှစ်များစွာတိုင် ဖြစ်ချင်သော ဘ၀လေးမှာ ပျော်ရွှင်နိင်ပါစေလို့ ဆုတောင်းပေးပါတယ် မကြီးမိုးး)
ဟက်ပီးဘက်ဒေး မမီးး)
နတ်သမီးရဲ့ လက်၇ာတွေကိုကြည့်ပြီး၊ မြန်မာပြည်ပြန်ရင် ဆိုင်စပ်ဖွင့်ရအောင်၊ သစ်ပင်ကုန်းထက်ဈေးကြီးအောင် ရောင်းမယ်၊
ဟတ်ပီးဘတ်ဒေးပါ... နောင်နှစ်ပေါင်းများစွာတိုင် ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ငြိမ်းချမ်းစွာဆက်လက်ဖြတ်သန်းနိုင်ပါစေခင်ဗျာ..
ကဲ... နတ်သမီး ကျေးဇူးနဲ့ မသောက်ဖူးတာတွေ သောက်ရဦးမပေါ့လေ
Post a Comment