
“မျက်လုံး”....တစ်လုံး...
စူးစိုက်စွာ ကြည့်နေသော မျက်လုံးတစ်လုံးကိုကြည့်ပါ။
ဆိုက်ပရပ်စ်လူမျိုးများရဲ့ ရိုးရာယုံကြည်မှုတစ်ခုဖြစ်တဲ့ “အဆောင်” တစ်မျိုးဖြစ်သည့်
ဆိုက်ပရပ်စ် ဘာသာစကားဖြင့် “ကာကို မာတိ” ( kako mati) ဟု ခေါ်သည်။
အဓိပ္ပါယ်မှာ Bad Eye ဟု ဘာသာပြန်ထားပါသည်။
နောက်တစ်မျိုးမှာ “မာတီယ(စ်)မ” (matiasma) ဟုလည်း ခေါ်ကြသည်။
အဓိပ္ပါယ်မှာ Catch Eye ဟု ဘာသာပြန်သည်။
“မျက်စိကျခြင်း” သို့မဟုတ် မနာလိုသော အကြည့်များကြောင့် အကြည့်ခံရသူတွင် ဖျားနာခြင်း၊ ဘေးဥပါတ်ကျရောက်ခြင်း၊ နည်းတစ်မျိုးမျိုးဖြင့် အန္တရာယ်နှင့် ကြုံတွေ့ရခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
ရှေးကျသော ကမ္ဘာဦးအစ ကတည်းက ဂရိ၊ ရောမ နိုင်ငံများပါမက ဂျူး၊ အစ္စလမ်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဓူ၊ ခရစ်ယာန်ဘာသာများ ကပါ ထို အယူကို ယခုအချိန်ထိ လက်ခံလျှက်ရှိကြပြီး အဆောင်အဖြစ် အသုံးပြုလျှက်ရှိကြသည်။
ထိုမျက်လုံးပုံ အဆောင်ကို အင်္ဂလိပ်ဘာသာဖြင့်
Protect the eyes (သို့မဟုတ်) Catch the bad eyes ဟု ခေါ်သည်။
မြန်မာနိုင်ငံတွင် လိပ်ပြာငယ်သော ခလေးငယ်များ၏ ခါးတွင် ချည်နှောင်ထားတတ်သည့် “ခမဲ” ကြိုးကဲ့သို့ပင်
ဆိုက်ပရပ်စ်နိုင်ငံမှ လူများသည်လည်း မျက်စိကျခြင်းဟုခေါ်သော Evil eye (သို့မဟုတ်) Acute jealousyကို ကာကွယ်သော (သူကြည့် ကိုယ်ကြည့် တန်ပြန်ကြည့်သည့်သဘော)အားဖြင့် အပြာရောင်မျက်လုံးပုံစံကို သော့ချိတ်များအဖြစ်လည်းကောင်း၊


အိမ်အလှဆင် ပစ္စည်းများအဖြစ်သော်လည်းကောင်း၊

အဝတ်အထည်များ အဖြစ်သော်လည်းကောင်း၊


လည်ဆွဲရတနာများအဖြစ်သော်လည်းကောင်း၊
လက်စွတ်များအဖြစ်သော်လည်းကောင်း၊





အဆောင်အဖြစ် ယခုအချိန်ထိ ယုံကြည်စွာ အသုံးပြုလျှက်ရှိကြသည်။
တချို့သော ဒေသများတွင် မကောင်းသော ဘေးဆိုးများကို ကာကွယ်သော အားဖြင့် တန်ပြန်သက်ရောက်မှုရှိစေသည့် အလင်းပြန်သော “မှန်”၊ မြင်းခွာတို့ကို မိမိတို့၏ နေအိမ်ပေါက်ဝများတွင်ချိတ်ဆွဲထားခြင်း များကိုလည်း တွေ့မြင်ဖူးပါကြောင်း ဗဟုသုတအနေဖြင့် ရေးသားလိုက်ရပါသည်။
22 comments:
မျက်လုံးတွေက ကြည့်နေသလို ခံစားရတယ်
ချစ်စရာကွင်းလေးတွေပဲ တောတော်လှတယ်ဗျာ ။
ဟိုဘက်ကြည့်ကြည့် မျက်လုံး၊ ဒီဘက်ကြည့်ကြည့် မျက်လုံး၊ မျက်လုံးများနဲ့ ချိန်းခြောက်နေတယ်။ ကြောက်စရာ မျက်လုံးးးးး။
ကြည့်ရင်းနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို အမြဲစူးစိုက်ကြည့်နေသလို ခံစားရတယ်။ ကြောက်စရာကြီးနော်။ ဒါပေမဲ့ ကြောက်ပါဘူး။ ကိုယ့်မှာက နှစ်လုံးရှိနေတာကိုး။ ပြန်ကြည့်လိုက်မှာပေါ့။ ဟုတ်ဖူးလား။
အခုလို ဗဟုသုတအဖြစ်လေး သိခွင့်ရလို့ နတ်သမီးကို ကျေးဇူးတင်ပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စိတ်ဝင်စားစရာပေပဲ
ဗဟုသုတရတယ် မရေ။ လက်ကောက်လို ကွင်းလေးတွေ ပိုသဘောကျတယ်။ လှလဲလှတယ်
မျက်လုံးပုံလေးတွေက လုပ်ထားတာ အသက်ဝင်တယ်...။ လှလိုက်တာ ဖန်စီလေးတွေ သိပ်သိပ်ကြိုက်....။
ခင်တဲ့
မိုးငွေ့
နတ်သမီးရေ ဗဟုသုတမျှဝေပေးတဲ့အတွက် ကျေးဇူးပါနော် ဒီအိန္ဒိယမှာတော့ မိမိတို့ရဲ့နေအိမ်ပေါက်ဝမှာ သရဲပုံကြီးချိတ်ထားကြတယ် (အကြီးကြီးတော့ မဟုတ်ပါဘူး၊ အမှတ်အသားလောက်ပေါ့၊ တစ်ထွာသာသာလောက်ပါပဲ)သူတို့လည်း မျက်စိကျမှာ စိုးလို့တဲ့...ရွှင်လန်းချမ်းမြေ့ပါစေ
ဗဟုသုတရလိုက်တာ၊ ဆွဲကြိုးလေးတွေ နာရီလေးတွေလည်းလှတယ်၊ ခရောစ့်လော့ကက်လေးလည်းလှတာပဲ၊
ဗဟုသုတတွေမျှဝေလို့ ကျေးဇူးတင်ပါတယ် နတ်သမီးရေ၊
ခဏခဏရောက်ပါတယ်၊ စာတွေဖတ်တယ်၊ ကြိုက်တယ်၊ ဖတ်တိုင်း comment မရေးဖြစ်လို့၊
ခင်မင်စွာဖြင့်
အံမယ်..လည်ဆွဲရတနာလေးက တော်တော်လှပ။
တစ်ခုလောက်ဝယ်ပေးရင် ကြည်ဖြူစွာ လက်ခံပါမည် ခင်ဗျာ။။
လှက လှသနဲ့
တို့လည်းတစ်ခုလောက်ဆောင်ထားချင်တယ်.. ပြန်လာရင် တစ်ခု လက်ဆောင်ဝယ်လာနော်
ဝယ်မလာရင် စိတ်ဆိုးမယ် လေဆိပ်မှာ လာတောင်းမယ် ဒါဘဲ ဟွန်းး)
ဗဟုသုတရတယ် နတ်သမီးရေ . .. အဲလို သိသမျှ ဗဟုသုတ လေးတွေ များများရေးပေးနိင်ပါစေဗျး)))
ခင်မင်စွာဖြင့်
ဗညား
နတ်သမီးမျက်လုံး...ရွှန်းလဲ့ပြုံး...
ဝတိံ မှာ အလှဆုံး....
ခုမှ မျက်လုံးနဲ့ ပတ်သက်တဲ့ အကြောင်းတွေသိရတယ်..
ဗဟုသုတရပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ဂျာနယ်မှာတင်ဖို့ပြောပေးမယ်ဆိုတာအတွက်လည်း ကျေးဇူးပါ။
ဗဟုသုတ ဖြန့်ဝေထားတဲ့
ပို့စ်လေးကို
လာဖတ်သွားပါတယ် ...
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မင်္ဂလာပါ နတ်သမီးရေ ..... ရောက်လာတာကတော့ ခဏ ခဏနီးပါးပဲရောက်ဖြစ်တယ်။ ဒါပေမယ့် မန်း ပေးခဲ့ဖို့အချိန်မရလို စာတွေလာဖတ်ပြီးချက်ချင်း ပြန်ပြေးထွက်သွားနေရလို့ပါ။ ပြီးခဲ့တဲ့နှစ်ကတည်း က နတ်သမီးရဲ့မွေးနေ့ကိုလာမေးပြီး သိပ်မကြာခင်ကတည်း ကကိုယ်ပိုင်ပြဿ္နာအခက်အခဲ အခြေအနေအကြောင်း အမျိုးမျိုးကြောင့်လာပြီး မမန်းပေးနိုင်ခဲ့ပေမယ့် တခါတလေတော့သတိတော့ရနေပါတယ်။ အခုလို အချိန်ရရင်ရသလိုမျိုးသိထားသမျှဗဟုသုတတွေဝေငှ ပြီးအများသိအောင်ရေးပြပြောပြနေတဲ့အတွက် နောက် နောင်ဘ၀တွေမှာ အဖြူရောင်နတ်သမီးတယောက် ပညာဗဟုသုတကြွယ်ဝတဲ့ ပညာရှိနတ်သမီးတယောက် ဖြစ်ပါစေလို့ ဆုတောင်းမေတ္တ`ာပို့သခဲ့ပါတယ်။
လေးစားစွာဖြင့်
ဇာနည်မောင်
ခုမှသိရတယ်။ သုတတိုးစေလို့ တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ။
မမရေ
မမရေးတာတော်တော်များများ မသိရသေးတဲ့ ဗဟုသုတတွေရရှိပါကြောင်းနှင့်
ဆက်လက်ဖော်ပြနိုင်ပါစေလို့ လာရောက်နှုတ်ဆက်ရင်း ဆုမွန်ကောင်းတောင်းပါတယ်
မမရေ..ချစ်စရာလေးတွေနော်။
ကျေးဇူးပါမမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။
တူရကီရောက်တုန်းက ဘုမသိဘမသိနှင့် ဝယ်လာခဲ့ပါသည်၊ ခုမှ အဓိပ္ပါယ်သိရ၍ ကျေးဇူးပါ၊ ရုံးခန်းမှာချိတ်ထားတယ်……ဟဲဟဲ
မြန်မာနိုင်ငံမှာတော့ ကျားခံတယ် ဆိုပြီ လမ်းဦးတိုက်အိမ်မှာ ကျားရုတ် ထားတာပဲ သိတယ်။ :D
လည်ဆွဲးလေး နုတ်ခမ်းပုံလိုမျိုးလေးပဲ ကြိုက်တယ်။
အဲဒီ မျက်စိကျ (မျက်စိအံ့) ပါးစပ်ကျ (ပါးစပ်အံ့) တွေက သိပ်ဆိုးတာ။ မကြုံဖူးရင်တော့ သိပ်သိကြမှာမဟုတ်ဘူး။ အခန့်မသင့်ရင် သေမလောက်ထိဖြစ်တာ။ ဆေးနဲ့ ပြုစားတာထက်ဆိုးတယ်။ တချို့လူတွေသိပ်အံ့တတ်ကြတယ်။ ဥပမာ ကိုယ်ထမင်းစားနေ တုံးသေချာထိုင်ကြည့်ပြီး ဟယ် ကြည့်စမ်း စားနိုင်လိုက်တာဟယ် လူလေးပိန်သလောက် အရမ်းစားနိုင်တာဘဲ ဆိုတာမျိုး အံ့ရင် အကောင်းကြီးကနေ အစားအသောက်ပျက် ပါးစပ်တွေပျက် တရှောင်ရှောင်နဲ့ ရောဂါရှာမရဘဲ နေမကောင်းဖြစ်သွားတာမျိုး ဖြစ်တတ်တယ်။ အရမ်းကြောက်ဖို့ကောင်းတာ။ တစ်ချို့ ကလေး၀၀ကစ်ကစ်လေးတွေတွေ့ရင်လဲ လူတွေအဲလိုအံ့ကြရင် လူကြီးတွေ ကကွယ်ရာရောက်လို့ရှိရင် ဖွဟဲ့ ဖွဟဲ့ နဲ့ တဖွဖွလုပ်ကြတာ တွေ့ဖူးမှာပေါ့။ လူမျိုးတိုင်း ဘာသာတိုင်းမှာ အဲဒီအယူရှိတယ်။ ကလေးတွေအတွက် ချည်မန်းကွင်းအမြဲဆောင်ထားတာတော့ ကောင်းတယ်။
စာတွေသာလာဖတ်တာ မန့်လို့ မရလို့ ပြန်ပြန်သွားရတာမနည်းဖူး အဆောင်လေးသဘောကျလို့  လှတယ်နော်။ဒီမှာရှာကြည့်ဦးမယ် အဲ့ဒီဇိုင်း
မျက်စိစူးတာ
အပြောစူးတာတို့ 
ကျိန်ဆဲတာတို့ 
အဖျက်ကြီးပဲပြောတတ်တာတို့ ကိုတော်တော် မနှစ်သက်ဖူး။
ကြောက်စရာလည်းတော်တော်ကောင်းပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Post a Comment