၂၉.၁၂.၂၀၁၁ နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှုတွင် မီးငြိမ်းသတ်ရင်း အသက်ပေးသွားကြသော
၁၊ တပ်ကြပ်ကြီး ဇော်ဌေး (၅၀)နှစ်
၂၊ တပ်ကြပ် တင်စိုး (၃၄) နှစ်
၃၊ တပ်သား မျိုးကျော်ကျော် (၂၀) နှစ်
၎၊ တပ်သား အောင်အောင် (၂၈) နှစ်
၅၊ တပ်သား သော်ဇင်မျိုးထက် (၂၁) နှစ်တို့အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။
ဒီလောက်အန္တရာယ်များတဲ့ ဓာတ်ငွေ့နဲ့ပေါက်ကွဲမှုတွေကြားမှာ အသက်ကိုစွန့်ပြီး တာဝန်ထမ်းဆောင်သွားကြတဲ့ မီးသတ်ရဲဘော်တွေကို ဂုဏ်ပြုပါတယ်။
လေးလည်း လေးစားပါတယ်။ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ မီးသတ်ရဲဘော်တွေ ကောင်းရာသုဂတိလားကြပါစေရှင်။
.................................
ဒီဇင်ဘာ(၂၉ )ရက် တစ်မနက်မှာ
ကြားသိသတင်း ရင်ဝယ်မလှ
ရှိုက်သံမြည်ဟီး မိုးထိလျှံတက်
ဂုဏ်ယူမိသည် မီးသတ်ရဲဘော်
အို.. ရဲဘော်တို့
သက်စွန့်ဆံဖျား နိုင်ငံဂုဏ်ဆောင် သင်စွမ်းဆောင်ရင်း
အသက်ကိုစတေး တာဝန်ကျေသည်
ပေးဆပ်နှလုံးသား ကဗျည်းတင်၏
အသင်ရဲဘော် ထိုရဲဘော်တို့
ကောင်းရာဘုံတွင် လားစေသော်..
လေးလည်း လေးစားပါတယ်။ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ မီးသတ်ရဲဘော်တွေ ကောင်းရာသုဂတိလားကြပါစေရှင်။
.................................
ဒီဇင်ဘာ(၂၉ )ရက် တစ်မနက်မှာ
ကြားသိသတင်း ရင်ဝယ်မလှ
ရှိုက်သံမြည်ဟီး မိုးထိလျှံတက်
ဂုဏ်ယူမိသည် မီးသတ်ရဲဘော်
အို.. ရဲဘော်တို့
သက်စွန့်ဆံဖျား နိုင်ငံဂုဏ်ဆောင် သင်စွမ်းဆောင်ရင်း
အသက်ကိုစတေး တာဝန်ကျေသည်
ပေးဆပ်နှလုံးသား ကဗျည်းတင်၏
အသင်ရဲဘော် ထိုရဲဘော်တို့
ကောင်းရာဘုံတွင် လားစေသော်..
14 comments:
ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူး
ကျန်ရစ်သူများနှင့်အတူ ဝမ်းနည်းကျေကွဲမိပါသည်
သူတို့ရဲ့ကျန်နေတဲ့မိသားစုကို ဘယ်သူကများတာဝန်ယူပြီးဆောင်ရွက်ပေးမလဲနော်
နိုင်ငံတော်က လုပ်ပေးပါ့မလား
ဖြစ်ရလေ-------- သတင်းကြားကြားချင်းအရမ်းစိတ်မကောင်းဖြစ်မိတယ်
ကျန်နေတဲ့ သားသမီးတွေဘယ်လောက်များပူဆွေးနေမလဲနော်
ထပ်တူထပ်မျှ အင်မတန်ဝမ်းနည်းကြေကွဲမိပါသည်။
ထပ်တူဝမ်းနည်းရပါသည်။စကားမစပ်
မဒမ်လွင်ပြင်လင့်နော် ဟီး
http://www.sabaecho.com/
ကောင်းရာသုဂတိ လားပါစေ
ကျန်နေရစ်တဲ့မိသားစုတွေနဲ့
ထပ်တူထပ်မျှကို
ဝမ်းနည်းကြေကွဲရပါတယ်..
အဲဒီသတင်းကိုဖတ်ရရခြင်းတုန်းကစိတ်ထဲမကောင်း
လိုက်တာအမရယ်..
ထပ်တူထပ်မျှ ဆန္ဒပြု ဆုတောင်းပါတယ် မမရေ... ကောင်းရာ သုဂတိ လားကြပါစေ..လို့..
အရင်က WTC အကြောင်းရိုက်ကြတဲ့ဇာတ်ကားလိုမျိုးပြန်ရိုက်လို့ရတယ်။
လေးစားတယ်။ တပ်သားတွေအသက်ငယ်ငယ်လေးပဲရှိသေးတယ်ဗျာ။
မိသားစုတွေနဲ့အတူစမ်းနည်းရပါတယ်ခင်ဗျား။
မြင့်မြတ်သော အသက်စွန့်ခြင်း။။
ကိုယ်ကျိုးမဖက်..အများအတွက် အသက်စွန့်တာမို့
သူရဲကောင်းတွေအဖြစ် ဦးညွတ်မိပါတယ်။။။။
ကြားရတာနဲ့တင် အတော်စိတ်မကောင်းဖြစ်ရပါတယ်ဗျာ
နတ်သမီးလေရေ..နှစ်သစ်မှာစိတ်သစ်လူသစ်ဘဝသစ်နှင့်ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ..
မေတ္တာဖြင့်..
ရွှေဝန်းရတနာ...
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
နတ်သမီးလေးရေ။
မေတ္တာဖြင့်
အန်တီတင့်
စီပုံးထားပါ ၊ စီပုံးထောင်ပါ ၊ မဟုတ်ရင် ကွကို ဗုံးလာထောင်မယ် :(
အရမ်းစိတ်မကောင်းဖြစ်မိတယ်
တချို့ကမိုက်မိုက်ရိုင်းရိုင်းတွေပြောလို့ စိတ်မထိန်းနိုင်လို့ စကားတောင်များရတယ် .။
ရင်ထဲကိုဆို့နေတာဘဲး(
ကောင်းရာသုဂတိလားပါစေး
Post a Comment