“ဝိုင်”(Wine) ကို အကြမ်းအားဖြင့်
(1)White Wine(Dry/Medium Dry/Sweet/ Medium Sweet)
(2)Red Wine(Dry/Medium Dry)
(3)Rose Wine(Dry/Medium Dry/Sweet/Medium Sweet)
(4)Dessert Wine
(5)Champagnes
(6)Sparkling Wine...ဟူ၍ (၆)မျိုး ခွဲခြားထားသည်။
(1)White Wine ကို ပင်လယ်အစားအစာများဖြင့် တွဲဖက်၍သော်၎င်း၊
(2) Red Wine ကို အမဲသား၊ ဆိတ်သား ကဲ့သို့သော ဟင်းလျှာများဖြင့် တွဲဖက်၍သော်၎င်း၊
(3)Rose Wine ကို ပူပြင်းသော နွေရာသီတွင် ပေါ့ပါးသောအစားအစာ(Light food) များဖြင့်တွဲဖက်၍သော်၎င်း၊ (4)Dessert Wineကို ညစာစားပြီးအချိန်တွင်အချိုတည်းရန်အတွက် အချိုဝိုင်အဖြစ်သော်၎င်း၊
(5)Champagnes ကို မွေးနေ့ပွဲများ၊ ဖွင့်ပွဲအခန်းအနားများ၊ ဂုဏ်ပြုပွဲအခန်းအနားများ၊ ကျင်းပသည့်
မိတ်ဆုံစားပွဲ များတွင်သော်၎င်း၊
(6)Sparklin Wine ကို တစ်ခွက်တစ်ဖလား မသောက်မဖြစ် သောက်ရသည့် ပွဲများအတွက်သော်၎င်း
အမျိုးမျိုးခွဲခြား၍ သောက်သုံးကြလေ့ရှိသည်။

ဝိုင်ပုလင်းတိုင်း၏အောက်ခြေတွင် အရက်(Alcoholic)ပါဝင်မှုနှုန်းများကို(%Vol)ဖြင့်ဖော်ပြထားလေ့ရှိသည်။ (10.5%Vol)မှ(13%Vol)အထိ အရက်ပါဝင်သောWineများကို Medium Dry Wineအဆင့်အဖြစ် သတ်မှတ်ပြီး ၊ (13.5%Vol)မှ(16%Vol)အထိ အရက်ပါဝင်သောWineများကို
Dry Wineအမျိုးအစားအဖြစ် သတ်မှတ်ထားသည်။
Dry Wineအမျိုးအစားအဖြစ် သတ်မှတ်ထားသည်။
ဝိုင် နှင့် ရှန်ပိန်ကို စပျစ်သီးမှထုတ်လုပ်သည်။
Champagnes နှင့် Sparkling wine မှာမျိုးတူသလိုရှိသော်လည်း
Sparkling Wine ကို နိုင်ငံအတော်များများမှထုတ်လုပ်ပြီး၊
Champagnes ကိုတော့ ပြင်သစ်နိုင်ငံမှ Champagnes ဒေသတစ်ခုထဲကသာ
ထုတ်လုပ်သည့်အတွက် အမည်ကိုလည်း Champagnesဟုခေါ်ခြင်းဖြစ်သည်။

ထိုနည်းတူ Cognac တိုင်းကို Brandyဟုမခေါ်သော်လည်း ပြင်သစ်နိုင်ငံ Cognacဒေသမှလုပ်သော Brandyဖြစ်သောကြာင့် ထိုBrandyကို Cognacအမျိုးအစားဝင် Brandyဟုခေါ်ကြပြီး Armagnac ဒေသကထုတ်လုပ်သော Brandy ကိုလည်း Armagnac Brandy ဟုခေါ်သည်။
Cognac Brandy နှင့် Armagnac Brandyကို စပျစ်သီးမှရယူပြီး ၊ Calvadosဟုခေါ်သော Brandyကို ပန်းသီးမှရယူသည်။ Calvados Brandyကိုတော့ ပြင်သစ်နိုင်ငံ Basse- Normandie or Lowea Normandy ဒေသမှ ထုတ်လုပ်သည်။
ဝိုင်ထုတ်လုပ်သော စပျစ်သီးအမျိုးအစားပေါင်း များစွာရှိသည့်အနက်မှ Xynisteri , Maratheftiko , Mavro စပျစ်အမျိုးအစားများမှာ ဆိုက်ပရပ်စ်(Cyprus)နိုင်ငံထွက် စပျစ်မျိုးများဖြစ်သည်။
Chardonnay , Malaga or Muscat of Alexandria , Palomino , Riesling , Sauvignon Blanc , S'emillon စပျစ်များကို White Wine အဖြစ်ထုတ်လုပ်ပြီး Alicanate Bouschet , Cabernet Franc , Cab ernet Sauvingnon , Carignan Noir , Cinsaut , Grenache Noir , Lefkada , Mourye'dre or Mataro , Syrah or Shiraz စပျစ်မျိုးများကို Red Wine အဖြစ်ထုတ်လုပ်သည်။ ၎င်းစပျစ်များမှာ ဝိုင်ထုတ်လုပ်ရာတွင် အသုံးအများဆုံး စပျစ်သီးအမျိုးအစားများဖြစ်ြ ကသည်။
White Wine, Sparkling Wine, Rose Wine, Champagnesတို့ကို ရေခဲစိမ်၍သောက်သုံးရပြီး Red Wineကို Room Temperatureအတိုင်းသာ သောက်သုံးရသည်။
Chardonnay , Malaga or Muscat of Alexandria , Palomino , Riesling , Sauvignon Blanc , S'emillon စပျစ်များကို White Wine အဖြစ်ထုတ်လုပ်ပြီး Alicanate Bouschet , Cabernet Franc , Cab ernet Sauvingnon , Carignan Noir , Cinsaut , Grenache Noir , Lefkada , Mourye'dre or Mataro , Syrah or Shiraz စပျစ်မျိုးများကို Red Wine အဖြစ်ထုတ်လုပ်သည်။ ၎င်းစပျစ်များမှာ ဝိုင်ထုတ်လုပ်ရာတွင် အသုံးအများဆုံး စပျစ်သီးအမျိုးအစားများဖြစ်ြ
White Wine, Sparkling Wine, Rose Wine, Champagnesတို့ကို ရေခဲစိမ်၍သောက်သုံးရပြီး Red Wineကို Room Temperatureအတိုင်းသာ သောက်သုံးရသည်။
အရည်အသွေးပြည့်မှီသောဝိုင်ဖြစ်ရန် စပျစ်သီးမှရရှိသောအရည်ကို အဆင့်ဆင့်ပေါင်းခံပြီး ပုလင်းများဖြင့်သော်၎င်း၊ သစ်စည်များဖြင့်သော်၎င်း သတ်မှတ်ထားသော အအေးသိုလှောင်ခန်း (သို့) မြေအောက်ခန်းတွင် နှစ်ချီ၍ ထားရှိပြီးမှ ဈေးကွက်တွင်းသို့ တင်သွင်းရောင်းချရသည်
အရည်အသွေးမှီသော ဝိုင်တစ်ပုလင်း၏ သိုလှောင်သက်တမ်းမှာ ၄နှစ်မှ ၅နှစ်ဟု ပျမ်းမျှ သတ်မှတ်နိုင်သည်။
“ ဝိုင်” ဆိုသည်မှာ အရသာခံသောက်သုံးရသော Royal Drink အမျိုးအစားဖြစ်သည့်အတွက် ဝိုင်သောက်ပုံ စနစ် မှန်ကန်မှသာလျှင် ဝိုင်၏ အရသာကို ခံစားသိမြင်နိုင်မည် ဖြစ်သည်။
ကျမတို့ဆိုင်တွင်ရောင်းသော ဝိုင်များ၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ ၂သောင်းမှ ၁၀သိန်းတန်ထိရှိသည်။
ထိုကဲ့သို့ တန်ဖိုးကြီးဝိုင်များကို ပုံစံကျနစွာ သောက်တတ်မှသာလျှင် ဝိုင်၏အရသာနှင့် မိမိပေးဆောင်ရသော တန်ဖိုး ညီမျှပေလိမ့်မည်။
ထိုကဲ့သို့ တန်ဖိုးကြီးဝိုင်များကို ပုံစံကျနစွာ သောက်တတ်မှသာလျှင် ဝိုင်၏အရသာနှင့် မိမိပေးဆောင်ရသော တန်ဖိုး ညီမျှပေလိမ့်မည်။
ဝိုင်၏ အရသာမှာ တူသလိုလိုရှိသော်လည်း အရသာခံ၍ သောက်သုံးကြည့်ပါက များစွာ ကွဲပြားသည်ကို တွေ့ရှိရသည်။ ဝိုင်ကို မသောက်သုံးခင် မြည်းစမ်းကြည့်ရသည်မှာ ထုံးစံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ကာလကြာမြင့်စွာ သိုလှောင်ထားရသော ဝို င်များမှာ သိုလှောင်ထားရှိေ သာ အခန်း၏ အပူ အအေး မမှန်ကန်မှု၊ ဝိုင်ထည့်သွင်းထားသော ပုလင်းအား ပိတ်စို့ထားသော ဖော့ မလုံခြုံမှု၊ သစ်စည်နှင့် အခြားသော အကြောင်းများကြောင့် ဓာတ်ပျက်မှုများ အခန့်မသင့်လျှင်ဖြစ်ပေါ်တတ်သည်။
House Wine။ ။ House Wineဆိုသည်မှာ တနည်းအားဖြင့် “အိမ်ရှင်၏ရွေးချယ်မှု”ကိုဆိုလိုသည်။
အဆင့်မြင့် စားသောက်ဆိုင်များ၏ Menuတိုင်းတွင် House Wineပါရှိသည်။
စားသောက်ဆိုင်မှ ဧည့်သည်များအတွက် မိမိတို့ရောင်းချသော အရည်အသွေးမှီWine များထဲမှ သင့်တော်သောဈေးနှုန်းဖြင့် လူတန်းစားမရွေးသောက်သုံးနိုင်ရန် သတ်မှတ်ရွေးချယ်ပေးထားသော Wineကို House Wineဟုခေါ်သည်။
Ice Wine။ ။ အပူချိန်-7Cံ(19Fံ)အောက်တွင်စိုက်ပျိုးပြီး စပျစ်သီးများရေခဲသည်အဆင့်သို့မရောက်မီအချိန်တွင် ခူးယူပြီး Wineအဖြစ်ချက်လုပ်သော Wineကို Ice Wineဟုခေါ်သည်။ Ice Wine၏ ထူးခြားချက်မှာ အလွန်ချိုပြီး အခြားWine များထက်ဈေးကြီးသည်။

German Eisweinနှင့် Canadian Ice Wineများသည် ကမ္ဘာပေါ်တွင်အထင်ရှားဆုံးဖြစ်ပြီး United States, Austria, Croatia, Czech Republic, Slovakia, Slovenia, Hungary, Australia, Franceနှင့် New Zelandနိုင်ငံများမှလည်း Ice Wineကိုထုတ်လုပ်သည်။
Decanting။ ။ဝိုင်သိုလှောင်ခန်းတွင် နှစ်ကြာမြင့်စွာသိုလှောင်ထားသောနှစ်ချို့ Wineပုလင်းများ၏အောက်ခြေတွင် စပျစ်ဖတ်များအနည်ထိုင်နေတတ်သည့်အတွက် Wineသောက်သုံးသူ၏ဖန်ခွက်တွင်းတွင် စပျစ်အနည်များ ပါမသွားစေရန်စနစ်တကျစစ်ထုတ်ခြင်းကို Decanting လုပ်သည်ဟုခေါ်သည်။
စစ်ထုတ်ပုံမှာ အထူးစီမံပြုလုပ်ထားသော လက်လှည့်ကိရိယာအတွင်းသို့ Wineပုလင်းကိုထည့်ပြီး ဖော့စို့ကိုဖွင့်ပါ။ ပြီးလျှင် လက်လှည့်တံကိုဖြည်းညှင်းစွာလှည့်ပြီး Wineပုလင်းထဲမှ အရည်များကို ပုလင်းဝတွင်တေ့ထားသော ဖန်ပေါင်းချောင်ထဲသို့ Wineအရည်များကူးပြောင်းရယူရသည်။ ထိုမှတဆင့် Wine သောက်သုံးသူ၏ဖန်ခွက်တွင်းသို့ ထပ်မံလောင်းထည့်ပေးရသည်။ များသောအားဖြင့် ဈေးကြီးသောWineများကို ဤနည်းဖြင့် ဧည့်သည်များ၏ရှေ့တွင် Presentation Showတစ်ခုအနေဖြင့် ဝန်ဆောင်မှုပေးလေ့ရှိသည်။
Wine Tasting။ ။
(၁)Colour of the Wine။ ။ ဖန်ခွက်ထဲမှ ဝိုင်၏ အရောင်မှာ ကြည်လင်နေရမည်။

(၂)Wake up the Wine။ ။နှစ်ရှည်လများသိုလှောင်ထားသော ဝိုင်များကို အိပ်ပျော်နေသောဝိုင်ဟု ခေါ်ဝေါ်ကြပြီး ဝိုင်ထည့်ထားသောဖန်ခွက်ကို စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရမ်းခြင်းဖြင့် အောက်စီဂျင်နှင့်ထိတွေ့ပေးပြီး ဝိုင်၏ အနံ့ကို နိုးထပေးပါ။
(၃)Checking the quality of the Wine ။ ။ဝိုင်ထည့်ထားသော ဖန်ခွက်ကို လှုပ်ရမ်းပြီးသော် ဖန်ခွက်ကို အလင်းတွင်ထောင်ကြည့်ပါ ။
Tear ဟုခေါ်သော မျက်ရည်ကဲ့သို့ ညီညာသော ဝိုင်စီးကြောင်းများကိုမြင်တွေ့ရပါလိမ်မည်၊
ဤနည်းဖြင့် ထိုဝိုင်၏ ပြစ်သော သိပ်သည်းသော အရည်အသွေးကို ခန့်မှန်းပါ။
ဤနည်းဖြင့် ထိုဝိုင်၏ ပြစ်သော သိပ်သည်းသော အရည်အသွေးကို ခန့်မှန်းပါ။
(၅)Tasting of the Wine။ ။ဝိုင်အရည်ကို တစ်ငုံစာခန့် မိမိ၏ပါးစပ်အတွင်းတွင်ငုံ၍ ပါးလုတ်ကျင်းသကဲ့သို့ ပြုလုပ်ပြီး မြိုချပါ။
ဝိုင်ဆိုသည်မှာ အရည်၏ အရသာထက် မိမိ၏ အာခံတွင်းတွင် ကပ်ညိနေသော အနံ့ အရသာကို အာရုံဖြင့်ခံစားရသည့် အမျိုးအစားဖြစ်သည့်အတွက် ဖြည်းညှင်းစွာသောက်သုံးရန်လိုပါသည်။
နှစ်သစ်မှာ ဝိုင်ချစ်သူများ ဝိုင်၏အရသာကိုမှန်ကန်စွာ မြည်းစမ်းနိုင်ကြပါစေရှင်..
HAPPY NEW YEAR... TO ALL....
ကိုဆုံဆည်းမှု မေးထားတဲ့မေးခွန်းလေးဖြစ်တဲ့ ဝိုင်ပုလင်းတွေရဲ့အောက်ခြေဟာ ဘာလို့ခွက်နေရသလဲဆိုတဲ့မေးခွန်းကို ပုံနဲ့တကွ ဖြေပေးလိုက်ပါတယ်ရှင်။
အကိုသိတာလေးတွေကိုလည်း ထပ်ပြီးဖြည့်ဆွက်ပေးပါရန် စာဖတ်သူများကိုယ်စားမေတ္တာရပ်ခံပါတယ်။

ဝိုင်ပုလင်းတွေရဲ့အောက်ခြေဟာ တခြားပုလင်းတွေနဲ့မတူပဲ ခွက်အောင်တမင်လုပ်ထားရတဲ့အကြောင်းရင်း(၂)ချက်ရှိပါတယ်။

ပထမတစ်ချက်က.. ဝိုင်ကို ဖန်ခွက်ထဲကိုငှဲ့ရာမှာ ဟိုတည်နဲ့စားသောက်ဆိုင်ကြီးတွေ မှာ သာမန်ပုလင်းတွေကိုကိုင်ပြီး ငှဲ့သလိုမျိုး ငှဲ့လို့မရပါဘူး။
ဝိုင်ငှဲ့နည်း သတ်သတ်ရှိပါတယ်၊ ပုလင်းရဲ့အောက်ခြေမှ ချိုင့်နေတဲ့အခွက်ထဲကို လက်မကိုထည့်ပြီး ကျန်လက်ချောင်း(၄)ချောင်းကိုတော့  ပုလင်းရဲ့အောက်ခြေမှထိန်းပြီးကိုင်ရပါတယ်။ အဲဒီလိုငှဲ့နည်းကို ပရော်ဖယ်ရှင်နယ်လ် ငှဲ့နည်းလို့ခေါ်ပါတယ်(ဟိုတည်နဲ့ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတိုင်း ဒီငှဲ့နည်းကို သိကြပါတယ်)။
ဒုတိယအကြောင်းရင်းကတော့ ကျမ အပေါ်မှာရှင်းပြထားပြီးသားဖြစ်တဲ့  ဝိုင်ကို ဖန်ခွက်ထဲသို့ လောင်းထည့်တဲ့အချိန်မှာ ပုလင်းထဲမှာရှိနေတဲ့ စပျစ်သီးအနှစ်၊ အနယ်များဟာ အဲဒီချိုင့်နေတဲ့ ပုလင်းအောက်ခြေမှာ ကျန်ရှိနေအောင် လုပ်ထားတဲ့သဘောပါ။
White wineရဲ့ပုလင်းဟာ အရောင်မပါပဲ Red wine ရဲ့ပုလင်းဟာ အရောင်နဲ့ဖြစ်နေရခြင်းရဲ့အကြောင်းကတော့ White wineဟာ Red Wineထက် သက်တမ်းပိုနုပါတယ်၊ White wineကို အဖြူရောင်၊ အဝါနုရောင်၊ ရွှေရောင်၊ ရွှေညိုရောင်၊ အစရှိသည်ဖြင့်ခွဲခြားထားတဲ့အတွက် အရောင်ကို သိသာထင်ရှားစွာ မြင်နိုင်ဖို့ ပုလင်းကို အကြည်ရောင်သုံးခြင်းဖြစ်ပါတယ်။

Red Wine အကောင်းစားများကို နှစ်ချို့ဝိုင်အဖြစ် ၁၀နှစ်မှ ၁၅နှစ်သက်တမ်းအထိ သိမ်းဆည်းထားပြီး သောက်လေ့ရှိတဲ့အတွက် စပျစ်ခွံများရဲ့အနှစ်တွေဟာ ပုလင်းရဲ့အောက်ခြေမှာ အနယ်ထိုင်နေတတ်ပါတယ်။
နောက်တစ်ချက်ကတော့ နှစ်ပေါင်းကြာမြင့်စွာ သိမ်းဆည်းထားနိုင်ရန်နှင့် ဝိုင်ဆိုသည့်အမျိုးဟာ နေရောင်(အလင်းရောင်)အောက်တွင် ကြာကြာထားမိပါက ပျက်စီးတတ်သည့်အမျိုးဖြစ်တာကြောင့် အလင်းရောင်ကို ကာကွယ်ရန်အတွက် ပုလင်းကို အရောင်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း တင်ပြရင်း
ဝိုင်ငှဲ့နည်း သတ်သတ်ရှိပါတယ်၊ ပုလင်းရဲ့အောက်ခြေမှ ချိုင့်နေတဲ့အခွက်ထဲကို လက်မကိုထည့်ပြီး ကျန်လက်ချောင်း(၄)ချောင်းကိုတော
ဒုတိယအကြောင်းရင်းကတော့ ကျမ အပေါ်မှာရှင်းပြထားပြီးသားဖြစ်တဲ
White wineရဲ့ပုလင်းဟာ အရောင်မပါပဲ Red wine ရဲ့ပုလင်းဟာ အရောင်နဲ့ဖြစ်နေရခြင်းရဲ့အကြောင်းကတော့ White wineဟာ Red Wineထက် သက်တမ်းပိုနုပါတယ်၊ White wineကို အဖြူရောင်၊ အဝါနုရောင်၊ ရွှေရောင်၊ ရွှေညိုရောင်၊ အစရှိသည်ဖြင့်ခွဲခြားထားတဲ့အတွက် အရောင်ကို သိသာထင်ရှားစွာ မြင်နိုင်ဖို့ ပုလင်းကို အကြည်ရောင်သုံးခြင်းဖြစ်ပါတယ်။

Red Wine အကောင်းစားများကို နှစ်ချို့ဝိုင်အဖြစ် ၁၀နှစ်မှ ၁၅နှစ်သက်တမ်းအထိ သိမ်းဆည်းထားပြီး သောက်လေ့ရှိတဲ့အတွက် စပျစ်ခွံများရဲ့အနှစ်တွေဟာ ပုလင်းရဲ့အောက်ခြေမှာ အနယ်ထိုင်နေတတ်ပါတယ်။
နောက်တစ်ချက်ကတော့ နှစ်ပေါင်းကြာမြင့်စွာ သိမ်းဆည်းထားနိုင်ရန်နှင့် ဝိုင်ဆိုသည့်အမျိုးဟာ နေရောင်(အလင်းရောင်)အောက်တွင် ကြာကြာထားမိပါက ပျက်စီးတတ်သည့်အမျိုးဖြစ်တာကြောင့် အလင်းရောင်ကို ကာကွယ်ရန်အတွက် ပုလင်းကို အရောင်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း တင်ပြရင်း
27 comments:
ဝိုင်ကို အရမ်းကြိုက်လား အစ်မ။ ဗဟုသုတရစေပါတယ် အစ်မပို.စ်လေးက ။ နှစ်သစ်မှာပျှော်ရွှင်ပါစေ။
မောင်မောင်(မြစ်ဆုံ)
နတ်သမီးရေ
ဒီတစ်ခါတော့ဗဟုသုတတွေရခဲ့ပြီနော်
ဒီပို့စ်လေးကို သဘောကျတယ်။
ဝိုင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတတွေ အများကြီးရလိုက်တယ်။
ဒီရာသီမှာ ဝိုင်အကြောင်းလေး ဖတ်ရတာ ဇိမ်ပဲ..
ကျေးဇူးတင်ပါတယ်ရှင်..
ဒီပို့စ်လေးတော့ အရမ်းကြိုက်တယ် အစ်မ
ကျောင်းတက်တုန်းက အချိန်ပိုင်းလုပ်တော့ နယူးဇီလန်ကလာဖွင်တဲ့ water n wine မှာခန လုပ်ဖူးတယ်
ဒီလောက်အလကားသောက်ချင်သလောက်သောက်ခွင့်ရနေတာတောင် ငတုံးက လုံးဝ အနံခံလို့ဘာကိုမှမရလို့ အာလူးကြော်တွေချည်းထိုင်ထိုင်စားရတဲ့အဖြစ် ဟိဟိး)
ဘာလို့ ၀ိုင်သောက်သူတိုင်း
ဖန်ခွက်ကို လှုပ်မှန်း မသိဘူး ..
ဒီလိုကြောင့်ကို ..
ကျေးဇူးး မမ ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဝိုင်အကြောင်းဖတ်နေရင်း ဝိုင်ခွက်လေးကို်င်ထားသူကိုကြည့်ရင်း ဝိုင်နံ့လေးတောင် ရလာသလိုလို မူးရီရီလေးဖြစ်လာတယ်။ ဟိဟိ
ဒီပိုစ့်လေး မဂ္ဂဇင်းကို ပေးလိုက်ရင်ကောင်းတယ် နတ်သမီး ဗဟုသုတရတယ်။ ကောင်းလဲကောင်းတယ်.
နှစ်သစ်မှာ ပျော်ရွှ့င်ပါစေ နတ်သမီးရေ..
ဖြစ်ချင်တဲ့ ရည်ရွယ်တဲ့ ဆန္ဒတွေအားလုံး ပြည့်စုံပါစေနော်
ပို့စ်လေးက အရမ်းကောင်းပါတယ်
အားပေးလျက်ပါ
နတ်သမီးလေရေ..ဝိုင်အကြောင်းတွေရေးထားတာပြည့်ပြည့်စုံစုံပါဘဲ..ဖတ်ရတာတော်တော်ကောင်းပါတယ်..အခုလိုမျှဝေပေးတာကျေးဇူးပါ့...
မေတ္တာဖြင့်..
ရွှေဝန်းရတနာ..
ဝိုင်တော့သောက်ဖူးတယ်
ဒါပေမဲ့မကြိုက်ဘူးရယ်..
အမပြောမှဘဲဝိုင်အကြောင်း
ရှင်းရှင်းလင်းလင်းသိရတော့တယ်
ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ နှုတ်ဆက်တာနောက်ကျသွားတယ် အလုပ်နဲနဲများနေလို့ပါ။
ငါးပါးသီလလုံအောင်ထိန်းချင်လို့ ဝိုင် ကိုတော့တစ်ခါမှ
မသောက်ခဲ့ဖူးပါ။ အောက်ဆုံးကဓါတ်ပုံကလေးတွေကြည့်
သွားတယ်- မြန်မာအကျီင်္ကလေးတွေက ကိုယ်တိုင်ချုပ်
ဝတ်တာလားဟင်---အရမ်းလိုက်တယ်-
မောင်မောင်>>> အမ က စားသောက်ဆိုင်မှာ အလုပ်လုပ်နေရသူဖြစ်တဲ့အတွက် ဝိုင်အကြောင်းကို သင်တန်းတက်ထားရတယ်။ အဲဒီအတွက် ဝိုင်အကြောင်း မသိသေးတဲ့ မြန်မာသူငယ်ချင်းတွေ ဗဟုသူတရအောင်လို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။ ဝိုင်သောက်လို့ ဝိုင်အကြောင်း ရေးတယ်ထင်မှာစိုးလို့ပါ။
..............
စံပယ်လေး၊မမြသွေး၊မြတ်မွန်၊ဝေလင်း၊ လွင်ပြင်၊blackroze၊ shwewunyatana၊ မဒမ်ကိုး၊ဆောင်းနှင်းရွတ်>>> ကျေးဇူးအထူး။
...................
မချော>> မြန်မာဗီဒီယိုရိုက်ကွင်းမှ တာဝန်ရှိသူများသို့”ဆိုတဲ့ပို့စ်က ပိုစုံတယ် မချော၊ အဲဒီတုန်းက အချစ်ဂျာနယ်က ထည့်ဖို့ စာပေစိစစ်ရေးကို တင်တာ ခွင့်မပြုဘူး၊ အရက်သေစာအကြောင်းရေးလို့ဆိုပဲ။
အဲလို.. မြန်မာပြည်ရဲ့ မျက်စိပိတ် နားပိတ် စံနစ်တွေက..း(
သူတို့ကန့်သတ်ထားတဲ့ အကန့်အသတ် ဘောင်ထဲမှာပဲနေနေကြရတာ..
.................
ဦးလေးဂျစ်>>ကျေးဇူး ဦးလေးဂျစ်၊ နတ်သမီးဝတ်ထားတဲ့ မြန်မာအင်္ကျီတွေအားလုံး ကိုယ်တိုင်ချုပ်ထားတာတွေပါ။
ဝိုင်တာ ကြိုက်ပြီး ဘယ်လိုသောက်ရမှန်း မသိဘူး နတ်သမီးရေ..ဒီအတိုင်း မော့ချလိုက်တာပဲ..
ခုတော့ သိသွားပြီ..ကျေးဇူး
ဆရာနေ၀င်းမြင့်ရဲ့ ပြင်သစ်သွားမှတ်တမ်း “ပါရီနွေဦးသရုပ်လွန်အလင်းနှင့် ရာစုသစ်ပင်၏ရုပ်ကြွင်းများ”ကို ဖတ်ပြီးတဲ့ ကျောင်းသားဘ၀ကတည်းက ၀ိုင်ကို စိတ်ဝင်စားနေတာ နတ်နတ်ရေ...ဆရာကတော့ ၀ိုင်ဆိုတာ ၀ါးရ မြုံ့ရတဲ့ အရာလို့ သညာပေးထားတာပဲ...
ဒီမှာတော့ အဲဒီလောက်ကောင်းတဲ့ ၀ိုင်မရှိလို့ ၀ိုင်မည်ကာမတ္တလေးတွေပဲ မြည်းကြည့်နေရသပ...
Champagnes နှင့် Sparkling wine ကို အတူတူပဲ ထင်နေခဲ့တာ။ အခုမှ ဝိုင်တွေအကြောင်းကို သေချာသိနားလည်တော့တယ်။ ကျေးဇူးတင်ပါတယ်။
အရသာလေးက..တစ်မျိုးပဲနေမှာနော်အစ်မ
သောက်တော့..ကြည့်ချင်သားး)
ဝိုင်ဗဟုသုတအတွက်လည်း
ကျေးဇူးပါရှင်...
နှစ်သစ်မှာ.စိတ်ချမ်းသာ.ကိုယ်ကျန်းမာစွာနဲ့
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာ
ပိုင်ဆိုင်နိုင်ပါစေရှင်
ချစ်ခင်လျှက်
ကြိုက်လို့ သောက်တာမှ မဟုတ်ပဲကွယ်.. မူးချင်လို့ သောက်တာပဲ..ကျွန်တော်ကတော့ အပြင်းပဲ စွဲတယ်... ဟဲဟဲ
လူကြီးမင်းနာမည်ကို င်္တဂ်ထားတယ်နော်လာကြည့်အုံး
သူငယ်ချင်းရေ... ဗဟုသုတတွေရလိုက်တယ်... ကိုယ်က ဝိုင်အရမ်းကြိုက်တယ်...း))
တကယ့်ဆောင်းပါးကောင်းတစ်ပုဒ်ပါ။ အစ်ကိုတို့လိုဝိုင်ကို လုံးဝမသိတဲ့လူတွေအတွက်တော့ မှတ်သားစရာတွေရပါတယ်။ လိုအပ်ရင် အဲဒီအထဲကအချက်အလက်တွေယူသုံးပါရစေ။ ညီမနာမည်တပ်ပြီးသုံးပါမယ်။ သုံးဖြစ်တဲ့အချိန်ကျရင်လည်း အသိပေးပါမယ်။
ဗဟုသုတလေးတွေ အတွက် ကျေးဇူးမမရေ..ဝိုင် ထုတ်လုပ်တဲ့ အမ တစ်ယောက်နဲ့ ရင်းနှီးတယ် နွေကျမှ အလည်သွားပြီး လည်ပတ်ကြည့်လိုက်အုံးမယ် မမ.... :):)
မမရေ အနောက်နိုင်ငံတွေ တော်တော်များများမှာ Made in China တွေပါပဲ ညလေးလဲ အဲဒါပဲ သုံးနိုင်တယ် အီတလီ၊ ဂျာမဏီMade တွေတော့ တက်နိုင်ဘူးရယ် လေ...:P:P
ဝိုင် ပုလင်း တွေ ဘာကြောင့် ဖင်ခွက် နေရတာ လည်းဆိုတာ ကို သိရင် ရှင်းပြပေး ပါလား ဟင်
ကြိုက်လို့သာသောက်နေတာ
ဘာမှမသိဘူး ခုတော့သိပြီ
ညီမလေးကျေးဇူးပေါ့
This comment has been removed by the author.
ဆုံစည်းမှု>>> ဟုတ်ကဲ့..ဝိုင်ပုလင်းတွေရဲ့အောက်ခြေဟာ တခြားပုလင်းတွေနဲ့မတူပဲ ခွက်အောင်တမင်လုပ်ထားရတဲ့အကြောင်းရင်း(၂)ချက်ရှိပါတယ်။
ပထမတစ်ချက်က.. ဝိုင်ကို ဖန်ခွက်ထဲကိုငှဲ့ရာမှာ ဟိုတည်နဲ့စားသောက်ဆိုင်ကြီးတွေမှာ သာမန်ပုလင်းတွေကိုကိုင်ပြီး ငှဲ့သလိုမျိုး ငှဲ့လို့မရပါဘူး။
ဝိုင်ငှဲ့နည်း သတ်သတ်ရှိပါတယ်၊ ပုလင်းရဲ့အောက်ခြေမှ ချိုင့်နေတဲ့အခွက်ထဲကို လက်မကိုထည့်ပြီး ကျန်လက်ချောင်း(၄)ချောင်းကိုတော့ ပုလင်းရဲ့အောက်ခြေမှထိန်းပြီးကိုင်ရပါတယ်။ အဲဒီလိုငှဲ့နည်းကို ပရော်ဖယ်ရှင်နယ်လ် ငှဲ့နည်းလို့ခေါ်ပါတယ်(ဟိုတည်နဲ့စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတိုင်း ဒီငှဲ့နည်းကို သိကြပါတယ်)။
ဒုတိယအကြောင်းရင်းကတော့ ကျမ အပေါ်မှာရှင်းပြထားပြီးသားဖြစ်တဲ့ ဝိုင်ကို ဖန်ခွက်ထဲသို့ လောင်းထည့်တဲ့အချိန်မှာ ပုလင်းထဲမှာရှိနေတဲ့ စပျစ်သီးအနှစ်၊ အနယ်များဟာ အဲဒီချိုင့်နေတဲ့ ပုလင်းအောက်ခြေမှာ ကျန်ရှိနေအောင် လုပ်ထားတဲ့သဘောပါ။
စိတ်ဝင်တစား အခုလို ဆွေးနွေးတဲ့အတွက် တစ်ကယ်ကိုကျေးဇူးတင်ပါတယ်ရှင်။
သိပ်ကြိုက်သွားပြီ
Post a Comment