ကျမရဲ့မိတ်ဆွေတချို့ သူတို့ရဲ့Facebook Accountအပိတ်ခံလိုက်ရပါတယ်။
ပိတ်တယ်ဆိုတာထက် လုံးဝကို ဖျက်သိမ်းခံလိုက်ရတာပါ။
မနေ့ညက Facebook ကိုဖွင့်လိုက်တော့ ကျမရဲ့သူငယ်ချင်းတစ်ယောက်ဆီကပို့ထားတဲ့ message တစ်ခုရောက်နေပါတယ်။
အဲဒီmessageထဲမှာ အင်္ဂလိပ်လိုရေးထားတာကတော့ Facebook ကို ကမ္ဘာအနှံ့အပြားက သုံးစွဲနေကြတဲ့အတွက် အရေအတွက်အရမ်းကိုများပြားနေပါတယ်တဲ့၊ တချို့သော Userများဟာ Facebook Accountကိုဖွင့်ထားပြီး အသုံးမပြုကြတဲ့သူတွေလည်းရှိတဲ့အတွက် အဲဒီလိုAccountတွေကို ဖျက်သိမ်းပါမယ်တဲ့။ အဲဒါကြောင့် မိမိတို့ရဲ့Accountတွေ ဖျက်သိမ်းမခံရလေအောင် ယခု လက်ခံရရှိသော forward messageကို မိမိတို့ရဲ့ သူငယ်ချင်းများကို ပြန်ပြီး Forwardလုပ်ခြင်းဖြင့် User Activeဖြစ်ကြောင်း ပြပါဆိုတဲ့ စာသားလေးကို လက်ခံရရှိပြီး အဲဒီmessageကို Forwardလုပ်သင့် မလုပ်သင့် Facebookရဲ့ status မှာ ကျမရေးခဲ့ပါတယ်။
ယနေ့မှာတော့ ကျမရဲ့မိတ်ဆွေ အဖြူရောင်သံစဉ်မှ DJကိုရွှေပုဆီကနေ ဒီလင့်လေး
http://www.petitiononline.com/petitions/saveFB11/signatures?page=1
ကို လက်ခံရရှိခဲ့ပါတယ်။
အဲဒီလင့်လေးကို နှိပ်ပြီး ညာဖက်က (Sign Petition)ဆိုတဲ့အနီရောင်အကွက်လေးကိုနှိပ်ပါ၊
ပြီးလျှင် မိမိတို့ရဲ့အမည် တစ်ခုခုကိုရေးပါ၊
Facebook Accountဖွင့်ထားတဲ့ Email လိပ်စာကိုထည့်ပါ၊
Comment နေရာမှာ Facebook ကို ဆက်လက်သုံးခွင့်ပေးရန် တခုခုရေးရမှာဖြစ်ပါတယ်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျမကတော့ ဖြန့်လိုက်ပါပြီ၊
အပိတ်ခံရတော့လည်း တပြုံလုံးပိတ်ခံကြရတာပေါ့..ဟုတ်ဘူးလား..
ကဲ..
စလိုက်ကြရအောင်..
:P :D
အီဂျစ်သွား တောလား - ၆
14 hours ago
8 comments:
Facebook ဆိုဒ်ကိုဝယ်မလို့ သူကမရောင်းဘူးတဲ့ :P
ဘာာာာာာာာာာာာာာာာာာာ ရက်စက်လိုက်ထှားးး)))ချစ်မရယ် ရက်စက်မှု့အပေါင်းသရဖူဆောင်းတော့သည်း)
ပိတ်ရင်လည်းကောင်းသားဘဲ... ခုကဖေ့ဆ်ဘွတ်ပေါ်မှာသူငယ်ချင်းတွေရှိနေလို့ ကိုယ့်ဟာကိုယ်မပိတ်ဖြစ်တာလေ... တပြိုင်ထဲအကုန်ပိတ်လိုက်ရင်ကောင်းမယ်နော် :))
ပြောပြလို့ ကျေးဇူးပါ နတ်သမီးလေးရေ
ဖဘကိုချစ်တယ်
ဖဘမသုံးပဲနေနိုင်ပေါင်
ပိတ်မှပဲ သံယောဇဉ်ကပြတ်တော့မှာ နတ်သမီးရေ... မဟုတ်ရင် ဖြတ်ချင်ပေမယ့် ပြတ်မရဘူးလေ.:)
facebook မှာ facebook account မြဲဘို့ message လေးကို ရီပလိုင်းလုပ်ပေးဘို့ ၀င်လာတယ်..လုပ်ကို မလုပ်ဖူး။ :)
အယ် ဂယ်ရီးလား.... ပြွတ်သနာပဲ.. :P
အင်း သူပိတ်မယ်ဆိုရင်တော့ ဒုက္ခပါပဲ..
Post a Comment