ရင်ထဲက နှင်းဆီ
သွေးချင်းချင်းနီ
မကျင်လို့“စူး”သလားကွယ်
ကိုယ် ကိုယ်တိုင်ရွေးချယ်တဲ့ပန်း
ဒီရင်ခွင်ထက်မယ်
အချစ်ဆူးကလေး စူးသွားတယ်
ဆူးဆိပ်သင့်လို့ကြေကွဲ
ဒီရင်ခွင် ဥယျာဉ်ထဲက
အပြီးအပိုင်ဆွဲနှုတ်
ကိုယ့်အသည်းက တနုတ်နုတ်
မုန်းမယ်ဆို မုန်းစေတော့ကွယ်
ကြိမ်ဆိုမယ် စိတ်နာစကား
နှင်းဆီနီ ကြားသိစေသား
“ကျမရှိတဲ့အရပ်
မည်သူမဆို နှင်းဆီပင်စိုက် မရှင်သန်ပါစေနဲ့
နှင်းဆီရနံ့ဆင်း မသင်းပျံ့ပါစေနဲ့
နှင်းဆီအမည်ပေါ် မခေါ်မိပါစေနဲ့
နှင်းဆီနဲ့ပတ်သက် မစပ်ယှက်ပါစေနဲ့
နှင်းဆီအသိုင်းဝိုင်းကြား
ကျမလေ..
အတိတ်မေ့သောသူသာ ဖြစ်ပါရစေ...”
10:38 AM
လင်းထက်

Posted in: 

7 comments:
ရင်ထဲက နှင်းဆီ
သွေးချင်းချင်းနီ
မကျင်လို့“စူး”သလားကွယ်
အစပုဒ်လေးကိုက ဆွဲဆောင်မှုရှိနေတာ...
နှင်းဆီလေးအကြောင်း မရိုးနိုင်တဲ့ အရေးအဖွဲ့လေးများ
ခံစားသွားပါ၏...
ခင်တဲ့....မိုးနတ်
ရင်ထဲက နှင်းဆီ
သွေးချင်းချင်းနီ
မကျင်လို့“စူး”သလားကွယ်
အစပုဒ်မှာကိုက ဆွဲဆောင်မှုက အရှိသား...
နှင်းဆီလေးအကြောင်း မရိုးနိုင်တဲ့အရေးအဖွဲ့တွေ
တစေ့တစောင်း လာရောက်အားပေးခဲ့ပါကြောင်း..
ခင်တဲ့...မိုးနတ်
နှင်းဆီဆို ... ဟိုအကိုကြီးကိုပဲ ပြေးပြေးမြင်တယ်... :)
နှင်းဆီနဲ့ပတ်သက် မစပ်ယှက်ပါစေနဲ့
နှင်းဆီအသိုင်းဝိုင်းကြား
ကျမလေ..
အတိတ်မေ့သောသူသာ ဖြစ်ပါရစေ.
ချစ်တဲ့ sis jasmine
မမ နတ်သမီးက နှင်းဆီမကြိုက်ဘူးထငိတယ်။တကယ်တမ်းတော့နှင်းဆီမှာလည်း အလှတ၇ားတွေရှိပါတယ်ဗျာ
မမ ကနှင်းဆီမကြိုက်ဘူးထင်တယ်။တကယ်တော့နှင်းဆီမှာလည်းအလှတ၇ားတွေ၇ှိပါတယ်။ကဗျာလေးကကောင်းပါတယ်ဗျာ။အသည်းကွဲလေးဆိုတော့နည်းနည်းတော့ဝမ်းနည်းတယ်ဗျ။
မမက နှင်းဆီမကြိုက်ဘူးထင်တယ်။တကယ်တော့နှင်းဆီမှာလည်းအလှတ၇ားတွေရှိပါတယ်ဗျ။ကဗျာလေးကဖတ်လို့ကောင်းပါတယ်။အသည်းကွဲလေးဆိုတော့နည်းနည်းတော့ဝမ်းနည်း၇တယ်။
Post a Comment