ကောက်ရစဉ်အချိန်တုန်းကတော့ သူ့မျက်နှာလေးက ပေရေညစ်ပတ်နေတာပဲ၊ ဂွမ်းလေးကို ရေနွေးနွေးလေးစွတ်ပြီး မဲနေတဲ့သူ့နှာနုလေးကို ဖြူအောင်ပွတ်ပေးတာ.. ရုန်းတာနဲ့ သနားလို့ ဆက်မတိုက်တော့ဘူး.. |
ဆိုင်ရှေ့မှာ လမ်းပျောက်ပြီး သခင်ကိုရှာနေတဲ့ ကြောင်လေးတစ်ကောင်ကို
Holloween Day (၃၁.၁၀.၂၀၁၂)မှာ ကောက်ရခဲ့တယ်..။
ကောက်ရစဉ်အချိန်တုန်းကတော့ သူ့မျက်နှာလေးက ပေရေညစ်ပတ်နေတာပဲ၊ ဂွမ်းလေးကို ရေနွေးနွေးလေးစွတ်ပြီး မဲနေတဲ့သူ့နှာနုလေးကို ဖြူအောင်ပွတ်ပေးတာ..
ရုန်းတာနဲ့ သနားလို့ ဆက်မတိုက်တော့ဘူး..
သူနာသွားလား မသိဘူး..း(
ကြောင်လေးက ကျမနဲ့အတူအိပ်တဲ့အတွက် သူ့ဆီက ရောဂါပိုးတွေ မကူးရအောင် သူ့ကို ကာကွယ်ဆေးထိုးပေးဖို့ ဆေးခန်းကိုခေါ်သွားတော့ ဆေးစာအုပ်လုပ်ရပါတယ်။
ဆေးစာအုပ်ထဲမှာ သူ့နာမည်ကို ကျမ လက်ရှိနေထိုင်တဲ့ ဆိုက်ပရပ်စ်နိုင်ငံ(Cyprus)က
အချစ်နတ်သမီး “အက်ဖရိုဒိုက်”ကို အစွဲပြုပြီး “အက်ရိုဒိတီ”လို့ပေးခဲ့တယ်။
ကြောင်လေးရဲ့အသက်ကိုပါ ဖြည့်ရတော့ ခန့်မှန်းခြေ ၆လလို့ရေးပေးလိုက်ပါတယ်။
သူ့အတွက် သန်ကျဆေး တစ်လစာ သောက်ဆေးရယ်၊ ရောဂါ ကာကွယ်ဆေးတစ်လုံး ထိုးပေးလိုက်ပါတယ်။
သူ့ကို စ တွေ့တုန်းက ညစ်ပတ်ပေရေနေတာပဲ၊
အခုတော့ ဝလို့ ဖြိုးလို့ပေါ့..
သူ့ကိုယ်ပေါ်မှာ သန်းဆိုလို့ တစ်ကောင်မှကို မရှိဘူး။
သူက သိပ်ဆော့တယ်
သူ့ကို မွေးစားပြီး တစ်ပတ်အကြာမှာ ကျမရဲ့အခန်း(၃)ထပ်တိုက် ပြတင်းပေါက် ဘောင်ပေါ်က ကစားနေရင်း သူပြုတ်ကျသွားခဲ့တယ်။
ကျမလည်း တိုက်အောက်ကို ပြေးဆင်းပြီး သူ့ကိုပွေ့ချီတော့ သူက နာနေပုံရတယ်၊
အဲဒီနေ့က စနေနေ့၊ ဆေးခန်းတွေ ဆိုင်ခန်းတွေ နေ့တစ်ဝက်ပဲဖွင့်တဲ့နေ့ပေါ့၊
ကျမလည်း အလုပ်သွားချိန်နီးနေတာမို့ သူ့ခြေထောက်လေးတွေကို နနွင်းကို ရေဖျော်ပြီးလိမ်း၊ ပတ်တီးစည်းပေးလိုက်တယ်။
သူ လမ်းမလျှောက်နိုင်ဘူး၊ အရမ်းနာနေတဲ့ပုံပဲ၊ ကျမရဲ့ကုတင်ခြေရင်းက ဝက်ဝံရုပ်ကြီးရဲ့ဝမ်းဗိုက်ထဲမှာ ခွေခွေလေးဝင်အိပ်နေတယ်၊
အစာပြရင်လည်း ထွက်မစားတော့ဘူး၊ ကျမလည်း အလုပ်ချိန်နီးနေတာမို့ အလုပ်သွားခဲ့ပါတယ်။
အလုပ်ထဲမှာလည်း သူ့ကိုစိုးရိမ်စိတ်နဲ့ မပျော်ခဲ့ဘူး။
ခက်တာက စနေ၊ တနင်္ဂနွေ နေ့တွေမှာ ဆေးခန်းတွေပိတ်တာမို့ သူ့ကို တနင်္လာနေ့မှ ဆေးခန်းကိုသွားပြရမှာ။
ကျမ အလုပ်က ပြန်ရောက်တော့ “Babyမ”လေးက ဝက်ဝံရုပ်ကြီးရဲ့ဝမ်းဗိုက်ထဲမှာပဲ အိပ်နေဆဲပဲ။
ကျမ စဉ်းစားတယ်၊ သူ့ခြေထောက်နာ သက်သာအောင် ဘာဆေးလူးရင် ကောင်းမလဲပေါ့၊
ကျမ ငယ်ငယ်တုန်းက ခြေထောက်ခဏခဏ အဆစ်လွဲဖူးတယ်၊ ကျမက မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာနေတာဆိုတော့ အဲဒီလိုဖြစ်တဲ့အခါ မြန်မာ့ဂုဏ်ရည်လမ်းက အရိုး၊အကြောဆရာ ဦးအောင်ချီ(ဦးအောင်ကြည်)ဆီ သွားနေကျမို့ သူဖော်စပ်ထားတဲ့ ဆေးရွက်စုံကို သတိရပြီး မြန်မာပြည်ကဝယ်လာတဲ့ ပန်းပေါင်းစုံရှူဆေးတောင့်လေးကို သတိရသွားတယ်။
အဲဒီရှူဆေးဘူးလေးထဲမှာ သစ်ဥ သစ်ဖုတွေကို ကြိတ်ထားတဲ့ အမှုန့်တွေပါတယ်လေ။
ပရုတ်နံ့နဲ့ဆေးပေါင်းစုံအနံ့မွှေးမွှေးလေးရယ်၊
အဲဒီအမှုန့်တွေကို အရက်ဖြူနဲ့ရောပြီး Babyမရဲ့ ခြေထောက်မှာ အုံပြီး ပတ်တီးစည်းထားပေးလိုက်တယ်။
နောက်နေ့ မနက်လည်းရောက်ရော Babyမရဲ့ခြေထောက်ဟာ သက်သာလာတာကို တွေ့ရတယ်၊
သူ ထော့နဲ့ထော့နဲ့ လမ်းပြန်လျှောက်နေတာတွေ့ရတော့ ကျမ ပျော်လိုက်တာ အရမ်းပဲ၊
အဲဒီလို ဆက်တိုက် လုပ်ပေးလိုက်တာ နောက်(၃)ရက်အကြာမှာ Babyမလေးဟာ ပုံမှန်အခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။
ကျမနေတဲ့အခန်းက ၁၀ပေပတ်လည်းအခန်းကျဉ်းလေးဖြစ်တာကတစ်ကြောင်း၊ ဝရံတာမရှိတာက တစ်ကြောင်း၊ ၃ထပ်တိုက်ရဲ့အပေါ်ဆုံးထပ်ဖြစ်နေတာက တစ်ကြောင်းမို့ Babyမအတွက် အီအီးပါဖို့ အခက်တွေ့ရပြန်တယ်။
နောက်ဆုံးမှာတော့ ကဒ်ထူပုံလေးတစ်ခုထဲမှာ သဲလေးတွေထည့်ပေးပြီး Babyမအတွက် အီအီးပါဖို့ လုပ်ပေးခဲ့တယ်။
အဲဒီပုံးလေးကို ၁ရက်ခြားလဲပေးခဲ့တဲ့အတွက် အခန်းကျဉ်းလေးထဲမှာ ဘာအနံ့မှမရှိခဲ့ပါဘူး။
ကျမ အလုပ်နဲ့ ကျမနေတဲ့အခန်းက နီးနီးလေးရယ်..၊
အခန်းရဲ့ပြတင်းပေါက်ကနေကြည့်ရင် လှမ်းမြင်နေရတယ်။
ကျမ အလုပ်သွားတဲ့အခါ Babyမက ပြတင်းပေါက်ကနေထိုင်ပြီး ကျမရှိရာ နေရာကိုလှမ်းမျှော်ပြီး ကြည့်နေတတ်တယ်၊ ကျမကလည်း အားတဲ့အချိန်ဆိုရင် ဆိုင်ရှေ့ကနေ Babyမရှိရာကို လက်ပြနှုတ်ဆက်လေ့ရှိတယ်။
ကျမ အလုပ်က ပြန်လာရင် Babyမအတွက် ဆိုင်က ရောင်းမကုန်တဲ့နွားနို့ပူပူလေးတွေကို ယူလာတတ်တယ်။
အခန်းပေါက်ဝရောက်လို့ အခန်းတံခါးဖွင့်လိုက်တာနဲ့ Babyမက ကျမကို ဆီးကြိုပြီး
ကျမရဲ့ကိုယ်ပေါ်ကို ခုန်တက်တော့တာပဲ။
အိပ်ချိန်ရောက်လို့ ကျမ အိပ်ယာပြင်ပြီဆိုတာနဲ့ Babyမက ကုတင်ပေါ် အရင်ရောက်နေပြီ။
ကျမအိပ်တဲ့အခါ သူက ကျမရဲ့လက်မောင်းပေါ်မှာ ခေါင်းတင်ပြီး အိပ်လေ့ရှိတယ်။
မနက်မိုးလင်းရင် ကျမရဲ့မျက်နှာကို ဟိုနမ်း ဒီနမ်းလုပ်ပြီးနှိုးတတ်တယ်၊ တစ်ခါတစ်လေ ကျမရဲ့ဆံပင်တွေကို ကိုက်ဆွဲဆော့ကစားပြီး နှိုးတတ်တယ်။
ကျမ ရေချိုးခန်းဝင်ရင်လည်း သူပါတယ်၊
ကျမကို ထိုင်ကြည့်နေတတ်ပါတယ်။
သူနဲ့ကျမ အတူတူအိပ်တာမို့ တစ်ခါတစ်လေ သူ့ကိုရေချိုးပေးတဲ့အခါ ရုန်းကန်ပြီး အော်ပါတော့တယ်။
ရေချိုးပြီးလို့ လေအခြောက်ခံစက်နဲ့သူ့ကိုယ်ကို မှုတ်ပေးတဲ့အခါမှာတော့ ငြိမ်ပြီးခံနေတတ်ပါတယ်။
ကျမ စက်ချုပ်တဲ့အခါ သူက ကျမကို လိုက်ပြီး စတတ်ပါသေးတယ်။
ကျမ ကွန်ပျူတာသုံးရင်လည်း သူပါတယ်၊
ရုပ်ရှင်ကြည့်ရင်လည်း သူပါတယ်။
အခုဆိုရင် သူနဲ့ကျမတို့ရဲ့သံယောဇဉ်က တော်တော်လေးကိုငြိတွယ်နေခဲ့ပါပြီ၊
မကြာခင်သော အချိန်အတွင်းမှာ ကျမ မြန်မာပြည်ကို အပြီးပြန်ရပါတော့မယ်၊
Babyမကို မြန်မာပြည်ကို အပါခေါ်ဖို့ လုပ်ပေမယ့်လည်း လေကြောင်းလိုင်းတွေက လက်မခံပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကျမနေတဲ့ဆိုက်ပရပ်စ်(Cyprus)နိုင်ငံကနေ မြန်မာအထိ လေယာဉ်(၃)ဆင့် စီးရပါတယ်။
တရိစ္ဆာန်ကို သယ်မယ်ဆိုရင် လေကြောင်းလိုင်းတွေက တိုက်ရိုက်(Direct Flight) ကိုပဲ ခွင့်ပြုထားပါတယ်။
ဥပမာ။ ။ Thailand to Myanmar
Singapore to Myanmar
Malaysia to Myanmar အဲဒီလို လေယာဉ်တစ်စီးပဲ စီးရတဲ့လေကြောင်းတွေအတွက်ပဲ ရတယ်လို့ဆိုပါတယ်။
ကျမရဲ့လေကြောင်းလိုင်းက Cyprus to Jordan ၊ Jordan to Thailand ၊ Thailand to Myanmar ပါ။
ဒီကြားထဲ ကြားနိုင်ငံမှာ ၆/၈ နာရီလောက် နားရပါသေးတယ်။ အဲဒီအတွက် လေကြောင်းလိုင်းက နားနေစရာ ဟိုတည်စီစဉ်ပေးပါတယ်။ လေယာဉ်လက်မှတ် ဝယ်ကတည်းက ပါပြီးသားပါ။
Babyမနဲ့ ကျမ နောက်တစ်လခွဲပဲ အတူနေခွင့်ရှိတော့တယ်..း(
ကျမ အရမ်းဝမ်းနည်းတယ်..
သူနဲ့ကျမ ရှင်ကွဲ ကွဲကြရတော့မယ်...
ကျမ ငိုနေတယ်..
သူကတော့ ကျမ စာရေးနေတဲ့နားမှာ ထိုင်ပြီး ကျမကိုကြည့်နေလေရဲ့..
သူ့အတွက် ကျမ စိတ်ချရမယ့် သခင်ကောင်းတစ်ယောက် ရှာပေးခဲ့ယုံမှတစ်ပါး...
ဘာများတတ်နိုင်အုံးမှာလည်းရှင်....
Holloween Day (၃၁.၁၀.၂၀၁၂)မှာ ကောက်ရခဲ့တယ်..။
ကောက်ရစဉ်အချိန်တုန်းကတော့ သူ့မျက်နှာလေးက ပေရေညစ်ပတ်နေတာပဲ၊ ဂွမ်းလေးကို ရေနွေးနွေးလေးစွတ်ပြီး မဲနေတဲ့သူ့နှာနုလေးကို ဖြူအောင်ပွတ်ပေးတာ..
ရုန်းတာနဲ့ သနားလို့ ဆက်မတိုက်တော့ဘူး..
သူနာသွားလား မသိဘူး..း(
ကြောင်လေးက အမလေးမို့ ချစ်စနိုးနဲ့ “Babyမ”လို့ အမည်ပေးခဲ့ပါတယ်။
ကြောင်လေးက ကျမနဲ့အတူအိပ်တဲ့အတွက် သူ့ဆီက ရောဂါပိုးတွေ မကူးရအောင် သူ့ကို ကာကွယ်ဆေးထိုးပေးဖို့ ဆေးခန်းကိုခေါ်သွားတော့ ဆေးစာအုပ်လုပ်ရပါတယ်။
ဆေးစာအုပ်ထဲမှာ သူ့နာမည်ကို ကျမ လက်ရှိနေထိုင်တဲ့ ဆိုက်ပရပ်စ်နိုင်ငံ(Cyprus)က
အချစ်နတ်သမီး “အက်ဖရိုဒိုက်”ကို အစွဲပြုပြီး “အက်ရိုဒိတီ”လို့ပေးခဲ့တယ်။
ကြောင်လေးရဲ့အသက်ကိုပါ ဖြည့်ရတော့ ခန့်မှန်းခြေ ၆လလို့ရေးပေးလိုက်ပါတယ်။
သူ့အတွက် သန်ကျဆေး တစ်လစာ သောက်ဆေးရယ်၊ ရောဂါ ကာကွယ်ဆေးတစ်လုံး ထိုးပေးလိုက်ပါတယ်။
သူ့ကို စ တွေ့တုန်းက ညစ်ပတ်ပေရေနေတာပဲ၊
အခုတော့ ဝလို့ ဖြိုးလို့ပေါ့..
သူ့ကိုယ်ပေါ်မှာ သန်းဆိုလို့ တစ်ကောင်မှကို မရှိဘူး။
သူက သိပ်ဆော့တယ်
သူ့ကို မွေးစားပြီး တစ်ပတ်အကြာမှာ ကျမရဲ့အခန်း(၃)ထပ်တိုက် ပြတင်းပေါက် ဘောင်ပေါ်က ကစားနေရင်း သူပြုတ်ကျသွားခဲ့တယ်။
ကျမလည်း တိုက်အောက်ကို ပြေးဆင်းပြီး သူ့ကိုပွေ့ချီတော့ သူက နာနေပုံရတယ်၊
အဲဒီနေ့က စနေနေ့၊ ဆေးခန်းတွေ ဆိုင်ခန်းတွေ နေ့တစ်ဝက်ပဲဖွင့်တဲ့နေ့ပေါ့၊
ကျမလည်း အလုပ်သွားချိန်နီးနေတာမို့ သူ့ခြေထောက်လေးတွေကို နနွင်းကို ရေဖျော်ပြီးလိမ်း၊ ပတ်တီးစည်းပေးလိုက်တယ်။
သူ လမ်းမလျှောက်နိုင်ဘူး၊ အရမ်းနာနေတဲ့ပုံပဲ၊ ကျမရဲ့ကုတင်ခြေရင်းက ဝက်ဝံရုပ်ကြီးရဲ့ဝမ်းဗိုက်ထဲမှာ ခွေခွေလေးဝင်အိပ်နေတယ်၊
အစာပြရင်လည်း ထွက်မစားတော့ဘူး၊ ကျမလည်း အလုပ်ချိန်နီးနေတာမို့ အလုပ်သွားခဲ့ပါတယ်။
အလုပ်ထဲမှာလည်း သူ့ကိုစိုးရိမ်စိတ်နဲ့ မပျော်ခဲ့ဘူး။
ခက်တာက စနေ၊ တနင်္ဂနွေ နေ့တွေမှာ ဆေးခန်းတွေပိတ်တာမို့ သူ့ကို တနင်္လာနေ့မှ ဆေးခန်းကိုသွားပြရမှာ။
ကျမ အလုပ်က ပြန်ရောက်တော့ “Babyမ”လေးက ဝက်ဝံရုပ်ကြီးရဲ့ဝမ်းဗိုက်ထဲမှာပဲ အိပ်နေဆဲပဲ။
ကျမ စဉ်းစားတယ်၊ သူ့ခြေထောက်နာ သက်သာအောင် ဘာဆေးလူးရင် ကောင်းမလဲပေါ့၊
ကျမ ငယ်ငယ်တုန်းက ခြေထောက်ခဏခဏ အဆစ်လွဲဖူးတယ်၊ ကျမက မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာနေတာဆိုတော့ အဲဒီလိုဖြစ်တဲ့အခါ မြန်မာ့ဂုဏ်ရည်လမ်းက အရိုး၊အကြောဆရာ ဦးအောင်ချီ(ဦးအောင်ကြည်)ဆီ သွားနေကျမို့ သူဖော်စပ်ထားတဲ့ ဆေးရွက်စုံကို သတိရပြီး မြန်မာပြည်ကဝယ်လာတဲ့ ပန်းပေါင်းစုံရှူဆေးတောင့်လေးကို သတိရသွားတယ်။
အဲဒီရှူဆေးဘူးလေးထဲမှာ သစ်ဥ သစ်ဖုတွေကို ကြိတ်ထားတဲ့ အမှုန့်တွေပါတယ်လေ။
ပရုတ်နံ့နဲ့ဆေးပေါင်းစုံအနံ့မွှေးမွှေးလေးရယ်၊
အဲဒီအမှုန့်တွေကို အရက်ဖြူနဲ့ရောပြီး Babyမရဲ့ ခြေထောက်မှာ အုံပြီး ပတ်တီးစည်းထားပေးလိုက်တယ်။
နောက်နေ့ မနက်လည်းရောက်ရော Babyမရဲ့ခြေထောက်ဟာ သက်သာလာတာကို တွေ့ရတယ်၊
သူ ထော့နဲ့ထော့နဲ့ လမ်းပြန်လျှောက်နေတာတွေ့ရတော့ ကျမ ပျော်လိုက်တာ အရမ်းပဲ၊
အဲဒီလို ဆက်တိုက် လုပ်ပေးလိုက်တာ နောက်(၃)ရက်အကြာမှာ Babyမလေးဟာ ပုံမှန်အခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။
ကျမနေတဲ့အခန်းက ၁၀ပေပတ်လည်းအခန်းကျဉ်းလေးဖြစ်တာကတစ်ကြောင်း၊ ဝရံတာမရှိတာက တစ်ကြောင်း၊ ၃ထပ်တိုက်ရဲ့အပေါ်ဆုံးထပ်ဖြစ်နေတာက တစ်ကြောင်းမို့ Babyမအတွက် အီအီးပါဖို့ အခက်တွေ့ရပြန်တယ်။
နောက်ဆုံးမှာတော့ ကဒ်ထူပုံလေးတစ်ခုထဲမှာ သဲလေးတွေထည့်ပေးပြီး Babyမအတွက် အီအီးပါဖို့ လုပ်ပေးခဲ့တယ်။
ကဒ်ထူပုံလေးတစ်ခုထဲမှာ သဲလေးတွေထည့်ပေးပြီး Babyမအတွက် အီအီးပါဖို့ လုပ်ပေးခဲ့တယ်။ |
ကျမ အလုပ်နဲ့ ကျမနေတဲ့အခန်းက နီးနီးလေးရယ်..၊
အခန်းရဲ့ပြတင်းပေါက်ကနေကြည့်ရင် လှမ်းမြင်နေရတယ်။
ကျမ အလုပ်သွားတဲ့အခါ Babyမက ပြတင်းပေါက်ကနေထိုင်ပြီး ကျမရှိရာ နေရာကိုလှမ်းမျှော်ပြီး ကြည့်နေတတ်တယ်၊ ကျမကလည်း အားတဲ့အချိန်ဆိုရင် ဆိုင်ရှေ့ကနေ Babyမရှိရာကို လက်ပြနှုတ်ဆက်လေ့ရှိတယ်။
ကျမ အလုပ်က ပြန်လာရင် Babyမအတွက် ဆိုင်က ရောင်းမကုန်တဲ့နွားနို့ပူပူလေးတွေကို ယူလာတတ်တယ်။
အခန်းပေါက်ဝရောက်လို့ အခန်းတံခါးဖွင့်လိုက်တာနဲ့ Babyမက ကျမကို ဆီးကြိုပြီး
ကျမရဲ့ကိုယ်ပေါ်ကို ခုန်တက်တော့တာပဲ။
အိပ်ချိန်ရောက်လို့ ကျမ အိပ်ယာပြင်ပြီဆိုတာနဲ့ Babyမက ကုတင်ပေါ် အရင်ရောက်နေပြီ။
ကျမအိပ်တဲ့အခါ သူက ကျမရဲ့လက်မောင်းပေါ်မှာ ခေါင်းတင်ပြီး အိပ်လေ့ရှိတယ်။
မနက်မိုးလင်းရင် ကျမရဲ့မျက်နှာကို ဟိုနမ်း ဒီနမ်းလုပ်ပြီးနှိုးတတ်တယ်၊ တစ်ခါတစ်လေ ကျမရဲ့ဆံပင်တွေကို ကိုက်ဆွဲဆော့ကစားပြီး နှိုးတတ်တယ်။
ကျမ ရေချိုးခန်းဝင်ရင်လည်း သူပါတယ်၊
ကျမကို ထိုင်ကြည့်နေတတ်ပါတယ်။
သူနဲ့ကျမ အတူတူအိပ်တာမို့ တစ်ခါတစ်လေ သူ့ကိုရေချိုးပေးတဲ့အခါ ရုန်းကန်ပြီး အော်ပါတော့တယ်။
ရေချိုးပြီးလို့ လေအခြောက်ခံစက်နဲ့သူ့ကိုယ်ကို မှုတ်ပေးတဲ့အခါမှာတော့ ငြိမ်ပြီးခံနေတတ်ပါတယ်။
ကျမ စက်ချုပ်တဲ့အခါ သူက ကျမကို လိုက်ပြီး စတတ်ပါသေးတယ်။
ကျမ ကွန်ပျူတာသုံးရင်လည်း သူပါတယ်၊
ရုပ်ရှင်ကြည့်ရင်လည်း သူပါတယ်။
အခုဆိုရင် သူနဲ့ကျမတို့ရဲ့သံယောဇဉ်က တော်တော်လေးကိုငြိတွယ်နေခဲ့ပါပြီ၊
မကြာခင်သော အချိန်အတွင်းမှာ ကျမ မြန်မာပြည်ကို အပြီးပြန်ရပါတော့မယ်၊
Babyမကို မြန်မာပြည်ကို အပါခေါ်ဖို့ လုပ်ပေမယ့်လည်း လေကြောင်းလိုင်းတွေက လက်မခံပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကျမနေတဲ့ဆိုက်ပရပ်စ်(Cyprus)နိုင်ငံကနေ မြန်မာအထိ လေယာဉ်(၃)ဆင့် စီးရပါတယ်။
တရိစ္ဆာန်ကို သယ်မယ်ဆိုရင် လေကြောင်းလိုင်းတွေက တိုက်ရိုက်(Direct Flight) ကိုပဲ ခွင့်ပြုထားပါတယ်။
ဥပမာ။ ။ Thailand to Myanmar
Singapore to Myanmar
Malaysia to Myanmar အဲဒီလို လေယာဉ်တစ်စီးပဲ စီးရတဲ့လေကြောင်းတွေအတွက်ပဲ ရတယ်လို့ဆိုပါတယ်။
ကျမရဲ့လေကြောင်းလိုင်းက Cyprus to Jordan ၊ Jordan to Thailand ၊ Thailand to Myanmar ပါ။
ဒီကြားထဲ ကြားနိုင်ငံမှာ ၆/၈ နာရီလောက် နားရပါသေးတယ်။ အဲဒီအတွက် လေကြောင်းလိုင်းက နားနေစရာ ဟိုတည်စီစဉ်ပေးပါတယ်။ လေယာဉ်လက်မှတ် ဝယ်ကတည်းက ပါပြီးသားပါ။
Babyမနဲ့ ကျမ နောက်တစ်လခွဲပဲ အတူနေခွင့်ရှိတော့တယ်..း(
ကျမ အရမ်းဝမ်းနည်းတယ်..
သူနဲ့ကျမ ရှင်ကွဲ ကွဲကြရတော့မယ်...
ကျမ ငိုနေတယ်..
သူကတော့ ကျမ စာရေးနေတဲ့နားမှာ ထိုင်ပြီး ကျမကိုကြည့်နေလေရဲ့..
သူ့အတွက် ကျမ စိတ်ချရမယ့် သခင်ကောင်းတစ်ယောက် ရှာပေးခဲ့ယုံမှတစ်ပါး...
ဘာများတတ်နိုင်အုံးမှာလည်းရှင်....
Computerကိုပဲ စိတ်ဝင်စားနေပြီး သူ့ကို ဂရုမစိုက်လို့ ကျမကို ကြည့်နေတဲ့Babyမ |
သူ့ပုံသူ ပြန်ကြည့်နေတဲ့ Babyမ |
ကျမအိပ်တဲ့အခါ သူက ကျမရဲ့လက်မောင်းပေါ်မှာ ခေါင်းတင်ပြီး အိပ်လေ့ရှိတယ်။ |

မနက်မိုးလင်းရင် ကျမရဲ့မျက်နှာကို ဟိုနမ်း ဒီနမ်းလုပ်ပြီးနှိုးတတ်တယ်၊ |
| ||
Computerနှိပ်နေတာကို လိုက်နှောက်ယှက်နေတဲ့ Babyမ |
စက်ချုပ်နေတဲ့ကျမကို လိုက်စနေတဲ့ Babyမ |
သိပ်လှလာတဲ့Babyမ |
14 comments:
ကြောက်စရာအကောင်းဆုံးနဲ့ ခွဲဖို့ အခက်ခဲဆုံးက ခိုင်မာတဲ့ သံယောဇဉ်ပဲနော်..နမ်း.
ဒါပေမယ့်လည်း လောကဓမ္မတာအရ ခွဲခွါကြရအုံးမှာပဲလေ.
ဆရာတော်.အရှင်ဆန္ဒာဓိက ရဲ့ "လမ်းခွဲရင်ဝမ်းနည်းစရာလား" စာအုပ်လေးက ပြေလျော့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်နမ်း..
ချစ်တဲ့
သဒ္ဓါ
ဟယ် မ ရယ်...
ညလေးစိတ်မကောင်းဖြစ်လိုက်တာနော်...
သံယောဇဉ်တော်တော်ဖြစ်နေကာမှ :)
ဘေဘီမက တော်တော်ချစ်ဖို့ကောင်းတာကို..
မ တကယ်ထားခဲ့နိုင်ပါ့မလားးးးးးးးးး
ဒါပေသိ...မထားခဲ့လို့မှ မရတာဆိုတော့....
ဟင်းးးးးးးးးးး
အမရေ...
ချစ်တာကတော့ ချစ်တာပေါ့နော် ..
အရမ်းကြီး သူတို့လေးတွေနဲ့ ရောရောထွေထွေ မနေသင့်ဘူး ... သူ့တို့တွေရဲ့ အမွေးသေးသေးလေးတွေက လူရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားရင် အရမ်းစိုးရိမ်ရတယ် .. ဆောင်းနှင်း အသိထဲမှာ ကြုံဖူးလို့ပါ ...
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဖတ်ပြီး စိတ်မကောင်းဘူး ကြောင်ကလေးက ချစ်စရာလေး ချောချောကလေး...
The Baby ma is so cute.
You can check wf the Vet how to bring back. You can bring the cat on board.
PET should be accompanied by valid health and rabies vaccination certificate, entry permit and other documents required by countries of departure, transit and entry
**Only pets in healthy state without offensive smell is accepted for carriage
**Passenger requiring pets services shall assume all risks of injury, sickness or death during carriage
I have bring back my dog from Vietnam. I take Thailand transit.
YGN airport, you need to pay 20,000 Kyats. That's all.
Hope you can bring her back.

ပဌာန်းဆက်ပါလို့ ဆုံကြတဲ့အခိုက် အားလုံးသတ္တ၀ါတွေ တစ်ချိန်မှာတော့ မလွဲမသွေခွဲခွာကြရမှာပဲဆိုတဲ့ အတွေးက သံယောဇဉ်အပေါ်ကို ထိန်းချုပ်နိုင်မှသာ ခံစားချက်ကိုဖြေနိုင်မှာပေါ့ နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘေဘီမလေးက ချစ်စရာလေး
အစ်မလည်း မီးညောင်နဲ့တုန်းက ဒီလိုပဲ..
ခွဲခွာတဲ့နေ့မှာ ညီမလေးခံစားရဦးမယ်....
တကယ် ကိုယ်ချင်းစာနာမိတယ်..
အကောင်းဆုံး မွေးမြူထားပေးမယ့်သူ ကြိုရှာထားညီမရေ..
ကြောင်လေးက ချစ်စရာကိုး နတ်နတ်ရယ်...ကြောင်ကို နည်းနည်းမှ ခံစားလို့မရတဲ့ ဦးဟန်ကြည်တောင် သဘောကျသလို ဖြစ်လာရော...
နတ်နတ်က ကြောင်ကို ရေချိုးပေးတယ်ဆိုတော့ မြန်မာစကားပုံတစ်ခု သွားသတိရတယ်...ဘာတဲ့ “ အလုပ်မရှိ ကြောင်ရေချိုး ” ဆိုလား...
သံယောဇဉ်ဆိုတာက ခက်သားကလား...မတွယ်မိအောင် နေကြပေမယ့် တွယ်မိပြီးဆိုရင် ခွဲခါနီးတော့ တကယ်ထိပါလေရော...
စိတ်မကောင်းစရာကြီး။ သေချာစုံစမ်းပြီး မြန်မာကို ယူသွားပေါ့။ ရလောက်ပါတယ်။
ဘေဘီမလေးက ချစ်စရာလေး..ခွဲခွာရမှာ စိတ်မကောင်းစရာပဲ..အစစ အဆင်ပြေပါစေ
အပေါ်က ပြောသလိုဆို ထရန်စစ်လည်း ရမယ့်ပုံပဲ ကြိုးစားကြည့်ပါအုံးလား နတ်တမီးရယ်း(
လေကြောင်းလိုင်းတွေကတော့ စုံစမ်းပြီးပြီ၊
ဘယ်လိုမှကို မရတာ..
ရေကြောင်းလိုင်းတော့ မသိဘူး၊
စုံစမ်းကြည့်မယ်၊ အကြံပေးတာ ကျေးဇူးပါနော်။
အချိန်က သိပ်ကပ်နေပြီ၊ ခရီးကလည်း ဝေးတယ်၊
လေယာဉ်နဲ့တောင် ၃ဆင့်ဆိုတော့ သင်္ဘောနဲ့ဆို.. ၁လလောက်တောင် ကြာမလားပဲ
Post a Comment