Tuesday, February 5, 2013

ပုဇွန်ပေါင်မုန့်ညှပ်ကြော်(သို့)Prawns Tost

ဒီနေ့တော့ လုပ်ရတာ အရမ်းလွယ်ကူပြီး အစာပြေစားဖို့ ပုဇွန်ပေါင်မုန့်ညှပ်ကြော် လုပ်နည်းလေးကို တင်ပေးလိုက်တယ်နော်
ပေါင်မုန့်ရဲ့ဘေးသားများကိုလှီးထုတ်လိုက်ပါ
အခွံခွာ၊ အကြောထုတ်ထားပြီးသားပုဇွန်ကို အတုံးသေးများဖြစ်အောင်လှီးပြီး ဆားအနည်းငယ်နှင့်နယ်ပါ။





ပေါင်မုန့်ထဲသို့ ပုဇွန်သားတစ်ဇွန်းထည့်ပါ။



 
ပေါင်မုန့်ရဲ့အနားနှစ်ဖက်ကို ကြက်ဥနှစ်အနည်းငယ်သုတ်၍ ဖိကပ်လိုက်ပါ။







ဤပုံစံလေး ဖြစ်သွားပြီးလျှင် ကြက်ဥရည်ထဲသို့နှစ်ပြီး နှမ်းစေ့များဖြင့်ကပ်လူးလိုက်ပါ။
အားလုံးပြီးသွားလျှင်တော့ ဆီပူထဲသို့ ထည့်ကြော်ပြီး အသင့်စားသုံးနိုင်သော ပေါင်မုန့်ပုဇွန်ညှပ်ကြော်ကို သုံးဆောင်နိုင်ပါပြီရှင်..။

6 comments:

roseayemaung said...

ပုဇွန်ပေါင်မုန့်ကြော်..ကြည့်ပြီးစားချင်လာလို့
၆ခုလုံးအရင်ယူစားသွားပြီ..

သဒ္ဓါလှိုင်း said...

လုပ်စားကြည့်အုံးမယ်. နမ်းလုပ်သလို စားကောင်းပါ့မလားမသိ...
လောလောဆယ်တော့ ကြည့်ရင်း စားချင်လာပြီ.
ချစ်တဲ့
သဒ္ဓါ

Ma Tint said...

ဟယ် နတ်သမီးကို တီတင့်က အဲ့ဒီလို မုန့်လေးတွေ မလုပ်တတ်ဘူးထင်နေတာ ... တော်ပါ့။ တီတင့်လည်းစမ်းလုပ်ကြည့်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

သိဘူးဗျာ...
ညလေးကတော့ ပျင်းတယ်...:(
စားချင်တာပဲ သိတယ်...:P
အာ့ကြောင့် မလုပ်ထားပြီးသားပဲ
ယူစားသွားလိုက်တယ်...:)
ကြိုက်ကြိုက် မကြိုက်ကြိုက် ဇွတ် :D

စံပယ်ချို said...

နတ်နတ်ရေ
ကြည့်ရတာတော့လွယ်မယ်ထင်တယ်
စာလို့ကောင်းမဲ့ပုံလေးရှင်
အားတဲ့နေ့ လုပ်စားကြည့်မယ်နော်
အမြည်းလေးကျွေးပါအုန်း

blackroze said...

အဲလိုလုပ်တာတော့ မစားဖူးဘူးအမ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger