ဒီနေ့(၁၀.၀၂.၂၀၁၃)နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့တဲ့..
Chinese Horoscope အရ The Rat, The Ox , The Tiger , The Rabbit , The Dragon , The Snake , The Horse , The Sheep , The Monkey , The Rooster , The Dog , the Pig ဆိုပြီး တရိစ္ဆာ(၁၂)ကောင်နဲ့ဖွဲ့စည်းထားတဲ့အထဲက ဒီနှစ်ကျရောက်တဲ့ အကောင်ကတော့ The Snake ဖြစ်ပါတယ်။
ကဲ.. မြွေနှစ်ဖွားသူများရဲ့အကြောင်းကို လေ့လာကြည့်ကြရအောင်..
1941 နှင့် 2001 မွေးဖွားသူများကို The Metal Snake
1953 နှင့် 2013 မွေးဖွားသူများကို The Water Snake
1905 နှင့် 1965 မွေးဖွားသူများကို The Wood Snake
1917 နှင့် 1977 မွေးဖွားသူများကို The Fire Snake
1929 နှင့် 1989 မွေးဖွားသူများကို The Earth Snake ဟူ၍ သတ်မှတ်ထားသည်။
မြွေနှစ်ဖွားများသည် အေးဆေးတည်ငြိမ်ပြီး ကြင်နာတတ်သူများဖြစ်သည်။
အလုပ်လုပ်ရာတွင် တခြားနှစ်မွေးဖွားသူများနှင့်မတူပဲ Slow and study ဟုခေါ်သော ဖြည်းဖြည်းနှင့်မှန်မှန် လုပ်တတ်သူများဖြစ်သည်။
သို့သော် မှန်ကန်စွာ ဆုံးဖြတ်တွေးခေါ်တတ်သူများဖြစ်သည်။
မြွေနှစ်ဖွားများသည် ခေါင်းမာ၏။
တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချပြီးလျှင် မပြင်တတ်၊ခေါင်းမာစွာ ရှေ့ကိုသာ ဆက်တိုးလေ့ရှိသည်။
မိသားစုတွင်းတွင်သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင်းတွင်သော်လည်းကောင်း
မြွေနှစ်ဖွားတစ်ဦးပါရှိပါက ထိုသူသည် ယုံကြည်အားထားရသူဖြစ်လိမ့်မည်။
မြွေနှစ်ဖွားများအတွက် ကျောင်းဆရာ၊ ဗေဒင်ဆရာ၊ စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်၊ ဘာသာစကားမျိုးစုံတတ်ကြွမ်းသူ/ ဘာသာပြန်၊ အကြားအမြင်ဆရာ၊ ကိုယ်ရေးအတိုင်ပင်ခံ အရာရှိ၊ အစရှိသည့် အလုပ်များနှင့်လိုက်ဖက်သည်၊ အကျိုးပေးသည်။
ကံကောင်းသောအရောင်မှာ အဝါ၊ အနီ။
ကံကောင်းသောအရပ်မှာ အနောက်မြောက်၊ အရှေ့တောင်အရပ်။
ကံကောင်းသောဂဏန်းမှာ ၂၊ ၄၊ ၇၊ ၉။
ကံကောင်းသောပန်းမှာ သစ်ခွ၊ စောင်းချမ်းပင်(ကန္တာရပင်)။
ကံကောင်းသောနေ့မှာ တနင်္လာနေ့ ဖြစ်သည်။
မြွေနှစ်ဖွားသူများသည် The Ox ဖွားနှင့် The Rooster ဖွားများနှင့် မိတ်ဖက်ဖြစ်ပြီး
The Tiger ဖွားနှင့် The Pig ဖွားများနှင့် ရန်ဖက်ဖြစ်သည်။
တရုတ်လူမျိုးများက ကောင်းကင်ထက်မှ နဂါးသည် မြေပြင်သို့ ပြုတ်ကျပြီး မြွေအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်ဟု အယူရှိပြီး မြွေများကို နဂါးအသေးစားများဟု တင်စားခေါ်ဆိုကြသည်။
မြွေပုံပန်းချီကားများကို ပျော်ရွှင်ခြင်း၊ လဒ်ရွှင်ခြင်း၊ မင်္ဂလာရှိခြင်း၊ ချမ်းသာကြွယ်ဝခြင်းဟု သတ်မှတ်ကြသည်။
မြွေနှစ်ဖွားအမျိုးသားဖြစ်ပါက ထက်မြက်သောသူ၊ ဦးဆောင်သူဟု သတ်မှတ်ယုံကြည်ကြပြီး မြွေနှစ်ဖွား အမျိုးသမီးများကို တစ်ခြားနှစ်ဖွားသူများနှင့်မတူပဲ ထူးခြားလှပသော အဆင်းသဏ္ဍာန်ရှိသူများဟု ယုံကြည်ကြသည်။ တရုတ်အယူအရ မိမိ၏မိသားစုတွင်းတွင် မြွေနှစ်ဖွားရှိပါက တစ်မိသားစုလုံး ထမင်းမငတ်ဟု ဆိုကြသည်။
မြွေကို အိပ်ယာပေါ်တွင် တွေ့ရှိပါက လဒ်ရွှင်ကံကောင်းပြီး တံစက်မြိတ်အောက်တွင် တွေ့ရှိပါက မကောင်းသော အတိတ်နမိတ်ဟု အယူရှိကြသည်။
အိမ်ထဲသို့ မြွေဝင်လျှင် ထိုအိမ်ရှိမိသားစုဝင်များအားလုံး ငြိမ်းချမ်းသာယာသောဘဝ ၊
မတောင်းမတ မကြောင်းမကျသော ဘဝကို မကြာမီ ရရှိတော့မည့်နမိတ်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် မြွေအရေခွံကို ပိုက်ဆံအိတ်အတွင်း အဆောင်အဖြစ် ထားရှိပါက စီးပွားလဒ်ရွှင်ပြီး ငွေမပြတ်ဟု အယူရှိကြသည်။
တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် မြန်မာလူမျိုး(ဗုဒ္ဓဘာသာဝင်)တို့သည် မြွေကို မသတ်သင့်သော သတ္တဝါအဖြစ် သတ်မှတ်ထားကြကြောင်း ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါတယ်..။
စာဖတ်သူများအားလုံး မြွေနှစ်မှာ စီးပွားလဒ်ရွှင်ကြပါစေကြောင်း.. ဆုတောင်းပေးရင်း
HAPPY CHINESE NEW YEAR(2013) TO ALL...
““““GONG XI FA CAI”””
2 comments:
မြွေနှစ်အကြောင်း ခုမှသိရတယ် ..
စိတ်ဝင်စားစရာပဲ......
ချစ်တဲ့သဒ္ဓါ
အိုးးးးးးးးးးးးး
မ ပြောမှပဲ သိတော့တယ်...မိုးနတ်က
ပုံမှန်ဆို အဲဒါမျိုးတွေ သိပ်စိတ်မ၀င်စားတတ်ဘူး....
ခုတော့ နဲနဲ စိတ်ဝင်စားလာပါပြီ..
ဘာပဲဖြစ်ဖြစ် ဗဟုသုတပေါ့ မရယ်...
thanks a lot ပါ မ...:)
Post a Comment