လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က မြန်မာ့အသံရုပ်မြင်သံကြားမှာ ပြသဖူးတဲ့ London စီးကရက်ကြော်ငြာလေးတစ်ခုကို ကြည့်ဖူးတဲ့သူများရှိကြမယ်ထင်ပါတယ်။
အဲဒီကြော်ငြာလေးထဲမှာ မင်းသားဟာ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် ညစာစားဖို့ ချိန်းလိုက်ပါတယ်။
မင်းသားဟာ ချစ်သူကိုပေးဖို့ စိန်လက်စွတ်တစ်ကွင်းကို ဆိုင်တစ်ဆိုင်က ဝယ်ခဲ့တယ်။
လက်စွတ်ဗူးလေးကို လက်ကကိုင်ပြီး ချစ်သူဆီ လာရာလမ်းမှာ အဲဒီလက်စွတ်ဗူးလေးဟာ မတော်တဆ လက်ကလွတ်ပြီး မြေအောက်မြောင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
အဲဒီလက်စွတ်လေးကို အချိန်မှီ မြေအောက်မြောင်းထဲက ဘယ်လိုမှပြန်ဆယ်လို့မရတော့တဲ့အတွက်
မင်းသားဟာ စိန်လက်စွတ်မပါပဲ ချစ်သူဆီကိုသွားရာလမ်းတစ်လျှောက်လုံး အကြံထုတ်လာခဲ့ပါတယ်။
နောက်ဆုံးအကြံရသွားတာကတော့..
သူ့ရဲ့အင်္ကျီအိတ်ထဲက London Cigarette ဗူးကို စမ်းမိသွားတယ်၊
အဲဒီဗူးထဲက ရွှေရောင်စက္ကူလေးကို လက်စွတ်ပုံသဏ္ဍာန်လုပ်ပြီး ညစာစားပွဲမှာ ချစ်သူကို ချစ်ရေးဆိုခဲ့ပါတယ်။
အဲဒီဇာတ်လမ်းလေးကို နောက်ခံထားပြီး Valentine Day မှာ အသည်းပုံလက်စွတ်လေးနဲ့ surprise လုပ်ပြီး ချစ်သူအချင်းချင်း ကျီစယ်နိုင်ကြဖို့ အသည်းပုံလက်စွတ်လုပ်နည်းလေးကို သင်ပေးလိုက်တယ်နော်...
|
၁။ စက္ကူတစ်ရွက်ကို ၄လက္မခွဲx၂လက္မ ဖြတ်ပါ |
|
၂။ပုံပါအတိုင်း .၄လက္မ ခေါက်ပါ |
|
၃။ခေါက်ချိုး ချိုးပါ |
|
၎။နောက်ပြန်လှန်ပြီး ၂ဖက်ခေါက်ပါ |
|
၅။ထိပ်ချွန်ရဲ့အောက်နားကို ဟ ပြီး အတွင်းသို့လက်ညှိုးဖြင့်ထိုးသွင်းပြီး စက္ကူ၏အနားစကို အဖျားရှူးပြီး အပြင်သို့ခေါက်ပါ |
|
၆။နှစ်ဖက်စလုံး လုပ်ပါရန် |
|
၇။ကျောဖက်မှ မြင်ရပုံ |
|
၈။ထိပ်ချွန်လေးကို အတွင်းဖက်သို့ ချိုးချလိုက်ပါ |
|
၉။အခြားတစ်ဖက်မှ မြင်ရပုံ |
|
၁၀။ နှစ်ဖက်စလုံးကို တစ်ဖြောင့်ထဲအတွင်းသို့ပြန်ခေါက်ပါ။ထိုသို့ခေါက်ရာတွင် တြီဂံပုံစံ အပေါ်ထိပ်ဖူး အချိုးကျခေါက်ပါရန်။ |
|
၁၁။ ဤပုံရရှိပါလိမ့်မည် |
|
၁၂။ နောက်ကျောဖက်မှပုံစံ |
|
၁၃။ ပုံပါအတိုင်း ဘာဂျာပုံစံ အဆင့်ဆင့်ခေါက်ပါ |
|
၁၄။နောက်ဆုံးအဆင့် လှပသေသပ်အောင် ဘာဂျာပုံစံ အကြီးအသေးညှိခေါက်ပါ |
|
၁၅။လက်အဝ ၊ အပိန် ညှိပြီး စက္ကူစနှစ်ဖက်ကို ယှက်ပြီး အတွင်းသို့ထိုးထည့်ပါ |
|
၁၆။ အသည်းပုံနေရာလေးကို မိမိကြိုက်နှစ်သက်ရာ အရောင်ချယ်သနိုင်ပါသည်၊ မိန်းခလေးများအဖို့ အသည်းပုံလေးကို အရောင်ချယ်ဖို့ အဆင်သင့်မရှိပါက မိမိနှုတ်ခမ်းမှ ဆိုးထားသော နှုတ်ခမ်းနီကို အနည်းငယ်ယူ၍ ချယ်သနိုင်ပါသည်။ |
Happy Valentine Day For All...;)
5 comments:
နတ်နတ်ရေ
အရှုပ်တွေလုပ်နေ အဲလေ အလုပ်တွေရှုပ်နေလို့
ဘဖ ကိုလဲဝင်မဖွနိုင်ဘူး ဘလော့လည်တာလဲ နောက်ကျနေပြီထင်တယ်
အသည်းပုံလက်စွတ်လုပ်နည်းလေးလဲ အစမ်းလုပ်ကြည်မယ်နော်
ဝိုးးးးးးးးး
အဲ့ကြော်ငြာလေး ညလေးတို့ငယ်ငယ်က ကြည့်ဖူးတယ်
လက်စွပ်လေးက ချစ်ချာရေး မ :)))
ချစ်ရတဲ့နမ်းရေ.
နမ်းဆီကပဲ လက်စွပ်လေး ယူသွားပြီ......
အာဘွားးးးးးးး
ချစ်တဲ့
သဒ္ဓါ
Like :-)
Like :-)
Post a Comment