Friday, March 22, 2013

“ပြည်သူများထံမှ အခွန်ငွေကောက်ခံမည့် ဆိုက်ပရပ်စ်ဘဏ် နောက်ဆက်တွဲသတင်း”



ငွေကြေးဒုက္ခရောက်နေတဲ့ Cyprus နိုင်ငံတွင်းမှာ ဘဏ္ဍာရေး အခက်အခဲ ဖြေရှင်းမှု အစိတ်အပိုင်းတရပ်အနေနဲ့ လူတိုင်း ဘဏ်အပ်ငွေ ထည့်သွင်းရာမှာ အခွန် ကောက်ခံရန် ဒေါ်လာ ၁ သိန်း ၃ သောင်း ၁ ထောင်အထက် ငွေအပ်နှံရင် ၉ ဒဿမ ၉ ရာခိုင်နှုန်းအခွန်၊ ဒေါ်လာ ၁ သိန်း ၃ သောင်း ၁ ထောင်အောက်ဆိုရင် ၆ ဒဿမ ၇၅ ရာခိုင်နှုန်း အခွန်ကောက်ခံမည့် အစီအစဉ်မှာ မအောင်မြင်ကြောင်း အတိအလင်း မကြေညာသေးသော်လည်း သေခြာသလောက်ရှိနေပါသည်။

မြို့ကြီးများရှိ ဘဏ်ရှေ့တွင် ပြည်သူများ ဆက်လက်ဆန္ဒပြမှုများမှာ တင်းမာလျှက်ရှိသဖြင့် ဘဏ်များမှာ
ကြာသပတေးနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ရက်အကန့်အသတ်မရှိ ပိတ်ထားဆဲဖြစ်သည်။
၂၄နာရီသုံး ATMစက်များကိုတော့ အသုံးပြုခွင့်ပြုထားပြီး ဘဏ်ကဒ်တစ်ခုအတွက် ငွေတစ်ခါထုတ်ယူခွင့် အများဆုံး EU300သတ်မှတ်ထားပြီး ထိုကဒ်အတွက် ၂၄နာရီအတွင်း တစ်ကြိမ်သာထုတ်ယူနိုင်ရန် စီစဉ်ထားသည်။

1 comments:

Ma Tint said...

သတင်းလေး ဖတ်သွားတယ် နတ်သမီးလေးရေ...
နတ်သမီးလေး အဆင်ပြေပါစေလို့။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger