Thursday, May 2, 2013

“ဟတ်“ထိလို့ ရေးတဲ့ကဗျာ



နေမထွက်တဲ့ညတွေမှာ
အလွမ်းတွေက မိုးလိုသည်းတယ်

ကန့်လန့်ကာအကွယ်က နှင်းဆီဖူးလေးက
ပွင့်ဖို့ရာ မရဲတစ်ရဲ

အချစ်နတ်သမီးရဲ့ကျိန်စာလေလာ
ပွင့်ရာကပဲ ပြန်ငုံပေးရတော့မလိုလို

စုတ်လည်းဆူး စားလည်းရူး
မီးပျက်တဲ့ညတွေမှာ ကဗျာထိုင်ရေးတဲ့လူတစ်ယောက်လို
လုံးကြေနေတဲ့စက္ကူတွေက ဟိုတစ်စ ဒီတစ်စ


အချစ်ရှုံးသမားရဲ့စောင်းကြိုးညှိသံမှာ
သံစဉ်တွေက ခပ်အက်အက်

နိုးတစ်ဝက် အိပ်စက်ခြင်းတွေမှာ
ဗလောင်ဆူနေတဲ့ ငါ့အိပ်မက်
ခြောက်သွေ့တဲ့ မနက်တွေနဲ့ နိုးထခဲ့ရတယ်


“ဟတ်”ထိတဲ့အခါတိုင်း ကဗျာဖြစ်မယ်ဆိုရင်
ဒီကဗျာကို ငါချရေးမယ်
“သီအိုရီ”ရဲ့ နေဝင်ချိန်ည

3 comments:

နွေတေးရှင် (မင်းဧရာ) said...

ဟတ် ထိလို့ ကဗျာရေးဖြစ်တဲ့ အခါ ကျွန်တော်ဖတ်ခွင့်ရတာပေါ့း)။

ဘာပဲ ဖြစ်ဖြစ်ပေါ့ အချစ်ဆိုတာ ချစ်နေဖို့ပဲ မဟုတ်လား
နေသားကျ သွားမှာပါ ။

စံပယ်ချို said...

ကဗျာလေးကိုခံစားခဲ့ရတယ်

bd kyaw moe khin said...

အလွမ်းလိုသည်းတဲ့မိုးကြောင့်
နေကဒေါင့်တခုမှာအိပ်ပျော်
ညဥ့်ငှက်တွေမပျော်မယ့် အဖော်မဲ့ည ...

ဲ့နှင်းဆီတဖူးက
ကန့်လန့်ကာအကွယ်က တံခါးဟ ဖွင့်နေပေမဲ့..
အချစ်ရူးတဲ့နတ်သမီးရဲ့  ကျိန်စာစူးမှာမို့ 
ဖူးပွင့်ဖို့ မရဲတရဲ
ပွင့်ရာကပဲ ပြန်ငုံပေးရတော့မလိုလို..

စုတ်လည်းဆူးစားလည်းရူး
ကဗျာမူးသွားလေတဲ့လူတယောက်က
မီးပျက်တဲ့ ညအိုအိုမှာ
လုံးကြေနေတဲ့စက္ကူတွေကို
ဒီတစ်စ ဟိုတစ်စလွှင့်ပစ် နဲ့ 
သံစဉ်ညှိ့ လို့ မဖြစ် မရနိုင် ခဲ့လို့ 
ရာဇ၀င်မှာ လေးညှို့ မတင်နိုင်လေတဲ့
အချစ်ရူံ့းသမား၇ဲ့ ထုံးစံ
ကာရံမဲ့တေးသံတွေက သံစဉ်ခပ်အက်အက်...

နိုးတစ်ဝက် အိပ်စက်ခြင်းတွေမှာ
ဗလောင်ဆူ ဆာလောင်မှူ့ တွေ အိပ် မက်
ခြောက်သွေ့တဲ့ မနက်တွေနဲ့ နိုးထခဲ့ရတယ်..

ဟတ်”ထိတဲ့အခါတိုင်း ကဗျာဖြစ်မယ်ဆိုရင်
“သီအိုရီ”ရဲ့ နေဝင်ချိန်ည
ဒီကဗျာကို ငါချရေးမယ်။။။

( မူရင်းစာသား တွေကိုနှစ်သက်မိလို့  ဆင့်ပွားလိုက်မိတာပါ။ Please don't mind ,, just try to mean to alter with ကာရံ )

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger