ဒေသခံလူဦးရေ (၇၀၀၀၀)နဲ့ဖွဲ့စည်းထားတဲ့ ဆိုက်ပရပ်စ်နိုင်ငံဟာ ကျွန်းနိုင်ငံလေးဖြစ်ပေမယ့် အစိုးရအရမ်းကောင်းပါတယ်၊
အဲဒီအတွက် ကမ္ဘာလှည့်ခရီးသည်အများအပြားလာရောက်ကြပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ အေးချမ်းတဲ့နိုင်ငံလေးတစ်ခုဖြစ်ပါတယ်။
ပြဿနာအသေးအဖွဲကိစ္စလေးတွေကတော့ နိုင်ငံတိုင်းမှာရှိကြတာပေါ့ရှင်..
ပုံထဲမှာမြင်ရတဲ့အတိုင်း အကြောင်းအမျိုးမျိုးကြောင့် အောက်ပိုင်းသေပြီး လမ်းမလျှောက်နိုင်သူတွေအတွက် သီးသန့်ဆိုင်ကယ်နဲ့ကားတွေရှိပါတယ်၊
ဖြည့်စွက်ပြီးပြောချင်တာက မြန်မာပြည်က အောက်ပိုင်းသေတဲ့သူတွေဟာ စိတ်ဓာတ်ကျသွားတဲ့သူတွေများပါတယ်၊ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ၊ နိုင်ငံခြားမှာ အဲဒီလိုလူမျိုးတွေဟာ သာမန်လူတွေလို အကူမပါပဲ သွားလာလှုပ်ရှားနေကြတယ်၊ သူတို့ကို သွားကူရင် မကြိုက်ကြဘူး၊ သွားတွဲပေးရင် မကြိုက်ကြဘူး၊
ဘဏ်ကိုတစ်ယောက်ထဲသွားတယ်၊ စားသောက်ဆိုင်ကို တစ်ယောက်ထဲသွားတယ်၊ ဈေးဝယ်လည်း တစ်ယောက်ထဲပဲ၊
အားရစရာအကောင်းဆုံးက ခြေထောက်မလှုပ်ရှားနိုင်ပဲ ကားမောင်းလို့ရတယ်၊ ဆိုင်ကယ်မောင်းလို့ရတယ်၊
ကဲ..
ဘယ်လောက်အားရစရာကောင်းလိုက်သလဲ..
သူတို့မှာ အားငယ်စရာ ဘာမှမရှိတော့တာ..း)
12:59 PM
လင်းထက်


Posted in: 

0 comments:
Post a Comment