တစ်ကယ်ဆို..
အဲဒီလိုမဖြစ်သင့်ဘူးကွယ်..
ခရေ.. ဆိုတိုင်း
အကြွေပန်းရယ်လို့ မချိုးနှိမ်ကြပါနဲ့
သူ့ရနံ့
သူ့အဆင်း
သူ့သတင်းက..
တော်ဝင်သဇင်တောင် ဦးညွတ်နိုင်ပါရဲ့..
အဖွဲ့အနွဲ့တွေမပါလည်း သင်းတာ ခရေ
နွမ်းခြောက်သွားလည်း ရနံ့မပျယ်တာခရေ...
ခရေ...
ကျမရင်မှာ
ရှင်.. ထာဝရရှိတယ်...
(၆.၆.၂၀၁၃)
အဲဒီလိုမဖြစ်သင့်ဘူးကွယ်..
ခရေ.. ဆိုတိုင်း
အကြွေပန်းရယ်လို့ မချိုးနှိမ်ကြပါနဲ့
သူ့ရနံ့
သူ့အဆင်း
သူ့သတင်းက..
တော်ဝင်သဇင်တောင် ဦးညွတ်နိုင်ပါရဲ့..
အဖွဲ့အနွဲ့တွေမပါလည်း သင်းတာ ခရေ
နွမ်းခြောက်သွားလည်း ရနံ့မပျယ်တာခရေ...
ခရေ...
ကျမရင်မှာ
ရှင်.. ထာဝရရှိတယ်...
(၆.၆.၂၀၁၃)
4 comments:
ခရေပန်းကောက်ရတာ အကြိုက်ဆုံးဘဲ။
ပြီးတော့ ကြိုးကလေးမှာ သီကုံးချင်ပါတယ်။
ပြီးရင်တော့ ဘုရားတင်ချင်တယ်။
နှစ်ဖြာညီဆင်း
ခရီးနှင်းလို့ ထာဝရ သင်းနိုင်ကြပါစေ ။
ကဗျာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့
ချစ်စရာကောင်းလိုက်ပါဘိတော့....:)
ညလေးလဲ ခရေချစ်သူပါ မ
ခင်တဲ့...မိုးနတ်
"Hello, we have a client who is looking for Myanmar bloggers for an education campaign.
It's an event organized by Malaysia's leading telco giant to facilitate skills and talent development in Myanmar targeted at
Secondary school, Pre-U and Uni students as well as working adults seeking working opportunities with a company like Axiata.
Time not sure yet. next month probably. There will be incentive given for your participation."
Would you be interested? Hope to hear from you soon!
Post a Comment