"ဒီဇင်ဘာမှာ နှင်းဆီတွေ အရမ်းပွင့်တယ်"...တဲ့
နှင်းကအေးလေလေ ကျမကဆွေးလေလေပဲပေါ့
အနှောက်ကို လှည့်ကြည့်လိုက်တိုင်း
အတိတ်ရဲ့ ဒဏ္ဍာရီပိတ်ကားက မဖွင့်ပဲ ပွင့်ပွင့်လာတတ်လေတော့...
ကျမ ဒီဇင်ဘာကို မုန်းတယ်
နှလုံးသားရှိသူတိုင်း အလွမ်းဓာတ်ခံရှိမယ်ဆိုရင်
ဒီဇင်ဘာဒဏ္ဍာရီမှာ ကဗျည်းထိုးခွင့်ရှိတယ်
"ချစ်တဲ့သူတိုင်း အလွမ်းနဲ့ဝေးကြပါစေသား"
7 comments:
ဟုတ်ပ အစ်မရေ ...
ဒီနှစ် ဒီဇင်ဘာ ကတော့ ... မှတ်မှတ်ရရ လွမ်းရတာပဲ ...။
:(
လက်ရှိရောက်နေတဲ့နိုင်ငံရဲ့ ဒီဇင်ဘာကိုမုန်းတယ်
တောင်ကြီးမြို့ရဲ့ ဒီဇင်ဘာကိုချစ်တယ်ကွယ်........
လူသားတိုင်းအလွမ်းတွေနဲ့ဝေးပါစေပေါ့နော်
ဆွေလေးမွန်တော့ ဒီဇင်ဘာဆို အလွမ်းတွေ ဝေနေတုန်းပဲ..
ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ မနတ်သမီးရေ.
အလွမ်းတွေကိုဖြေသိမ့်နိုင်စွမ်းရှိသူလေး
မကြာခင်နတ်သမီးရှေ့မှောက်ရောက်လာတော့မှာပါ.. :)
မေတ္တာဖြင့်
တီတင့်
ko zaw ပျော်ရွှင်ချမ်းမြေ့ပါစေ
ko zaw ပျော်ရွှင်ချမ်းမြေ့ပါစေ
ပျော်ရွှင်ပါစေ
Post a Comment