“I miss you..” တဲ့လားကွယ်
နင့်ရဲ့စာလွှာလေးက
ငါ့ရင်ကို နွေးစေခဲ့..
“နင်က ငါ့ရဲ့ကဗျာ”
“ငါက နင့်ရဲ့ဂစ်တာ”
ငါရေးတဲ့ကဗျာတစ်ပုဒ်
နင့်ရင်မှာ ထာဝရရှိစေ
နင်ဆိုတဲ့သီချင်းတစ်ပုဒ်
ငါ့ရင်မှာ ထာဝရရှိနေ..
ဝေးနေတာကို ဝမ်းမနည်းနဲ့
သတိရနေရင်ပဲ ကျေနပ်တယ်
တို့နှစ်ယောက်ကြားက
“I miss you..” ဆိုတဲ့
စာလွှာလေး
ထာဝရတည်တံ့ပါစေကွယ်
အမှန်ကိုဝန်ခံရရင်
နင်ပေးခဲ့တဲ့ မေးဖျားက
အနမ်းဒါဏ်ရာကိုစမ်း
ငါလည်း နင့်ကိုလွမ်းတယ်..
နင့်ရဲ့စာလွှာလေးက
ငါ့ရင်ကို နွေးစေခဲ့..
“နင်က ငါ့ရဲ့ကဗျာ”
“ငါက နင့်ရဲ့ဂစ်တာ”
ငါရေးတဲ့ကဗျာတစ်ပုဒ်
နင့်ရင်မှာ ထာဝရရှိစေ
နင်ဆိုတဲ့သီချင်းတစ်ပုဒ်
ငါ့ရင်မှာ ထာဝရရှိနေ..
ဝေးနေတာကို ဝမ်းမနည်းနဲ့
သတိရနေရင်ပဲ ကျေနပ်တယ်
တို့နှစ်ယောက်ကြားက
“I miss you..” ဆိုတဲ့
စာလွှာလေး
ထာဝရတည်တံ့ပါစေကွယ်
အမှန်ကိုဝန်ခံရရင်
နင်ပေးခဲ့တဲ့ မေးဖျားက
အနမ်းဒါဏ်ရာကိုစမ်း
ငါလည်း နင့်ကိုလွမ်းတယ်..
8:11 PM
လင်းထက်

Posted in: 

1 comments:
အနမ်းဒဏ်ရာလေးတွေ နဲ့ အရမ်းလှနေတယ်။
Post a Comment