Wednesday, July 10, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး-၆)

ရူးသွတ်တယ်.. ပဲပြောပြော အချစ်နဲ့ပတ်သက်လာရင်
မောင့်ရဲ့ ဆံဖျားကအစ ခြေဖဝါးအထိ တစ်ခုခြင်းစီကို ချစ်တယ်..
ချစ်တာမှ မြတ်မြတ်နိုးနိုးကို ချစ်တာ..
'မောင်က မချောဘူး..' တဲ့လား
ကျမ သိတာပေါ့ မောင်..
ကျမချစ်တာ..
ကျမ စွဲလန်းခဲ့တာ..
ချောမောလှပခြင်းတွေမှမဟုတ်တာ..

မေတ္တာ..
မောင့်နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေကို ကျမစွဲလန်းသွားခဲ့ရတာပါ..

မောင့်မျက်ဝန်းအကြည့်တွေထဲမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိတယ်..

မောင့်နှလုံးသားထဲမှာ အကြင်နာနွေးနွေးတွေ အပြည့်ရှိတယ်..

မောင့်ရဲ့ပွေ့ဖက်ခြင်းတွေမှာ မြတ်နိုးခြင်းတွေ အပြည့်ရှိတယ်..
'မိဆိုး..'တဲ့
မောင့်လည်တိုင်ကို ကျမလက်နှစ်ဖက်နဲ့ တွဲခိုရင်း မောင့်ရဲ့မျက်နှာတစ်ပြင်လုံးကို တရှိုက်မက်မက် နမ်းမိတဲ့အခါ
မောင်က ကျမကို 'မိဆိုး..' လို့ ချစ်စနိုးခေါ်တတ်တယ်

ရေမွှေးစွတ်လေ့မရှိတဲ့မောင့်ရဲ့ တစ်ကိုယ်လုံးမှာ..
ကျမချစ်တဲ့ ကိုယ်သင်းနံ့လေးတွေ တွဲလဲခိုလို့...
ကျမနှလုံးသားလေးကို ညှို့ယူလွန်းတယ်..
တစ်ခါနမ်းပြီးတိုင်း...
မောင့်ရဲ့ကိုယ်သင်းနံ့လေးတွေက ကျမနှလုံးသားမှာ တစ်သက်စာ ကပ်ငြိနေခဲ့..
ချစ်တယ်...
ခုလည်း ချစ်တယ်
နောင်လည်း ချစ်နေမယ်
မောင်ရေ..
ချစ်ကိုလေ..
ဝေးသွားဖို့ မပြောနဲ့
တွေးရင်းနဲ့တောင် မျက်ရည်ဝဲတယ်ကွယ်..


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger