
ပိတောက်မှသာ တနှစ်မှာ တခါပွင့်တာ မဟုတ်ပါဘူး
အချစ်နဲ့ ပတ်သက်ရင် တသက်မှာ တခါပဲချစ်ဖူးတယ်
ချစ်သူဟာ ညဆိုရင်
ကျမက ကြယ်ကလေးဖြစ်ပါရစေ...
ချစ်သူဟာ နေ့ဆိုရင်
ကောင်းကင်ပြာ ကျမဖြစ်ပါရစေ...
ချစ်သူဟာ ကျမရဲ့ဘဝဆိုရင်
ချစ်သူအတွက် ထာဝရကျမဖြစ်ပါရစေ...
အချစ်ရဲ့မာယာတွေက ကျမကိုဖျားယောင်းစေတယ်
အချစ်ဟာ ပူလောင်စေတဲ့ အရာဆိုရင်
ကျမမေတ္တာတွေနဲ့ အေးမြစေမယ်..
အချစ်ဟာ အေးခဲစေတဲ့အရာဆိုရင်
ကျမအကြင်နာတွေနဲ့ နွေးထွေးစေမယ်...
အချစ်ဟာ ကြမ်းတမ်းစေတဲ့အရာဆိုရင်
ကျမဂရုဏာတွေနဲ့ နူးညံ့စေမယ်...
အချစ်ဟာ ဖောက်ပြန်စေတဲ့အရာဆိုရင်
ကျမသစ္စာတွေနဲ့ ထိန်းချုပ်ထားမယ်...
အချစ်ဟာ ရင်ခုန်စေတဲ့အရာဆိုရင်
ချစ်သူရေ....
ရှင့်ရဲ့မျက်ဝန်းညိုညိုတွေကို ခနလောက်မှေးစက်ထားပေးပါ
ကျမ ရှင့်ကို မြတ်နိုးစွာ xxx ထွေးပွေ့ချင်လို့ပါ....။
3:07 PM
လင်းထက်
Posted in: 

4 comments:
ဝဲထူတဲ့လောကမှာ လူသူတွေကင်းလို့ ကော်မန့်တောင် ဇီးရိုးဖြစ်နေပါရော့လား....။
သ...မိုက်ဗျာ(The မိုက်)။ နတ်သမီးချစ်သူ နတ်သားကတော့ ကြွေကျသွားနိုင်တယ်။
သ...မိုက်ဗျာ(The မိုက်)။ နတ်သမီးချစ်သူ နတ်သားကတော့ ကြွေကျသွားနိုင်တယ်။
ဝဲထူတဲ့လောကမှာ လူသူတွေကင်းလို့ ကော်မန့်တောင် ဇီးရိုးဖြစ်နေပါရော့လား....။
Post a Comment