Monday, February 25, 2013

“ချစ်တတ်ခဲ့ပြီ”



ပန်းတစ်ပွင့်ရဲ့ ဖန်ဆင်းခြင်းရင်ခွင်ဟာ
အလွမ်းငွေ့ငွေ့လေးနဲ့ စောင့်ကြိုနေတယ်

အချစ်နဲ့ပတ်သက်လာရင်
နေကိုတောင် အနောက်အရပ်က ထွက်ပေါ်စေခဲ့သူ

သူမရဲ့အနိုင်ယူမှုတွေကို သူ မမှု
သူ့ရဲ့ခေါင်းညိတ်လိုက်လျောခြင်းတွေက
သူမအတွက် လိုတရစေ...

သူမရဲ့ဘဝဟာ သူ့ဘဝ
သူ့နှလုံးခုန်သံကို ရပ်
သူမရင်ခုန်သံနဲ့ အသက်ဆက်ရှင်ခဲ့

အနုအရွတွေမပြောတတ်ပေမယ့်
သူ့ချည်ငင်က သူမကိုတစ်မျှင်ခြင်းရစ်ပတ်

အခုတော့..
သူမနှလုံးသားလေးအရည်ပျော်ကျ
ဖော်ပြမရတဲ့ခံစားချက်နဲ့
သူ့ကြောင့်..
သူမ ချစ်တတ်ခဲ့ပြီ...

3 comments:

Ma Tint said...

'မင်းနဲ့မှချစ်တတ်လာပြီ' ပေါ့ နတ်သမီးလေး :P
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဒ္ဓါလှိုင်း said...

နူးညံ့တဲ့ချစ်ခြင်းများနဲ့ အချစ်များစွာအတွက် ရစ်ပတ်လာခဲ့တဲ့ ချည်မျှင် လေးတွေက သက်ဝင်လှပနေပါစေ...
ချစ်တဲ့
သဒ္ဓါ

မိုးနတ်ကြယ်စင် said...

မ ရေ...
ကဗျာလေးမိုက်တယ်ဗျို့......
နောက်ပြီး မ ကလဲ သိပ်လှတယ်...
ဘယ်လိုပြောမလဲ...ဟို
မဟာဆန်တယ်လို့ ပြောရမဲ့ အလှမျိုးပေါ့ မ ရယ်..
ချစ်တဲ့....မိုးနတ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger