မနေ့က အိမ်မှာ ဂျုံအာလူးပြားကြော် လုပ်စားကြတယ်
လုပ်ရတာလွယ်ကူပြီး အဆာပြေစားလို့လည်း အရမ်းကောင်းတယ်
သူငယ်ချင်းတို့လုပ်စားကြည့်လို့ရအောင် လုပ်နည်းလေး တင်ပေးလိုက်တယ်နော်။
ပါဝင်တဲ့ပစ္စည်းတွေကတော့
၁။သင်္ဘောခြစ်နဲ့ခြစ်ထားတဲ့ အာလူးအချောင်းများ
၂။ဂျုံမှုန့်
၃။ဆီ၊ အချိုမှုန့်၊ဆား၊ကြက်ဥတစ်လုံးတို့ဖြစ်ပါတယ်။
ခြစ်ထားပြီးသားအာလူးများကို ဂျုံမှုန့်၊ ဆားအနည်းငယ်၊ကြက်ဥတစ်လုံး၊အချိုမှုန့်အနည်းငယ်ကို ရေသင့်တော်သလိုထည့်ပြီး ပုံမှာမြင်ရတဲ့အတိုင်း နယ်ပါ။
လုပ်ရတာလည်းလွယ်တယ်၊ စာလို့လည်းအရမ်းအရသာရှိတဲ့ ဂျုံအာလူးပြားကြော်လေးကို အပြင်းပြေလုပ်စားကြည့်ကြပါအုံးနော်။
5 comments:
အာလူးကိုအမျိုးမျိုး လုပ်စားဘူးခဲ့တယ်။
ဂျုံအားလူးပြားကြော် လုပ်မစားဖူးသေးဘူး
စမ်းလုပ်စားမယ် ကြည့်ရတာလွယ်ကူသလို
စားကောင်းမယ့်ပုံပဲ နတ်သမီးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဲဒါ မီးမီးကြိုက်ကြိုက် :)))
နောက်မှ ပဲကိုယ်တိုင် ကြော်စားတော့မယ်.
ခုတော့ မကြော်တဲ့ ဂျုံအားလူးကြော် မြည်းပြီး ပြန်ပြီ
နောက်မှပဲ ကိုယ်တိုင်ကြော်စားတော့မယ်
ခုတော့ မကြော်တဲ့ အားလူးကြော်ပဲ မြည်းပြီး ပြန်တော့မယ်
ပြန်လာရင် လုပ်ကျွေးနော်...အဲလိုမျိုး
Post a Comment