Friday, April 19, 2013

ထစ်ခြုံးမိုးနဲ့အတူ

ဆိုက်ပရပ်စ်မှာ မိုးတွေရွာနေတယ်..

အလွမ်းတစ်ဆုတ်စာ ဆိုပေမယ့်
ငါ့ရင်ဘတ်ထဲမှာ
နင်ပေးခဲ့တဲ့ နှင်းဆီတစ်ပွင့်က “နေရာအပြည့်”ပေါ့..

ကောင်လေးရေ..
ငါပေးခဲ့တဲ့
နှင်းဆီချစ်ခြင်းတွေကို နင်သတိမရတော့ရင်တောင်

ထစ်ခြုံးမိုးနဲ့အတူ
ကြွေလွင့်ခဲ့တဲ့
နှင်းဆီပွင့်ဖတ်ခြောက်လေးရဲ့
သင်းရနံ့လေးကိုတော့ ထာဝရမဟုတ်ရင်တောင်
တစ်ခဏတော့ သတိရပေးပါကွယ်...

1 comments:

roseayemaung said...

ထစ်ခြုံးမိုးနဲ့အတူ
ကြွေလွင့်ခဲ့တဲ့
နှင်းဆီပွင့်ဖတ်ခြောက်လေးရဲ့
သင်းရနံ့လေးကိုတော့ ထာဝရမဟုတ်ရင်တောင်
တစ်ခဏတော့ သတိရပေးပါကွယ်...
**မရေ...အားပေးခဲ့တယ်နော်**

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger