Tuesday, April 16, 2013

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်


သင်္ကြန်အတွင်း (၁၁)နှစ်ခြားပြီး (၉၆)ပါးရောဂါဖြင့်ကွယ်လွန်သွားကြသော မိဘနှစ်ပါးအားရည်စူး၍ ဥပုသ်(၃)ရက်ဝင်ခြင်းမှာ ယနေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

ကျမပြုသော ကောင်းမှုကုသိုလ်များကို မိဘနှစ်ပါးနှင့်တစ်ကွ (၇)ရက်သား/သမီးများ အားလုံးကို အမျှပေးဝေပါသည်။
“အမျှ..အမျှ..အမျှ”ရ၍ “သာဓု..သာဓု..သာဓု”ခေါ်ဆိုနိုင်ကြပါစေ။

နှစ်ဆန်း(၁)ရက်နေ့မှ“စ”၍ (၇)ရက်သား/သမီးများအားလုံး ဘေးဆိုး ကပ်ဆိုးများမှကင်းလွတ်ပြီး အတိတ်ကောင်း နမိတ်ကောင်းများကို မြင်တွေ့ကြပါစေ..၊ ကြားသိကြပါစေ..၊
ကံကောင်းခြင်းလက်ဆောင်များကို လက်ဝယ်ပိုင်ဆိုင်ကြပါစေ..၊
ကပ်ဆိုးများမှကင်းလွတ်ပြီး အနာရောဂါ ကင်းရှင်းကြပါစေ..၊
ပြည်သူပြည်သားများနှင့်တကွ ကျမတို့ရဲ့မြန်မာပြည်ကြီး အေးချမ်းသာယာပါစေကြောင်း ဆုတောင်းပေးရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်ရှင်..

HAPPY NEW YEAR TO ALL...

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger