Thursday, May 30, 2013

““လုပ်လိုက်ရင် တလွဲ””””




“ဆိုက်ပရပ်စ်”ဆိုတဲ့ကျွန်းနိုင်ငံလေးတစ်ခုမှာ (၉)နှစ်ကြာအလုပ်သွားလုပ်ပြီး အမိမြန်မာပြည်ကို ပြန်လာခဲ့တဲ့ကျမ တိုးတက်ပြောင်းလဲသွားတဲ့အခြေအနေတွေကို မြင်တွေ့ပြီး အရမ်းကို အားရဝမ်းသာခဲ့ပါတယ်။

စူပါမားကက်ကြီးတွေဆိုလည်း အကြီးကြီး..၊
ကားတွေဆိုလည်း အရင်ကထက်ပိုများလာတယ်..၊
Auto Gear တွေနဲ့ဆိုတော့ ကားတွေကြားထဲ ပြိုင်ကားမောင်းသလို ရွှတ်ကနဲ ရွှတ်ကနဲပဲ..။Gameကစားနေသလား အောင့်မေ့ရတယ်။

ကျောင်းတွေဆိုလည်း Private Schoolတွေမှ အများကြီးပဲ၊ အစိုးရကျောင်းနဲ့ Privateကျောင်း ဘာကွာသလဲလို့မေးကြည့်တော့ Privateကျောင်းတွေက နိုင်ငံခြားသားဆရာတွေပါတယ်တဲ့၊
အင်း.. ထားပါတော့.. မိဘဆိုတော့လည်း ကိုယ့်သား/သမီးတွေကို ပညာရေးမြင့်မားစေချင်မှာပေါ့..။
အ.မ.က/ အ.ထ.က ကျောင်းတွေကထွက်တဲ့ ပညာတတ်တွေလည်း အများကြီးရှိခဲ့ပါတယ်။

ကျမရောက်တဲ့အချိန်နဲ့ တပ်မတော်ပြခန်းမှာ ပြသတဲ့ ITပြပွဲနဲ့တိုးပါတယ်။
ကွန်ပျူတာနည်းပညာတွေများ တိုးတက်လာလိုက်ကြတာ..၊ အံ့မခန်းပါပဲ၊ ကျမ ကွန်ပျူတာနဲ့ပတ်သက်ရင် အရမ်းတုံးပါတယ်။
အဲဒီပြပွဲထဲက နည်းပညာတွေကိုကြည့်ပြီး ကျမ မူးသွားတယ်။ လေးစားပါတယ် ITပညာရှင်များရှင်..။

စားသောက်ဆိုင်တွေဆိုလည်း အများကြီးပဲ၊ သူ့ဈေးနဲ့သူပေါ့၊ အနောက်တိုင်းအစားအစာ၊ အရှေ့တိုင်းအစားအစာ၊ အစုံရတယ်၊
ဈေးနှုန်းလေးတွေကလည်း မဆိုးရှာပါဘူး။

Private ဆေးရုံတွေဆိုလည်း အများကြီးပဲ၊ ကျမက ချူချာတော့ ဆေးခန်းနဲ့အိမ် အိမ်ဦးနဲ့ကြမ်းပြင်လိုပါပဲ၊ အဲဒါကြောင့် ဘယ်နေရာရောက်ရောက် ဆေးခန်းရှိတဲ့နေရာကို အမြဲရှာထားရတယ်။

အဲဒီလိုနဲ့ ကျမ Shopping Mall တစ်ခုကို ရောက်ခဲ့ပါတယ်၊
ဝယ်စရာရှိတာတွေ ဝယ်ပါတယ်၊ တစ်ချို့ဆိုင်သေးလေးတွေက ဝယ်ပြီးတာနဲ့ ပိုက်ဆံရှင်းရပါတယ်၊ အဲဒီမှာ “စ”တာ..း(
လက်သည်းဖျက်ဆေးနဲ့ဂွမ်းဝယ်တော့ ကျမမှာရှိတဲ့ပိုက်ဆံ(အရွက်သေး)တွေကို ရေတွက်ရာမှာ ပေးခြေရမယ့်ငွေပမာနထဲမှ ၃၀၀လိုနေပါတယ်၊ ၅၀၀၀တန်ပေးတော့ အရောင်းစာရေးမလေးက မယူပါဘူး။
ကျမမှာရှိတဲ့အရွက်သေးတွေကိုပဲ ၃၀၀လျှော့ပြီးယူလိုက်ပါတယ်။
ကျမကို ၃၀၀လျှော့ပေးလိုက်တာပါ။

အဲဒီလိုနဲ့ နောက်တစ်ဆိုင်မှာ ပစ္စည်းတစ်ခုဝယ်တော့ ၁၅၂၅၀ကျပ်ကျပါတယ်၊
အရှက်က အဲဒီမှာကွဲတာ..း(

လွန်ခဲ့တဲ့ ၉နှစ်က ဆိုက်ပရပ်စ်ကိုမသွားခင် ကျမရဲ့အဝတ်အစားတချို့နဲ့မြန်မာပိုက်ဆံတစ်ချို့ကို အိမ်ကဘီဒိုထဲမှာ ထားခဲ့ပါတယ်။
အခု ဆိုက်ပရပ်စ်က ပြန်လာတော့ အဲဒီပိုက်ဆံလေးတွေကို သုံးဖို့ ယူလာခဲ့ပါတယ်။
၅ကျပ်တန်၊ ၄၅ကျပ်တန်၊ ၅၀ကျပ်တန်၊ ၁၀၀ကျပ်၊ ၂၀၀ကျပ်၊ ၅၀၀ကျပ်၊ အဲဒီပိုက်ဆံလေးတွေထဲက ကျမပေးရမယ့်ငွေ ၁၅၂၅၀ကျပ်အတွက် =၅၀၀၀ကျပ်(၃ရွက်)+၂၀၀ကျပ်+၄၅ကျပ်+၅ကျပ်ကို ပေးလိုက်တော့ အရောင်းဝန်ထမ်းမိန်းခလေးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျမကို အံ့သြစွာပြန်ကြည့်ပါတယ်။
ကျမလည်း စိုးရိမ်သွားတာပေါ့နော်၊ ပိုက်ဆံများလိုလို့လားပေါ့..။
ပထမတစ်ခါတုန်းက သူတို့အမ်းစရာမရှိလို့ ဒီတစ်ခါတော့ အတိအကျပေးလိုက်တာ။

““ညီမလေး.. ပိုက်ဆံလိုလို့လားဟင်”””လို့မေးလိုက်တော့
“““အစ်မ.. ၄၅ကျပ်တန်က သုံးလို့မရတော့ဘူး၊ ၅ကျပ်တန်က ရှိတောင်မရှိတော့ဘူး”””တဲ့..
အဲဒီမှာတင်..
ဈေးလာဝယ်ကြတဲ့သူတွေက ကျမကို ကျောက်ခေတ်က လူတစ်ယောက်လို ဝိုင်းပြီးကြည့်ကြပါတော့တယ်...


ကျမကလည်းကျမပါပဲလေ...
လုပ်လိုက်ရင် တလွဲ....
ကဲ...


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...း)

6 comments:

နွေတေးရှင် (မင်းဧရာ) said...

လေးဆယ့်ငါး သုံးလို့မရတော့ဘူးလို့ အစိုးရက တရားဝင်များ ထုတ်ပြန်ထား သလားဗျ ငါးဆယ်တန် မရှိတော့ဘူး ဆိုတာ ကတော့ အကြောင်း ကြောင်းကြောင့်ဖြစ် လက်ခံ နိုင်ပါတယ်
သို့ ပေသိ သုံးလို့ မရတော့ဘူး ဆိုတာ မျိုး မရေးသင့် သလို မပြောလည်း မပြောသင့်ဘူး ဒါက ကျနော့်အမြင်ပါ ။

မိုးနတ်ကြယ်စင် said...

ဟားဟားးးးးးးးး
အမကတော့ ဖြစ်ရမယ်ဗျာ :PPPP

အဖြူရောင်နတ်သမီး said...

အဲဒီဆိုင်က အရောင်းစာရေးမလေးက ပြောတာပါ..
““““အစ်မ.. ၄၅ကျပ်တန်က သုံးလို့မရတော့ဘူး၊ ၅ကျပ်တန်က ရှိတောင်မရှိတော့ဘူး”””တဲ့..

. . လင်းခေတ်ဒီနို . . said...

အောင်မလေး . . . အမယ်မင်းရယ်တဲ့ ပြောရတော့မယ် ( စိန်အောင်မင်း ငိုခြင်းချသံနဲ့ )း))))

ဖြစ်ရလေ မနမ်းရယ် . . . အိုဗာဒိတ် ပိုက်ပိုက်တွေ ပြတိုက်သွားပို့ပေးရမှာ ဘယ်နဲ့ေ၇ှာပင်းမောမှာ သွားပေးရတယ်လို့း))))

ဟားဟား ပျော်စရာကောင်းတဲ့ အမှတ်တရလေးပါ . . .

ခင်မင်စွာဖြင့်
ှဗညားရှိန်

rose of sharon said...

ဖြစ်ရမယ်သူငယ်ချင်းရယ် :D

လရိပ်အိမ် said...

အမကလဲ ၁ ကျပ်တန်ထုတ်သုံးလိုက်တာ ဟုတ်ဘူး။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger