“ကမ်းစပ်နဲ့ရေလှိုင်း”ဆိုတာ ခွဲမရတဲ့အရာနှစ်ခုလို့လူတွေကပြောကြတယ်..
လှိုင်းပုတ်ခတ်လို့ ကမ်းစပ် ရင်ကွဲရတယ်..ဟဲ့
ကျမကတော့ လှိုင်းလေးတွေကိုသနားနေမိတယ်..
လှိုင်းလေးတွေက ကမ်းစပ်ဆီကို ပြေးလာပေမယ့်
ကမ်းစပ်က လှိုင်းလေးတွေကို လက်မခံပါဘူး..
အဲဒီတော့ လှိုင်းလေးတွေဟာ
ကမ်းစပ်နဲ့ဆန့်ကျင်ဖက် ပင်လယ်ဆီကို ခေါင်းငုံ့ပြီးပြန်သွားကြရတယ်..
ကမ်းစပ်နဲ့လှိုင်း
ဘယ်သူက ရက်စက်သူလဲဆိုတာ..
အဖြေရှာရင် အသည်းမာသူ ကမ်းစပ်ပါပဲ..
တစ်ကယ်တော့ လှိုင်းလေးတွေဟာ သနားစရာကောင်းပါတယ်..
2 comments:
ဝိုးးးးးး မှန်လိုက်လေ မရေ..
မိုးနတ်ဖြင့် အဲလိုတစ်ခါမှ မတွေးဖူးဘူးးးးး
ကဗျာလေးကောင်းတယ် :)
ချစ်တဲ့...မိုးနတ်
ချစ်ရတဲ့နမ်းရေ..
လှိုင်းလေးတွေက တကယ်သနားစရာလေးပါ..
ကမ်းစပ်ကို ဘယ်တော့မှ မလာချင်တော့တဲ့ လှိုင်းလေးပါပဲ..
ချစ်တဲ့
သဒ္ဓါ
Post a Comment